ပုဂံဒေသတွင် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး ချက်နိုင်ငံ ကူညီမည်

ချက်သမ္မတနိုင်ငံ သံအမတ်က ပုဂံတွင် လာရောက်ဆွေးနွေးနေစဉ် (ဓာတ်ပုံ − Bagan Arch)

 ပုဂံဒေသရှိ ယဉ်ကျေး မှုအမွေအနှစ်များ ထိန်းသိမ်းနိုင် ရေး လိုအပ်သည့် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး ရန် ချက်သမ္မတနိုင်ငံက အကူအညီ ပေးမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သတင်းရရှိသည်။


မြန်မာနိုင်ငံဆိုင်ရာ ချက် သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Jaroslav Dolecek သည် ပုဂံ ဒေသရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းနိုင် ရေး လိုအပ်သည့် အကူအညီများ ပေးအပ်နိုင်ရန် ဇွန်လ ၁၄ ရက်က ပုဂံသို့ သွားရောက်လေ့လာဆွေး နွေးခဲ့ပြီးနောက် ကနဦးအနေဖြင့် ချက်သမ္မတနိုင်ငံ အမျိုးသားပြ တိုက်နှင့် ပုဂံရှေးဟောင်းသုတေ သနပြတိုက်တို့ ပူးပေါင်းကာ အကူအညီများ ပေးအပ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‘‘လာမယ့် ဩဂုတ်လထဲမှာ သူတို့ဆီက ပြတိုက်ညွှန်ချုပ်ကိုယ် တိုင် ဒီကိုလာမယ်။ ဒီမှာအဓိက လိုအပ်နေတဲ့ အခြေအနေတွေကို လည်း ကွင်းဆင်းကြည့်မယ်။ ပြီး ရင် ချက်သမ္မတနိုင်ငံ အစိုးရကို တင်ပြပြီးတော့ ကူညီထောက်ပံ့ ပေးဖို့ တင်ပြပေးသွားမှာဖြစ်ပါ တယ်’’ ဟု ရှေးဟောင်းသုတေသန  နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြော ကြားသည်။

လက်ရှိတွင် ပုဂံဒေသရှိ ရှေး ဟောင်းဘုရားစေတီများ ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများကို နိုင်ငံ တကာက ငါးနှစ်စီမံချက်၊ သုံးနှစ်စီမံချက်အစရှိသည့် နှစ်ကာလအပိုင်းအခြားများဖြင့် လာရောက်ကူညီနေသော်လည်း ၀န်ထမ်း များကို စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် နည်းပညာမြင့် အထောက် အကူပစ္စည်းများ အကူအညီရရှိ မည်ဆိုပါက ပြည်တွင်းရှိ ပညာ ရှင်များဖြင့် ရာသက်ပန်ထိန်းသိမ်း မှုများ ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

 ‘‘ရှေးဟောင်းအမွေအနှစ် ဆိုင်ရာထိန်းသိမ်းရေးနဲ့ ပတ်သက် ပြီး ဘယ်လိုကဏ္ဍမျိုးကနေ ပူး ပေါင်းဆောင်ရွက်နိုင်မယ်၊ အမှန် တကယ် ဘာတွေလိုအပ်နေတယ် ဆိုတာကို သိနိုင်ဖို့ ဆွေးနွေးနေ တာပါ။ ကျွန်တော်တို့ဆီမှာ အဓိ က လိုအပ်တာကတော့ ၀န်ထမ်း တွေရဲ့ စွမ်းရည်မြှင့်တင်မှုပေါ့။ ဒုတိယကတော့ ယဉ်ကျေးမှုအမွေ အနှစ်ပစ္စည်းတွေကို ထိန်းသိမ်းတဲ့အခါမှာ ခေတ်မီတဲ့အထောက် အကူပြုပစ္စည်းတွေပေါ့’’ဟု ၎င်း ကပြောသည်။