မြို့သစ်စီမံကိန်းအတွက်မြေသိမ်းရာမှာ နှစ်ဆယ်ရာခိုင်နှုန်းကိုမြို့မြေအဖြစ်ပိုင်ရှင်ကို ပြန်ပေးမယ်

Sat, 2019-02-16 14:33 -- Nwe Mon Phyo

ဖေဖော်ဝါရီ - ၁၅ ၊၂၀၁၉

ရန်ကုန်မြို့သစ် စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် မြေယာတွေကို သိမ်းဆည်းတဲ့နေရာမှာ နှစ်ဆယ်ရာခိုင်နှုန်းကို မြေရှင်ထံ မြို့မြေအဖြစ် ပြန်ပေးမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဖို့ အပြီးသတ် Master Plan ဆွေးနွေးတင်ပြခြင်းအခမ်းအနားမှာ ပြောခဲ့တာပါ။

ရန်ကုန်မြို့သစ် စီမံကိန်းအကောင်အထည်ဖော်ဖို့ မြေလျော်ကြေးတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရနဲ့ အသေးစိပ်ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒီလိုဆွေးနွေးပြီး မြေလျော်ကြေးကို အစိုးရ ရှစ်ဆယ်ရာခိုင်နှုန်းနဲ့ မြေရှင် နှစ်ဆယ်ရာခိုင်နှုန်း ဆုံးဖြတ်ခဲ့ပြီး လက်ရှိမှာတော့ မြေသိမ်းမှု ၉၈ ရာခိုင်နှုန်းပြီးစီးသွားပြီလို့ သိရပါတယ်။

စီမံကိန်းအတွက် မြေသိမ်းမှုနဲ့ ပတ်သက်ပြီး မူလမြေပိုင်ရှင်တွေရဲ့ အမှန်တကယ် သဘောတူညီမှုရရှိဖို့ တိုင်းအစိုးရအတွက် လိုအပ်တယ်လို့ ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

မြေယာပေးလျော်မှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရ ဒါမှမဟုတ် တိုင်းဒေသကြီးအစိုးရသို့ တင်ပြပါကလည်း ဥပဒေအရ ကာလပေါက်ဈေးအတိုင်းပေးလျော်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင် တစ်ဖက်ကမ်း ရှိ မြေဧကပေါင်း ၂၁၇၁၆ ဧက ပေါ်မှာ အကောင်အထည်ဖော် တည်ဆောက်သွားမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အောင်ကျော်ထွန်း

 

Saturday, February 16, 2019