ပုဏ္ဏားကျွန်းစစ်ရှောင်စခန်းသို့ သာသနာပိုင်များ၏ ခွင့်ပြုချက်ရယူ၍ လုံခြုံရေးတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေး

AA တပ်ဖွဲ့ဝင်များ ခိုလှုံနေကြောင်း သတင်းရ၍ဟု တပ်မတော်ပြော၊ ယမန်နေ့ညနေအထိ ထိန်းသိမ်းခံရသူမရှိသေး
ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ၊ ပေါက်တောပြင်ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ရှောင်စခန်းသို့ ဇွန်လ ၁၁ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးနေစဉ်

ရခိုင်ပြည်နယ် ပုဏ္ဏား ကျွန်းမြို့နယ် ပေါက်တောပြင်ဘုန်း ကြီးကျောင်းရှိ စစ်ရှောင်စခန်းကို မြို့နယ်သံဃနာယကနှင့် သာသ နာရေးဦးစီးဌာန၏ ခွင့်ပြုချက်ရ ယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ဝင်ရောက်စစ်ဆေး ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁၀ ရက်နံနက်ကတည်းက ဝင်ရောက်စစ်ဆေးရန် ကြိုးပမ်း စဉ် အဆိုပါဘုန်းကြီးကျောင်းရှိ သံဃာတော်များက စစ်ရှောင်များ ကြောက်ရွံ့မှုမရှိစေရေး အရပ် ဝတ်ဖြင့်သာ ဝင်ရောက်စစ်ဆေး ရန် တားမြစ်ခဲ့သည်။ ယင်းနောက် ဇွန်လ ၁၁ ရက် မွန်းလွဲတွင် မြို့နယ် သံဃနာယက၊ သာသနာရေးဦးစီး ဌာန၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်အချို့က ဝင်ရောက် စစ်ဆေးခဲ့သည်။

‘‘စစ်တပ်က ငါးယောက် ရယ်၊ ရဲက နှစ်ယောက်၊ နောက် ပြီးတော့ ရခိုင်က လွှတ်တော်အ မတ်တွေလည်း ပါတယ်။ လုပ်ငန်းစဉ်က သူတို့က စစ်တာတော့ မဟုတ်ဘူး။ သူတို့က ကျောင်း တွေကို အကုန်လုံး ဝင်ကြည့် တယ်။ ဒုက္ခသည်တွေကို ဝင်ကြည့်တယ်။ အဲဒီလောက်ပဲ။ ပြီးလို့ရှိ ရင် ဘာမှ ထူးခြားမှုမရှိဘဲနဲ့ ကိုယ့် ဘာသာကိုယ် ထွက်သွားတာပဲ’’ ဟု ပေါက်တောပြင်ဘုန်းကြီး ကျောင်းဆရာတော် ဦးအာရက္ခ က ယမန်နေ့ ညနေအခြေအနေ ကို မိန့်ကြားသည်။

ဇွန်လ ၁၁ ရက် ညနေအထိ အဆိုပါဘုန်းကြီးကျောင်း ပြင်ပ တွင် တပ်မတော်သား ငါးဆယ် ကျော် ဆက်လက်ရှိနေဆဲ ဖြစ် ကြောင်း ဆရာတော်က မိန့်ကြား သည်။

‘‘သတင်းရရှိထားလို့ ဆောင် ရွက်တာဖြစ်တယ်။ အဲဒီနေရာက တိုက်ပွဲဖြစ်တဲ့ နေရာတွေနဲ့ နီး တယ်။ အဲဒီနေရာလေးမှာပဲ လူ တွေစုနေတယ်။ အဲဒီမှာ ကျွန်တော်တို့ သတင်းရထားတာရှိပါတယ်။ AA တပ်ဖွဲ့ဝင်တွေ၊ AA ရဲ့ အမာ ခံတွေ ဝင်ရောက်နေတာလည်း ရှိတယ်။ အဲဒါကြောင့် တရားဝင် စစ်ဆေးခွင့်တောင်းတာ ဖြစ်ပါ တယ်။ တရားမဲ့ ဖမ်းဆီးစစ်ဆေး တာ မရှိပါဘူး’’ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အ တွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပေါက်တောပြင်ဘုန်းကြီး ကျောင်းရှိ စစ်ရှောင်စခန်းသို့ ဝင်ရောက်စစ်ဆေးရခြင်းအကြောင်း ကို ပြောသည်။

ထိုသို့စစ်ဆေးစဉ် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် သာသနာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်ပြီး ဥပဒေနှင့်အညီ ဆောင် ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မေလဆန်းက လည်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)နှင့်ပတ်သက်၍ သံသယရှိ၍ ဟုဆိုကာ ကျောက်တန်းရွာ၌ အ မျိုးသား ၂၇၅ ဦးကို တပ်မတော် က ထိန်းသိမ်းစစ်ဆေးဖူးသည်။ ထိုသို့စစ်ဆေးစဉ် ပစ်ခတ်မှုဖြစ် ပွားပြီး ထိန်းသိမ်းခံရသူများအ နက် ခြောက်ဦးသေဆုံး၊ ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ နှစ်ပတ်ခန့် ကြာမြင့်သည့် ကျောက်တန်းရွာ စစ်ဆေးမှုဖြစ်စဉ်တွင် AA ဟု ဝန်ခံသူခြောက်ဦးရှိခဲ့သည်ဟု တပ်မ တော်ဘက်က ပြောဆိုခဲ့သည်။