မီဒီယာသမားများ အစိုးရအဖွဲ့ရုံးတွင် သတင်းလာယူပါက အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်လာရန် ဦးဖြိုးမင်းသိန်း တောင်းဆို

 မီဒီယာသမားများအနေ ဖြင့် အစိုးရအဖွဲ့ရုံးတွင် သတင်း လာယူပါက အဝတ်အစား သပ် သပ်ရပ်ရပ် ဝတ်ဆင်လာရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က တောင်းဆိုသည်။


 သတင်းမီဒီယာသမားများ အနေဖြင့် အစိုးရဌာနများသို့ သွားရောက်သတင်းယူလျှင် အမျိုးသားဝတ်စုံ ဝတ်ဆင်ရန်၊ အနောက်တိုင်းဝတ်စုံဖြစ်ပါက သပ်သပ်ရပ်ရပ်ဝတ်ရန်နှင့် အရပ်ဝတ်ဆိုပါကလည်း သပ်သပ်ရပ်ရပ် ဝတ်ဆင်လာခြင်းကို လိုလားကြောင်း ၎င်းက ယမန်နေ့ (ဇွန်လ ၁၄ ရက်)တွင် ကျင်းပသည့် မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံပွဲ၌ ပြောကြားသည်။

‘‘တီရှပ်တို့၊ ဘောင်းဘီတိုတို့ ဝတ်ပြီး အစိုးရအဖွဲ့ရုံးမှာ သတင်း မီဒီယာက သတင်းလာယူမယ်ဆို ရင် ကျွန်တော်တို့ရုံးတွေရဲ့ ရပ် တည်ဆောင်ရွက်ရမယ့် အခြေအ နေတွေပေါ်မှာ၊ နိုင်ငံတကာအ လယ်မှာ၊ ကျွန်တော်တို့ ဆောင် ရွက်နေကြရတဲ့ အခြေအနေတွေ ပေါ်မှာလည်း သတင်းမီဒီယာကို မေတ္တာရပ်ခံလိုပါတယ်’’ဟု ဦးဖြိုး မင်းသိန်းက ပြောသည်။

ထိုသို့ပြောရခြင်းသည် နိုင်ငံ၏ ဂုဏ်သိက္ခာအတွက်ဖြစ် ကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့အတွက်ပြော တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် ပြောတာဖြစ်ပါတယ်။ ကျွန်တော်တို့က ဘာမှဟန်လုပ်နေစရာအကြောင်း မရှိပါဘူး’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

 သတင်းမီဒီယာသမားများ သည် သွားရောက်သတင်းရယူ သည့်နေရာ၊ ဒေသအပေါ်မူတည် ၍ သင့်လျော်သည့် အဝတ်အစား ဝတ်ဆင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့် ကျော်ကဆိုသည်။

 ‘‘အစိုးရအဖွဲ့ရုံးပဲဖြစ်စေ၊ တရားရုံးပဲဖြစ်စေ သတင်းသွားယူ တဲ့အခါမှာ ထိုက်သင့်ဆီလျော်တဲ့ အဝတ်အစား ဝတ်ဖို့လိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ ဘယ်လို ပုံစံမျိုးပဲဖြစ်ရမယ်၊ ဥပမာ ကော် လာကတုံးအင်္ကျီပဲ ဖြစ်ရမယ်ဆိုတာမျိုး၊ တင်းကျပ်တာမျိုးတော့ မဖြစ်သင့်ဘူး’’ဟု ၎င်းက ပြော သည်။

ထို့အပြင် ၎င်းတို့အစိုးရအ နေဖြင့် မီဒီယာများနှင့် ဆက်ဆံ ရေးတိုးမြှင့်ရန် လိုလားပြီး နိုင်ငံ အကျိုးအတွက် ပူးပေါင်းဆောင် ရွက်ရန် ဆန္ဒရှိကြောင်း ဦးဖြိုးမင်း သိန်းက ဆိုသည်။

ထို့ကြောင့် မကြာမီ ရန်ကုန် တိုင်းဒေသကြီးအစိုးရ ဆောင် ရွက်မှုများကို အများပြည်သူအား မီဒီယာမှတစ်ဆင့် ပိုမိုအသိပေး နိုင်ရန် တစ်လလျှင် တစ်ကြိမ်နှုန်း ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ် ရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

သို့သော် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲကို တစ်လတစ်ကြိမ်ထက် တစ်ပတ်လျှင် တစ်ကြိမ်နှုန်း ပြု လုပ်ရန် သတင်းမီဒီယာများက ဇွန်လ ၁၄ ရက်တွင် တောင်းဆိုခဲ့ သည်။