Tourism

  • Wed 20 Mar 2019 - 10:42
    ၂၀၁၉ နှစ်ဦးပိုင်းသည် ခရီး သွားကဏ္ဍ၏အရှေ့မျှော် မူဝါဒကို ပိုမို အသက်ဝင်စေသည့် ကာလများဖြစ်လာပြီး အထူးသဖြင့် ဗီဇာဖြေလျှော့ပေးထားသည့်နိုင်ငံများ ထဲမှ တရုတ်နိုင်ငံသားများဝင်ရောက်မှုသည် ယခင်ကထက်သိသာစွာ မြင့်တက်လာကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းရှင်များက ဆိုသည်။ တရုတ်နိုင်ငံအခြေစိုက်ခရီး သွားဝက်ဘ်ဆိုက်တစ်ခုဖြစ်သော ယူနန် Gateway တွင် ဖော်ပြချက် အရ ၂၀၁၉ ဇန်န၀ါရီ ၃၁ ရက်က စတင်၍ မန်စီမြို့နှင့် မန္တလေးမြို့ ကို ခရီးစဉ်ပြေးဆွဲနေသည့် Ruilli လေကြောင်းလိုင်းသည် ဖေ ဖော်ဝါရီ ၂၈ ရက်အထိ တစ်လအတွင်း ခရီးသည် ၃,၃၂၃ ဦး ပို့ဆောင်ပေးနိုင်ကြောင်း ထုတ်ပြန်ထားသည်။
  • Tue 12 Mar 2019 - 16:29
    တနင်္သာရီတိုင်းဒေသကြီး ကျွန်းစု မြို့နယ်ရှိ ဒီရေတော ဧကတစ် သောင်းကျော်ကို ကြိုးဝိုင်းကြိုး ပြင်ကာကွယ်တောဖွဲ့စည်းမည် ဟု ရေဝေရေလဲအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒေါက်တာတိုးအောင်က ပြောသည်။
  • Tue 12 Mar 2019 - 16:27
    တက္ကသိုလ်ဝင်စာမေးပွဲသည် မတ်လ ၁၅ ရက်တွင် ပြီးဆုံးမည် ဖြစ်ရာ စာမေးပွဲဖြေဆိုပြီးချိန်၌ အပန်းဖြေခရီးထွက်မည့်သူများ အတွက် ရွေးချယ်စရာခရီးစဉ်များ စွာရှိနေသည်။ မိသားစုနှင့်အတူ ခရီးသွားကြမည့် ကျောင်းသား၊ကျောင်းသူများ၊ စွန့်စားသွားလာ ခြင်းကို နှစ်သက်သည့် ကျောင်း သား၊ ကျောင်းသူများအတွက် ပုံမှန်သွားနေကျ ခရီးစဉ်များနှင့် မတူဘဲ လူသိနည်းပြီး စိတ်ဝင်စား ဖွယ်ကောင်းသော ခရီးစဉ်နေရာ လေးခုကို ရွေးချယ်ဖော်ပြလိုက်ပါ သည်။
  • Wed 06 Mar 2019 - 10:39
    ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဟို တယ်များတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ၏ ဧည့် စာရင်းများကို အွန်လိုင်းပေါ်က ပေးပို့နိုင်သည့် Guest Mana-gement System ကို မတ်လပထမပတ်က စတင်ကျင့်သုံးနေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောကြားသည်။  
  • Wed 06 Mar 2019 - 10:39
    မန္တလေးမြို့အနီးရှိ ရေတံခွန် တောင်ဝန်းကျင်တွင် နိုင်ငံခြား သားခရီးသွားများအတွက် ခရီးစဉ်သစ်ဖော်ဆောင်ရန် စီစဉ်နေ ကြောင်း ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ရုံးခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြော ကြားသည်။  
  • Wed 06 Mar 2019 - 10:37
    နိုင်ငံခြားသားခရီးသွားများ လိုက် နာရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များပါဝင်သော လက်စွဲစာ အုပ်ကို တရုတ်ဘာသာဖြင့် ပုံနှိပ် ဖြန့်ဝေမည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်က ပြောသည်။  
  • Wed 27 Feb 2019 - 10:34
    မတ်လတွင် ကျင်းပမည့် ဘာလင်အပြည်ပြည်ဆိုင်ရာ ခရီးသွားပွဲ တော်၌ မြန်မာနိုင်ငံ အနောက် ဘက် ခရီးစဉ်ဒေသ မြောက်ဦးကို အဓိကခရီးစဉ်နေရာတွင် ထည့် သွင်းရောင်းချရန် ခက်ခဲသွား ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးကျော်မင်းထင်က ပြောကြားသည်။
  • Wed 20 Feb 2019 - 10:23
    တရုတ်ဘာသာ စကားဖြင့် အော်ဟစ်နေသည့် လူငါးဦးခန့်နှင့် ကြိုးတားထားသော စည်းအတွင်းမှ လူအချို့ စကားများရန်ဖြစ်ခဲ့သည့် ဗီဒီယိုဖိုင်သည် ဇန်န၀ါရီလကုန်ပိုင်း၌ လူမှုကွန်ရက်ပေါ် တွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် မန္တ လေးမြို့ အမရပူရမြို့နယ်အတွင်း တည်ရှိသည့် မဟာဂန္ဓာရုံ ကျောင်းတိုက်အတွင်း ဖြစ်ပွားခဲ့ပြီး တရုတ်ခရီးသွားများ ဆူပူစကားများမှု ကြောင့် ခရီးသွားလုပ်ငန်းရှင်၊ ဧည့်လမ်းညွှန်နှင့် ပြည်သူများအကြား ဝေဖန်မှုများထွက်ပေါ်လာသည်။ 
  • Tue 19 Feb 2019 - 15:06
    တရုတ်ဘာသာ စကားဖြင့် အော်ဟစ်နေသည့် လူငါးဦးခန့်နှင့် ကြိုးတားထားသော စည်းအတွင်းမှ လူအချို့ စကားများရန်ဖြစ်ခဲ့သည့် ဗီဒီယိုဖိုင်သည် ဇန်န၀ါရီလကုန်ပိုင်း၌ လူမှုကွန်ရက်ပေါ် တွင် ပျံ့နှံ့ခဲ့သည်။
  • Wed 13 Feb 2019 - 14:22
    မန္တလေးတိုင်းခရီးသွား လုပ်ငန်းဈေးကွက်မြှင့်တင်ရန်နှင့် မြန်မာ့ရိုးရာအစားအစာများကို ပိုမိုသိရှိစေရန် မြန်မာနိုင်ငံခရီး သွားပြခန်းများနှင့် အစားအ သောက်ပြပွဲကို လေးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံစားသောက်ဆိုင် လုပ်ငန်း ရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးသင်္ကြန်ကျော်ကပြော သည်။
  • Wed 13 Feb 2019 - 14:21
    ပုဂံရှိ ရှေးဟောင်းသုတေသနပြ တိုက်သမိုင်းကြောင်းများကို QR ကုတ်ဖြင့် Scan ဖတ်ကြည့်ရှုနိုင် စေရန် ဖေဖော်ဝါရီဒုတိယအပတ် တွင်  စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုညွှန်ကြားရေး မှူး ဦးညီမွန်းက ပြောသည်။
  • Wed 13 Feb 2019 - 14:18
    ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့ အနီးတစ်ဝိုက်ရှိ ထုံးကျောက်ဂူ လိုဏ်ဂူများကို သဘာဝအတိုင်း ထိန်းသိမ်းကာ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်များအဖွဲ့ (FFI)က ပြည်တွင်းခရီးသွားလုပ် ငန်းရှင်များ၊ ဒေသခံများနှင့် ဖေဖော်ဝါရီ ၆ ရက်တွင် ရွာငံမြို့ ၌ ဆွေးနွေးခဲ့သည်။
  • Tue 05 Feb 2019 - 16:55
    စစ်ကိုင်းတိုင်းရှိ ခရီးသွား ဒေသတစ်ခုဖြစ်သည့် ဇလုံ တောင်အပါအ၀င်ကသာနှင့် ဗန်း မောက်မြို့ကို နိုင်ငံခြားသားဝင် ရောက်လည်ပတ်ခွင့်ပြုပေးရန် တိုင်းဒေသကြီးအစိုးရက ပြည် ထောင်စုအစိုးရထံတောင်းဆိုခဲ့ သည်။ 
  • Tue 05 Feb 2019 - 16:52
    မန္တလေးတိုင်းဒေသကြီး အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် အ တွင်း၌ တရုတ်ခရီးသွားများအ ချင်းချင်းပြဿနာဖြစ်ပွားခဲ့ပြီး နောက် ကျောင်းတိုက်အတွင်း လာရောက်လေ့လာသည့် နိုင်ငံ ခြားသားများ လိုက်နာရမည့် အ ချက်ရှစ်ချက်ကို ကျောင်းတိုက် ဆရာတော်ကြီး၏ ဩ၀ါဒအတိုင်း မြန်မာနိုင်ငံဧည့်လမ်းညွှန်များအ သင်းက ထုတ်ပြန်ခဲ့သည်။
  • Tue 05 Feb 2019 - 16:49
    မန္တလေးတိုင်းရှိ ရှေးဟောင်းယဉ် ကျေးမှု အမွေအနှစ်နေရာ ၁၅ ခု သို့ ၂၀၁၈ တွင် နိုင်ငံခြားသားခရီး သွားဧည့်သည် ငါးသိန်းခန့် ဝင် ရောက်ခဲ့ပြီး ၂၀၁၇ ထက် နှစ်ဆ ခန့် မြင့်တက်ခဲ့ကြောင်း ကမ္ဘာ လှည့် ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့ (မန္တလေး)မှ ဒုရဲမှူး လှမြင့်က ပြောသည်။ ကမ္ဘာလှည့်ခရီးသွား လုံခြုံ ရေး ရဲတပ်ဖွဲ့ (မန္တလေး)က မန္တ လေးတိုင်းရှိ မန္တလေးတောင်၊ ကုသိုလ်တော်ဘုရား၊ ရွှေကျောင်း ကြီး၊ မြနန်းစံကျော် ရွှေနန်းတော်၊ မဟာမုနိဘုရားကြီး၊ မရမ်းခြံဆိပ် ကမ်း၊ ယဉ်ကျေးမှုပြတိုက်၊ ဗား ကရာကျောင်းတိုက်၊ အင်းဝရှေး ဟောင်း သုတေသန ပြတိုက်၊ အင်းဝစက်လှေဆိပ်၊ မယ်နုအုတ် ကျောင်း၊ ဦးပိန်တံတား၊ ပြင်ဦး လွင်မြို့မဈေး၊ အမျိုးသားကန် တော်ကြီးဥယျာဉ်နှင့် ရွှေကြက်ယက်ဘုရားတို့တွင် လုံခြုံရေး တာဝန်ယူထားသည်။
  • Wed 30 Jan 2019 - 10:28
    တရုတ်လေကြောင်းလိုင်း Ruili သည် မန်စီ-မန္တလေးစင်းလုံးငှား လေယာဉ်ခရီးစဉ်များကို ဇန်နဝါရီ ၃၁ ရက်ကစ၍ ပြေးဆွဲမည်ဖြစ် ကြောင်း မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်စီမံခန့်ခွဲရေး ဝန်ဆောင်မှုကုမ္ပဏီ MC JALUX Airport Services အုပ်ချုပ်ရေး မှူး ဦးကျော်ဆန်းက ပြောသည်။ 
  • Wed 30 Jan 2019 - 10:26
    မြန်မာနိုင်ငံ၏ခရီးသွား လုပ်ငန်းအခြေအနေသည် တိုးတက်လာပြီး ၂၀၁၉ အတွင်းနိုင်ငံခြားသားခရီးသွားဧည့်သည် ၄ ဒသမ ၅ သန်းခန့် ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။ 
  • Wed 30 Jan 2019 - 10:24
    မြန်မာနိုင်ငံသည် ၂၀၁၉ တွင် အန္တရာယ်အများဆုံး ငါးနိုင်ငံအ တွင်း ပါဝင်နေကြောင်း ရေးသား ဖော်ပြမှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ လက်တွေ့လာရောက် လေ့လာပြီးမှသာ ရေးသားရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန၊ နိုင်ငံတကာနှင့် ဒေသ တွင်း ပူးပေါင်းဆောင်ရွက်ရေး ဌာန ညွှန်ကြားရေးမှူး ဦးလှမြင့် က တုံ့ပြန်ပြောကြားခဲ့သည်။
  • Tue 22 Jan 2019 - 15:53
    မန္တလေးတိုင်းအတွင်းရှိ ခရီးစဉ် ဒေသများကို ဒစ်ဂျစ်တယ်စနစ် ဖြင့် ဈေးကွက်မြှင့်တင်ရန် ဂျာမနီ အခြေစိုက် SES အဖွဲ့ထံမှ လိုအပ်သည့် နည်းပညာအကူအညီများ ရယူဆောင်ရွက်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန အထက်မြန်မာပြည်ရုံးခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
  • Tue 22 Jan 2019 - 15:52
    ငွေဆောင်ကမ်းခြေသို့ ၂၀၁၈ အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွား တစ်သိန်းရှစ်သောင်းခန့် လာရောက်ပြီး ယမန်နှစ်ကထက် ငါးသောင်းခန့် ပိုမိုဝင်ရောက်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ငွေဆောင်) ရုံးခွဲ ဦးစီး အရာရှိ ဦးစိုးဝင်းက ပြောသည်။

Pages

Subscribe to Tourism