အခြေခံဥပဒေကို လွယ်လွယ်နဲ့ မပြင်ဖို့လိုတယ်လို့ သမ္မတဟောင်းဦးသိန်းစိန်ပြော

Sat, 2019-02-16 14:32 -- Nwe Mon Phyo

ဖေဖော်ဝါရီ-၁၅၊ ၂၀၁၉

အခြေခံဥပဒေ ဟာ လွယ်လွယ်ကူကူဖြစ်လာတာမဟုတ်တဲ့အတွက်ကြောင့် လွယ်လွယ်နဲ့တော့ မပြင်ဖို့လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်က ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ မန္တလေးမြို့ မှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို ရှင်းပြစဉ်မှာ ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ဖို့အတွက် ၁၉၉၂ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ အချိန်ယူပြီး အစုအဖွဲ့ရှစ်ဖွဲ့နဲ့ ရေးဆွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့  ပြည်ခိုင်ဖြိုးပါတီကနေ ပြည်ထောင်စုလွှတ်တော်နယကထံကို ပုဒ်မ ၂၆၁ ကို ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းကို ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးပြီးတင်ထားတယ်လို့ သိရပါတယ်။

လက်ရှိ အခြေခံဥပဒေဟာ တိုင်းရင်းသားတွေ အားလုံးတောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ကိုတည်ဆောက်ချင်ရင် မဖြစ်မနေ မြန်မြန်ဆန်ဆန် ပြင်ရမှာ ဖြစ်တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက တောင်းဆိုထားကြပါတယ်။

ဒါအပြင် အခြေခံဥပဒေပြင်ဆင်ဖို့ လွှတ်တော်မှာ ပြင်ဆင်ရေးကော်မတီတစ်ရပ်ဖွဲ့ ဖို့အတွက် ဆွေးနွေးနေတဲ့အချိန်လည်းဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် -မောင်သင်တုန်း

Saturday, February 16, 2019

Top News