စက်သုံးဆီဈေး ဆက်တိုက်ကျ
Mon, 2019-06-17 12:42 -- 7daynews
ဇွန်-၁၇၊၂၀၁၉ 
ရက်ပိုင်းအတွင်း ပြည်တွင်းက စက်သုံးဆီဆိုင်အများစုမှာ ဒီဇယ်တစ်လီတာကို ၉၂၀ ဝန်းကျင်ရှိနေပြီး ဓာတ်ဆီတစ်လီတာကို ၈၀၀ကျော်အထိ ဆက်တိုက်ကျဆင်းလာတာပါ။ 
ရေနံထုတ်လုပ်တဲ့နိုင်ငံတွေရဲ့ စီးပွားရေးအကြပ်အတည်းကြုံတွေ့ နေမှုကြောင့်လည်း ရေနံထုတ်လုပ်မှုတွေပိုလျှံလာတာကြောင့် အခုလို ဈေးနှုန်းတွေ ကျဆင်းနေရတာဖြစ်တယ်လို့  စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ဦးအောင်စိုးမိုးကပြောပါတယ်။
 ဒါပေမဲ့ရန်ကုန်မြို့ ကဆိုင်တိုင်းအားလုံး ဈေးချရောင်းနေတာ မဟုတ်ဘဲ တစ်ချို့ ဆိုင်တွေက ဈေးတင်ရောင်းချမှုတွေရှိနေဆဲဖြစ်တယ်လို့ ဦးအောင်စိုးမိုးက ပြောခဲ့တာပါ။ 
စက်သုံးဆီအသုံးပြုမှု အများဆုံးဖြစ်တဲ့ ရန်ကုန် မှာ တိုင်းအစိုးရကိုယ်တိုင် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး စက်သုံးဆီဆိုင်ဖွင့်လှစ်ထားတာကလည်း  ဆီဈေးကို  အနည်းငယ်သက်ရောက်မှုတွေရှိတယ်လို့ သိရပါတယ်။ 
သတင်း-မိုးညို
Monday, June 17, 2019