ဦးကိုနီ အမှု နှစ်နှစ်ကျော်အကြာမှာ အမိန့်ချပြီ

Sat, 2019-02-16 16:02 -- Nwe Mon Phyo

ဖေဖော်ဝါရီ - ၁၅ ၊၂၀၁၉

ဦးကိုနီ လုပ်ကြံခံရမှုမှာ သေနတ်သမားကြည်လင်းကို တရားရုံးက ဒီကနေ့ သေဒဏ် အမိန့်ချ လိုက်ပါပြီ။

အမှုမှာ ကြည်လင်းနဲ့အမှုတွဲတွေဖြစ်တဲ့အောင်ဝင်းဇော်ကို သေဒဏ် ၊ ဇေယျာဖြိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ အောင်ဝင်ထွန်းကို ထောင်ဒဏ် သုံးနှစ် အသီးသီးချ မှတ်ခဲ့ပါတယ်။

ကြည်လင်းကိုတော့ ဦးကိုနီကို သေနတ်နဲ့ပစ်ပြီးထွက်ပြေးချိန်မှာ လိုက်လံဖမ်းဆီးခဲ့တဲ့ တက္ကစီမောင်းသမား ကိုနေဝင်း ကျည်မှန်ပြီးသေဆုံးမှုအတွက် ထောင်ဒဏ် နှစ် နှစ်ဆယ်ပါ ထပ်မံချမှတ်ခဲ့တာပါ။

ဒီအမှုမှာဟာ ပြီးခဲ့တဲ့ နှစ် ၂၀၁၇ ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်နှစ်ကျော်ကြာ မြင့်လာပြီး ရုံးချိန်းပေါင်း တစ်ရာကျော် စစ်ဆေးပြီးတဲ့နောက်မှာ ဒီကနေ့ အပြီးသတ်အမိန့်ချလိုက်တာပါ။

တရားခံတွေရဲ့ရှေ့နေကတော့ အယူခံ တက် မတက်ကိုတော့ သူရဲ့အမှုသည်တွေကို တိုင်ပင်မယ်လို့ ဆိုပါတယ်။

လက်ရှိ အာဏာရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ဥပဒေအကြံပေး ဦးကိုနီဟာ ပြည်ပကနေ ပြန်အလာ ရန်ကုန်လေဆိပ်အနီးမှာ ဦးခေါင်းကို အနီးကပ် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။

ဦးကိုနီလုပ်ကြံခံရမှုမှာ အဓိက ကျတဲ့ ကွင်းဆက်တရားခံလို့ ယူဆနေရတဲ့ အောင်ဝင်းခိုင်ကတော့ အခုထက်ထိလွတ်မြောက်နေဆဲပါ။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Saturday, February 16, 2019