သင်ရိုးသစ်သင်တန်းကာလအတွင်း ဆရာ၊ ဆရာမများ သေဆုံးခဲ့၍ ကျောင်းများတွင် ကျန်းမာရေးအသိပညာပေးမှု မြှင့်တင်ရန် သမ္မတရုံးညွှန်ကြား

 မေလက ဖွင့်လှစ်သည့် Grade-3 နှင့် Grade-6 သင်ရိုး သစ်သင်တန်းများတွင် သင်တန်း သားဆရာ၊ ဆရာမများ သေဆုံး ခြင်းသည် အခြေခံကျန်းမာရေး အားနည်းခြင်းကြောင့်ဟု ယူဆပြီး ကျောင်းများ၌ အခြေခံကျန်းမာ ရေး အသိပညာပေးခြင်းမြှင့်တင် သင့်သည်ဟု နိုင်ငံတော်သမ္မတ ရုံးက ပညာရေးဝန်ကြီးဌာနသို့ ညွှန်ကြားထားသည်။


Grade-3 နှင့် Grade-6 သင်ရိုးသစ်များအတွက် နွေရာသီ အတွင်း သင်ပြနည်းသင်တန်းဖွင့် ခဲ့ရာ သင်တန်းကာလအတွင်း အ ကြောင်းအမျိုးမျိုးကြောင့် ဆရာ၊ ဆရာမ ၁၁ ဦးသေဆုံးပြီး ခြောက် ဦးဒဏ်ရာရရှိသည်။ သေဆုံးသူ ဆရာ၊ ဆရာမ ၁၁ ဦးသည် သင် တန်းလာစဉ် ဆိုင်ကယ်၊ ယာဉ် မတော်တဆမှုကြောင့် သေဆုံး ခြင်း၊ နေအိမ်မှ လယ်ထဲသို့ သွား ရောက်ရာမှ မိုးကြိုးထိမှန်သေ ဆုံးခြင်း၊ အပူလျှပ်ခြင်းကြောင့် သေဆုံးခြင်း၊ နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုး ရောဂါ၊ လေးဖက်နာပိုး၊နှလုံးသွေး ကြောပိတ်ခြင်းနှင့် နှလုံးရောင် ရောဂါတို့ဖြင့် သေဆုံးခြင်း၊ သင် တန်းတည်းခိုဆောင်တွင် ရုတ်တ ရက် မူးလဲကျ၍ သေဆုံးခြင်းတို့ ဖြစ်သည်ဟု အခြေခံပညာဦးစီး ဌာန ထူးခြားဖြစ်စဉ်အချက်အ လက်၌ ဖော်ပြသည်။

ထိုသေဆုံးမှုထူးခြားဖြစ်စဉ် များနှင့်ပတ်သက်ပြီး အခြေခံ ကျန်းမာရေး အားနည်းသည်ဟု ယူဆခြင်းကြောင့် ကျန်းမာရေး အသိပညာပေးခြင်း မြှင့်တင်သင့် သည်ဟု သမ္မတရုံးက ညွှန်ကြား ထားပြီး တိုင်းဒေသကြီးနှင့် ပြည် နယ် ပညာရေးမှူးများအနေဖြင့် အခြေခံပညာကျောင်း၊ ရုံးများ တွင် အခြေခံကျန်းမာရေးအသိ ပညာပေးလုပ်ငန်းများ အလေး ပေးဆောင်ရွက်ရမည်ဟု အခြေခံ ပညာဦးစီးဌာနက ထပ်ဆင့်ညွှန် ကြားထားသည်။

‘‘ဆရာ၊ ဆရာမတွေရဲ့ကျန်း မာရေးအသိပညာ နည်းတယ်လို့ ယူဆတယ်ပေါ့။ သင်တန်းအချိန် တုန်းက ရာသီဥတုက တအားပူ တယ်။ နေပူထဲက ပြန်လာပြီး အိမ်ရောက်ရောက်ချင်း ရေချိုး လိုက်တာမျိုးနဲ့ အပူလျှပ်သေတာ မျိုးရှိတယ်။ တချို့က သွေးတိုး၊ ဆီးချိုရှိတယ်။ သင်တန်းမှာ လှုပ် ရှားမှုလေးတွေ၊ ဘာတွေရှိတယ် ဆိုရင်လည်း သူတို့ကို သက်သာ သလိုပဲ လှုပ်ရှားခိုင်းတာ။ ဒါပေမဲ့ စိတ်လိုလက်ရ လှုပ်ရှားကြတာရှိ တယ်။ ကိုယ့်ကျန်းမာရေးအခြေ အနေအရ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းနေသင့်တယ်။ အခြေခံ ကျန်းမာရေးအသိနဲ့ နေထိုင်သင့် တယ်လို့ စာထွက်ထားတာပါ’’ဟု အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲလင်း မြင့်ကဆိုသည်။

သေဆုံးသူ ဆရာ၊ ဆရာမ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ဆရာ၊ ဆရာမများအတွက် နာရေးကူညီခြင်း၊ ဆေးဖိုးထောက်ပံ့ခြင်းနှင့် အခြားလိုအပ်သည်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများမှတစ်ဆင့် ထောက်ပံ့နေသည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ သင်တန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပြု လုပ်သော်လည်း သင်တန်းဖွင့် လှစ်သည့် ကျောင်းတိုင်းတွင် ပြု လုပ်နိုင်ခြင်းမရှိခဲ့ပေ။

Grade-3 သင်ရိုးသစ်သင် ပြနည်း မြို့နယ်အဆင့်သင်တန်း နှင့် Grade-6 သင်ရိုးသစ်သင်ပြ နည်းခရိုင်အဆင့်သင်တန်းများကို မေလ ၁၀ ရက်မှ ၂၄ ရက်အထိ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ပြီး မူလ တန်းပြနှင့် အလယ်တန်းပြဆရာ၊ ဆရာမအားလုံး သင်တန်းတက် ရောက်ရခြင်းဖြစ်သည်။