Myanmar Idol ကို ဂီတကိုချစ်တဲ့ အခြေခံလူတန်းစားတွေ ပြိုင်သင့်တယ်ဆိုတဲ့ ဖြိုးမြတ်အောင်

Mon, 2019-06-17 12:29 -- Nwe Mon Phyo

ဇွန် - ၁၃၊၂၀၁၉

Myanmar Idol ယှဉ်ပြိုင်ရင်း လူတစ်ယောက်ရဲ့ဘဝတွေကိုပါ ချက်ခြင်းပြောင်းလဲနိုင်လို့  ဂီတကိုချစ်ပြီး အခွေမထုတ်နိုင်တဲ့၊ ဂီတလောကထဲဝင်ဖို့ အခက်အခဲဖြစ်နေတဲ့ အခြေခံလူတန်းစားတွေအတွက်တော့ အခွင့်အရေးတစ်ခုလို့ ဖြိုးမြတ်အောင်ကပြောပါတယ်။

ကိုယ်တိုင်ယှဉ်ပြိုင်ခဲ့တဲ့အချိန်မှာလည်း စိတ်ဖိစီးမှုတွေ၊ ပျော်ရွှင်မှုတွေ ရှိခဲ့တာကြောင့် ပြိုင်တဲ့သူတွေအကုန်လုံးကို အားပေးသွားမယ်လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။

ဖြိုးမြတ်အောင်က  တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေပြီး ကိုယ်ပိုင်သီချင်းတွေကို ချပြနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

 

Monday, June 17, 2019