ဘားအံမြို့ ကမ်းနားလမ်းစီမံကိန်း မှာ အဂတိလိုက်စားမှုမရှိဘူးလို့ကရင်ပြည်နယ်ဝန်ကြီးချုပ်ဆို

Sat, 2019-05-25 15:37 -- Nwe Mon Phyo

မေ - ၂၄ ၊၂၀၁၉

ဘားအံမြို့ ၊ကမ်းနားလမ်း စီမံကိန်းနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု လုံးမဝ မရှိဘူးလို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကပြောလိုက်ပါတယ်။

ဒီစီမံကိန်းမှာ အဂတိလိုက်စားမှု ရှိတယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်တွေ ဆီ တိုင်ကြားမှုတွေရှိတဲ့အပေါ် ဝန်ကြီးချုပ်ကပြောလိုက်တာပါ။

စီမံကိန်းကို စည်းမျည်းစည်းကမ်းနဲ့အညီ လုပ်ဆောင်တာဖြစ်ပြီး အစိုးရအဖွဲ့ဟာ အဂတိကင်းခဲ့တယ်လို့ပြောပါတယ်။

ဒီလို စွပ်စွဲ တိုင်တန်းမှုတွေဟာ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေ အတွက် လည်းနစ်နာမှုရှိတယ်လို့ဆိုပါတယ်။

ဘားအံ မြို့ ကမ်းနားလမ်းစီမံကိန်း ကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး စီမံကိန်းထဲမှာတော့ ဟိုတယ် ၊ စားသောက်ဆိုင် ၊ ပန်းခြံ ၊ အားကစားကွင်း ၊ ညဈေးတန်း
၊ ခန်းမ အပန်းဖြေတဲ့နေရာတွေပါဝင်တယ်လို့ သိရပါတယ်။

ဒီစီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက လုပ်ကိုင်နေတာဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုငွေပမာဏကတော့ ကျပ်သန်း ကိုးထောင် ကျော်ရှိတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

Saturday, May 25, 2019