Marry Wedding Fair 2019 ပွဲကြို သတင်စာရှင်းလင်းပွဲ

Sat, 2019-05-25 15:03 -- Nwe Mon Phyo

မေ - ၂၄ ၊၂၀၁၉

မင်္ဂလာဆောင်မယ့် မောင်မယ်တွေအတွက် ရည်ရွယ်ကျင်းပမယ့် Marry Wedding Fair 2019 အတွက် အကြို သတင်းစာရှင်းလင်းပွဲကို မေလ ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

ရိုးမြေကျ မင်းနဲ့အတူ လို့ နာမည်ပေးထားတဲ့ Marry Wedding Fair 2019 ကို လာမယ့်ဇွန်လ ၈ ရက်နဲ့ ၉ ရက်တွေမှာ ရန်ကုန်က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပမှာဖြစ်ပါတယ်။

Marry Wedding Fair 2019 ဟာ တခြားသော Wedding Fair တွေနဲ့မတူကွဲပြားနေမှာကတော့ Retro ဆန်တဲ့အငွေ့အသက်တွေကို ခံစားရမှာပါ။

ဒီ ပွဲမှာ မင်္ဂလာဆောင်ခါနီး သတို့သားလောင်း ၊ သတို့သမီးလောင်းတွေအနေနဲ့ မင်္ဂလာပွဲ အစီအစဉ်တွေကို လေ့လာ နိုင်မှာဖြစ်ပါတယ်။

ဒါအပြင် ဆိုင်ခန်းပေါင်း ခြောက်ဆယ်ကျော် ရဲ့ ပရိုမိုးရှင်းအစီအစဉ်တွေ ၊ ခြောက်ဆယ်ရာခိုင်နှုန်း အထက် ပေးထားမယ့် Discount တွေ ပါဝင်မယ့် အစီအစဉ်တွေကို ခင်းကျင်းပြသမှာပါ။

ဒီပွဲကိုတော့ Diamond Sponsor အဖြစ် Forever Gems By ရွှေနန်းတော်က ကူညီပံပိုးပေးပါတယ်။

Marry Wedding Fair 2019 ဆိုရင် ၁၉၈၀ ခုနှစ်ကနေ အခုထိ သစ်လွင်ခမ်းနားနေဆဲဖြစ်တဲ့ မင်္ဂလာဝတ်စုံဒီဇိုင် ဖန်တီးပြသမှုဖြစ်တဲ့ Wedding Evolution Fashion show မှာဆို နာမည်ကြီး ဒီဇိုင်နာ တွေဖြစ်တဲ့ မမြင့်ဇူ ( zu zu collection )၊ဒီဇိုင်နာ ပြည်စိုးအောင်၊မပုံ့ ( My favouriate )၊ဒီဇိုင်နာ သွင်စုထွေး တို့ရဲ့ မင်္ဂလာဝတ်စုံဒီဇိုင်းတွေ အပြင် Ma Cho & Ma Khine၊ Ma Htet ( pop soul ) တို့ရဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သပေးမှုအစီအစဉ်တို့လည်းပါဝင်တယ်လို့သိရပါတယ်။

Marry Wedding Fair 2019 ကို တက်ရောက်လာတဲ့ စုံတွဲတွေအနေနဲ့ မင်္ဂလာဝတ်စုံတွေကို အခမဲ့ ဝတ်ဆင်ပြီး Prewedding ပုံတွေ ရိုက်ကူခွင့်ရရှိမယ်လို့လည်းသိရပါတယ်။

Saturday, May 25, 2019

Top News