ရွှေတိဂုံစေတီတော်ရွှေစင်ရွှေပြားကပ်လှူပူဇော်မှု ရေစက်ချအလှူ ယနေ့ကျင်းပမည်

ရွှေတိဂုံစေတီတော်ကို ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ငြမ်းဆင်ထားကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

 ရွှေတိဂုံစေတီတော် ရွှေ စင်ရွှေပြားကပ်လှူပူဇော်မှု ပြီးဆုံး ပြီဖြစ်ပြီး ယနေ့ ရေစက်ချအလှူ အခမ်းအနား ကျင်းပမည်ဟု ရွှေတိဂုံစေတီဂေါပကအဖွဲ့က အသိပေး သည်။

လေးဆူဓာတ်ပုံ ရွှေတိဂုံစေ တီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော် ကပ် လှူပူဇော်မှု မဟာကုသိုလ်တော် အောင်ပွဲ ရေစက်ချအလှူမင်္ဂလာ အခမ်းအနားကို ဇွန်လ ၁၇ ရက် တွင် ကျင်းပမည်ဟု စေတီတော် ရင်ပြင်ရှိ အလှူမဏ္ဍပ်၌ ရေးသား ထားသည်။


အသေးစိတ်အစီအစဉ်ကို  သိရှိရန် ရွှေတိဂုံစေတီဂေါပကအ ဖွဲ့၊ တာဝန်မှူးရုံးခန်းသို့ 7Day Daily သတင်းစာက ဝင်ရောက် မေးမြန်းရာ ရုံးပိတ်ရက်ဖြစ်၍ တာဝန်ခံဖြေကြားမည့်သူမရှိကြောင်း ဝန်ထမ်းအချို့က ပြောသည်။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင် ငွေသို့ ဆက်သွယ်မေးမြန်းရာ ဘုရားအနေကဇာတင်ပွဲနှင့် ရေစက်ချတရားနာပွဲ ပြုလုပ်မည်ဟု ဆိုသည်။

ရွှေတိဂုံစေတီကို ယခုတစ် ကြိမ် ရွှေသင်္ကန်းကပ်လှူရာတွင် ကြာမှောက်ကြာလန်ဧရိယာရှိ ရွှေစင်ရွှေပြားများ အရည်အသွေး နှင့် ပတ်သက်၍ သတင်းမျိုးစုံ ထွက်ပေါ်ခဲ့သည်။

လွန်ခဲ့သော ရှစ်နှစ်ခန့်က ကပ်လှူသော ရွှေသင်္ကန်းများအ နက် ကြာမှောက်ကြာလန်ဧရိယာ ရှိ ရွှေစင်ရွှေပြား ၃,၉၂၁ ချပ်သည် စေတီတော်၏အခြားနေရာများရှိ ရွှေစင်ရွှေပြားများထက် အနည်း ငယ်မည်းနေ၍ ကျွမ်းကျင်ပညာ ရှင်များနှင့် စစ်ဆေးမည်ဟု သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က ၂၀၁၈ နိုဝင်ဘာအတွင်း သတင်းထုတ်ပြန်ခဲ့သည်။ ယင်းရွှေစင်ရွှေပြားများ၏ အရည်အ သွေးကို သမာသမတ်ကျကျ စစ် ဆေးနိုင်ရေး ပညာရှင်များကို ဖိတ်ခေါ်ပြီး ရလဒ်ကို အများပြည်သူ သိရှိရန် အချိန်နှင့်တစ်ပြေးညီ အ သိပေးမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လူမှု ကွန်ရက်စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ခဲ့သည်။ သို့သော် ယင်း သတင်းနောက်ဆက်တွဲထုတ်ပြန် မှုကို ဝန်ကြီးဌာန၏လူမှုကွန်ရက် စာမျက်နှာတွင် ဇွန်လ ၁၆ ရက် ညနေအထိ မတွေ့ရသေးပေ။

ကြာမှောက်ကြာလန်ဧရိ ယာရှိ ရွှေစင်ရွှေပြားများနှင့်ပတ် သက်၍    ဦးထွန်းအောင်ငွေထံဆက်လက်မေးမြန်းရာ ‘‘ဖုန်းနဲ့ ကျွန်တော်မဖြေပါဘူးဗျ’’ဟု ပြန် လည်ဖြေကြားသည်။

ကြာမှောက်ကြာလန်ဧရိ ယာရှိ ရွှေစင်ရွှေပြားများ မည်းနေခြင်းသည် ရွှေကို သန့်စင်ရာတွင် အသုံး ပြုသည့် ဆိုက်ရာနိုက်သတ္တု ကြောင့်ဖြစ်သည်ဟု ဂေါပကအဖွဲ့က ၂၀၁၈ စက်တင်ဘာ ၂၀ ရက်တွင်   ပြုလုပ်သော  သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်ဆန်းဝင်းသို့ ဆက်သွယ်မေးမြန်းရာ ရွှေတိဂုံစေတီ နှင့်ပတ်သက်၍ နိုင်ငံပိုင် သတင်းစာတွင် ထုတ်ပြန်ပြီးဖြစ်ကြောင်း ပြောသည်။ ဇွန်လ ၁ ရက်ထုတ် နိုင်ငံပိုင် သတင်းစာ၌ ထုတ်ပြန် သည့် သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန၏ပြည်သူ့အတွက် တတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်မှုများကို ဖော်ပြရာ တွင် ပညာရှင်များဖြင့် စစ်ဆေးနေ သည်ဆိုသည့် ရွှေတိဂုံစေတီတော် ကြာမှောက်ကြာလန်ဧရိယာရှိ ရွှေစင်ရွှေပြားများနှင့်ပတ်သက်၍ သီးသန့်ဖော်ပြထားခြင်းမရှိပေ။