ဦးဝီရသူ၏ ဆောင်ရွက်မှုအစွန်းရောက်ဟု လန်ဒန်ဆရာတော်မိန့်ကြား

မဟာသန္တိသုခကျောင်းတော်ကြီး အရေးတော်ပုံ ၅ နှစ်ပြည့် အခမ်းအနားအဖြစ် လန်ဒန်ဆရာတော် (အလယ်) ဦးဆောင်ကာ ဇွန်လ ၁၅ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ − ၀ဏ္ဏအောင်)

အမျိုးသားရေးကိစ္စ သည် သီးသန့်ဆောင်ရွက်၍ ရနိုင် ပြီး ဦးဝီရသူ၏ဆောင်ရွက်မှုသည် အစွန်းရောက်မှုဖြစ်ကြောင်း လန် ဒန်ဆရာတော်ဦးဥတ္တရက မိန့် ကြားသည်။

မဟာသန္တိသုခ ကျောင်း တိုက်အရေးတော်ပုံ (၅) နှစ်ပြည့် အခမ်းအနား သတင်းစာရှင်း လင်းပွဲကို ဇွန်လ ၁၅ ရက်တွင် တာမွေမြို့နယ် ဓမ္မပါလလမ်းရှိ သာသနာ့ဇေယျမင်္ဂလာပရိယတ္တိ စာသင်တိုက်၌ ပြုလုပ်ရာ လန်ဒန်ဆရာတော်က သတင်း ထောက်များအား ယင်းသို့မိန့်ကြားခဲ့သည်။

‘‘လူတိုင်း လူတိုင်းဟာ အမျိုးချစ်ကြပါတယ်။ တို့လည်း အမျိုးချစ်တာပဲ။ ဘာသာရေး လည်း ထိုနည်းလည်းကောင်းပဲ။ တို့လည်း ဘာသာရေးသမားတွေ ဆိုတော့ အစွန်းမရောက်ဖို့တော့ အရေးကြီးတယ်။ သူ(ဦးဝီရသူ)ဟာအစွန်းရောက်တယ်’’ ဟု ဆရာတော် ဦးဥတ္တရက မိန့်သည်။

ဦးဝီရသူသည် အမျိုးသား ရေးလုပ်ဆောင်ရင်း အစွန်း ရောက်သွားခြင်းဖြစ်ကြောင်းနှင့် ဦးဝီရသူ၏လုပ်ရပ်များကို မ ထောက်ခံကြောင်း လန်ဒန်ဆရာ တော်က ဆက်လက်မိန့်ကြား သည်။

‘‘အထူးသဖြင့်တော့ နိုင်ငံ တော်ရဲ့အတိုင်ပင်ခံဖြစ်တဲ့ ဒေါ် အောင်ဆန်းစုကြည်ကို ဝေဖန် တာ၊ ပုတ်ခတ်တာတွေဟာ မှန်မှန်ကန်ကန်နဲ့ ဝေဖန်ပုတ် ခတ်ရင်တော့မဆိုးဘူး။ ဒါပေမဲ့ဒါ တွေဟာအရပ်ထဲက လူတွေ တောင်မပြောဝံ့တဲ့ စကားတွေကို ပြောတယ်၊ ပုတ်ခတ်တယ်ဆိုတာ လူတစ်ဖက်သား သိက္ခာကျ အောင်ပြောတဲ့ အပြောဖြစ်တဲ့အ တွက်ကြောင့်တို့က လက်မခံဘူး’’ ဟု ဆရာတော်ဦးဥတ္တရကမိန့် ကြားသည်။

တစ်ဖက်တွင် ဖမ်းဝရမ်း ထုတ်ခံထားရသည့် ဦးဝီရသူသည် အဖမ်းခံရခြင်းမရှိသေးဘဲ အွန် လိုင်းမှ ဗီဒီယိုဖိုင်များတစ်ခုပြီး တစ်ခုတင်ကာ သူတစ်ပါးကို ပုတ်ခတ်ပြောဆိုနေမှုများ လုပ် ဆောင်နေခြင်းသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ နားရွက်ကိုတံတွေး စွတ်နေခြင်းဖြစ်နေသည်ဟု နိုင်ငံ ရေးအကျဉ်းသားဟောင်းများ အဖွဲ့ (FPPS) ဦးဆောင်ကော်မတီ ဝင်ဦးတင်မောင်ဦးကပြောသည်။

ဦးဝီရသူကို ယခုနှစ် မေလ ၂၈ ရက်က ဖမ်းဝရမ်းထုတ်ထား သော်လည်း ယနေ့အချိန်ထိဖမ်း ဆီးခံရခြင်း မရှိသေးဘဲ ဆိုရှယ်မီဒီ ယာတစ်ခုဖြစ်သည့် VKမှတစ်ဆင့် ပြောဆိုထားသည့် ဗီဒီယိုဖိုင် များကို မေလ ၁၄ရက်အထိ ငါးကြိမ်ခန့်ထုတ်လွှင့်ခဲ့သည်။

ထုတ်လွှင့်ခဲ့သည့် ဗီဒီ ယိုဖိုင်များတွင် သာသနာရေး ဝန်ကြီး သူရဦးအောင်ကို ရာထူးမှ နုတ်ထွက်ပေးရန်နှင့် မဟနဒု ဥက္ကဋ္ဌကို စိန်ခေါ်သည့်အကြောင်း များ ပါဝင်သည့်အပြင် ဝေဖန်ရင် သေဒဏ်ဆိုသည့်စကားဖြင့် ဒီ ချုပ်ပါတီကို လှောင်ပြောင်ထား သည်တို့ပါဝင်သည်။

‘‘ဒီကိစ္စက ပြောလို့ရှိရင် နားရွက်ကို တံတွေးစွတ်နေတာ။ ဒါကရဲတပ်ဖွဲ့ဆိုတာ ဘာလဲ ဆိုတာကို မေးခွန်းထုတ်ရမလိုဖြစ် နေတယ်။ ရဲတပ်ဖွဲက သူတို့ ဖမ်းချင်တဲ့သူကို ဖမ်းမိပြီးတော့ ဒီကိစ္စတော့ ဘာလို့မလုပ်နိုင် တာလဲဆိုတာ။ ဒါထက်တစ် ဆင့်ထပ်ပြောရမယ်ဆိုရင်သမ္မတ က အုပ်ချုပ်မှုအာဏာကို အပြည့် အဝပိုင်တယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ မေးခွန်းပေါ်ပေါက်နေတယ်’’ ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦးက ပြောသည်။

ဦးဝီရသူကို လတ်တလော ဖမ်းဆီးရမိခြင်း မရှိသေးသဖြင့် မျက်ကွယ်တွင် အမှုဆက်လက် စစ်ဆေးရန် အနောက်ပိုင်းခရိုင် တရားရုံးက ဇွန်လ ၁၁ ရက်၌ အမိန့်ချထားသည်။

ထို့ကြောင့် ဇွန်လ ၁၈ ရက် တွင် တရားလိုကို စတင်စစ်ဆေး မည်ဖြစ်သည်။ နိုင်ငံတော်အ ကြည်ညိုပျက်စမှု ပုဒ်မ ၁၂၄-(က) ဖြင့်တိုင်တန်းခံထားရသည့် ဦးဝီရသူကို ရာဇဝတ်အထွေထွေ အမှုဖြင့် ဇွန်လ ၄ ရက်တွင် ပြောင်းလဲအမှုဖွင့်ထားသည်။

‘‘ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လိုအပ်လို့ရှိရင် သမ္မတကပြည် ထဲရေးကို သေသေချာချာဖိဖိစီး စီးဆောင်ရွက်သင့်တယ်။ တ ကယ်လို့အဲဒီလို ဖိဖိစီးစီးပြောပါ ရက် လုပ်ကိုင်ဆောင်ရွက်ဖို့ ခက်နေရင် လွှတ်တော်အကူအညီ ရယူပြီးတော့ ဝန်ကြီးဌာနကို စွပ်စွဲပြစ်တင်တဲ့ ကိစ္စမျိုးတွေ လုပ်သင့်ရင်လည်း လုပ်ရမယ်ဆိုတဲ့အခြေအနေရောက်နေပြီ’’ ဟု နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့ (FPPS) ဦးဆောင် ကော်မတီဝင် ဦးတင်မောင်ဦးက ပြောသည်။

ဦးဝီရသူအနေဖြင့် အဖမ်းမ ခံဘဲ အွန်လိုင်းတွင်ဗီဒီယိုဖိုင်များ တင်နေခြင်းက အမှုရင်ဆိုင် ရာတွင် အထောက်အထားကူး ယူကာတရားလိုဘက် သက်သေခံ တင်သွင်းနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောသည်။

‘‘သက်သေခံပြီးထွက်လို့ ရှိရင် သူကတရားခံပြေးနေတယ်၊ တမင်သက်သက်တိမ်းရှောင်နေ တယ်ဆိုတာ ပိုပေါ်လွင်တာပေါ့။ နောက် တစ်ချက်က သူ့ကတရား ရုံးမှာ လာမရင်ဆိုင်တော့ တစ် ဖက်သတ်စစ်ပြီးတော့ အပြစ်ပေး တော့မယ်။ သူ့ပြစ်ဒဏ်ကတစ် သတ်တစ်ကျွန်း အထိကျခံရမှာ။ သူကလာပြီး ရင်ဆိုင်မယ်ဆိုရင် အမှုက ခုခံချေပခွင့်တွေနဲ့သက် သာခွင့်ရမှာပေါ့’’ ဟု ဦးကြီးမြင့် ကပြောသည်။

သမ္မတအနေဖြင့် ရင်ကြား စေ့ရေးနှင့်သဟဇာတ ရောထွေးနေပြီး မလုပ်နိုင်၊ မကိုင်နိုင်ဖြစ်နေခြင်းသာဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောသည်။

ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးရဲနိုင်အောင် ကလည်း ‘‘ဗုဒ္ဓဘာသာရဲ့ အနှစ် သာရဖြစ် တဲ့မေတ္တာတရားကို ဆန့်ကျင်ပြီး ဟောပြောတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ငြိမ်း ချမ်းရေး၊ အောင်မြင်ရေး၊ ဖွံ့ဖြိုးရေးနဲ့ လောကပါလတရား တွေကို ဆန့်ကျင်ပြီးတော့ဟော ကြားတဲ့ ဦးဝီရသူလို ပုဂ္ဂိုလ်မျိုးကို သက်ဆိုင်ရာအာဏာပိုင်နဲ့ တာ ဝန်ရှိတဲ့သူတွေက မြန်မြန်အရေး ယူမဖမ်းဆီးနိုင်ဘူးဆိုရင် ဒီအဖွဲ့ အစည်းတွေအတွက် မျက်နာပျက် စရာဖြစ်တာပေါ့’’ ဟု ပြောသည်။