■ အားကစား သတင်းတိုများ

. ချယ်လ်ဆီးနည်းပြဖြစ်လာမည်ဟု သတင်းထွက်နေသော အင်္ဂလန်ကွင်းလယ်လူဟောင်း ဖရန့်လမ်းပတ်က လက်ရှိကိုင်တွယ်နေသော ဒါဘီကောင်တီအသင်းနှင့် စာချုပ်သက်တမ်း တိုးရေးဆွေးနွေးနေကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။


. ဘောလုံးလေ့လာရေးအဖွဲ့ CIES က ထုတ်ပြန်သောတန်ဖိုးအများဆုံးကစားသမား ၁၀၀ စာရင်းတွင် ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဘီက ဦးဆောင်ပြီး ၎င်းနောက်တွင် လီဗာပူးမှဆာလက်၊ မန်စီးတီးမှစတာလင်၊ မက်ဆီ၊ ဆန်ချို၊ မာနေးစသည်ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။

. ရီးရဲလ်မှထွက်ခွာလိုကြောင်း ပြောကြားထားသောကော်စတာရီကာဂိုးသမားကေလာနာဗက်စ်သည် အသေအချာကမ်းလှမ်းမှုတစ်ခုမျှ မရှိသေးသောကြောင့် နွေရာသီတွင် အသင်း ပြောင်းရွှေ့နိုင်ခြေမရှိဖြစ်နေသည်။

. ဂျူဗင်တပ်အတွက် အောင်မြင်မှုများဆောင်ကြဉ်းပြီးနောက် လမ်းခွဲခဲ့သည့်နည်းပြအယ်လီဂရီက ဂျူဗင်တပ်မှထွက်ခွာပြီးနောက်ပိုင်း ၎င်းကိုကမ်းလှမ်းမှုမရှိသေးကြောင်း ထုတ် ဖော်ပြောကြားသည်။

. ရီးရဲလ်က ငွေအမြောက်အမြားသုံးကာ ကစားသမားသစ်များခေါ်ယူခြင်းနှင့်အတူ ၎င်းတို့၏ပထမတန်းကစားသမား ၃၇ ဦးအထိရှိလာပြီဖြစ်၍ အများဆုံးကစားသမား ၂၅ ဦးထားရှိ ရေး သတ်မှတ်ချက်အတိုင်း ကစားသမားအချို့ထုတ်ရောင်းရန်လိုအပ်သည်။

. ရီးရဲလ်နှင့် ဂျူဗင်တပ်က ခေါ်ယူရန်ပြင်ဆင်နေသည်ဟု သတင်းထွက်နေသော လီဗာပူးတိုက်စစ်မှူးဆာလက်က ပေါင်သန်း ၁၅၀ ဖြင့် ကမ်းလှမ်းမှုကို ပယ်ချထားကြောင်း သတင်း များထွက်ပေါ်နေသည်။