SME တွေ ရပ်တည်နိုင်ဖို့ ဘာတွေလိုအပ်သလဲ

Mon, 2019-06-17 10:43 -- 7daynews

ဇွန်-၁၇၊၂၀၁၉ 

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့  နည်းပညာအခက်အခဲနဲ့ ငွေကြေးအခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ သတင်းအချက်အလက်တွေ ရယူနိုင်ဖို့လိုတယ်လို့ SME ဌာန ရန်ကုန်တိုင်းရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူအေး ကပြောပါတယ်။

လက်ရှိတော့ လုပ်ငန်းတွေလိုအပ်တဲ့ သတင်းအချက်အလက်တွေရရှိနိုင်ဖို့အတွက် ဂျာမန်အခြေစိုက် GIZ အဖွဲ့နဲ့ ပူးပေါင်းပြီး SME လမ်းညွှန်စာအုပ်သို့မဟုတ် ၀န်ဆောင်မှုစင်တာတစ်ခုကို ပြုလုပ်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အသေးအစားအလတ်စားလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရရှိဖို့ SME အသင်းအဖွဲ့တွေပူးပေါင်းပါဝင်ဖို့လိုတယ်လို့ ဆိုပါတယ်။

လုပ်ငန်းတွေအတွက်  ဘဏ်ချေးငွေချေးယူရာမှာ လိုအပ်တဲ့ အချက်အလက်တွေ တင်ပြနိုင်ခြင်းမရှိတာကလည်း လုပ်ငန်းတွေ ရပ်တည်ဖို့  အခက်အခဲတစ်ခုတစ်ခုအနေနဲ့ ပါတယ်လို့ Genius ကော်ဖီလုပ်ငန်း တည်ထောင်သူ ဦးငွေထွန်းကပြောပါတယ်။

ဒါပေမယ့် အစိုးရရဲ့ ထောက်ပံ့မှုတွေမှာလည်း အားနည်းချက်တွေရှိနေတာကြောင့် အသေးစားအလတ်စားလုပ်ငန်းတွေအနေနဲ့ လည်း ကိုယ့်လုပ်ငန်းအပေါ် ကြိုးစားဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။

ရုပ်သံသတင်းထောက် - အောင်ကျော်ထွန်း

Monday, June 17, 2019