မင်းပြားမြို့နယ်တွင် တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း၌ ခိုလှုံနေစဉ် လက်နက်ကြီးကျည်ဆန်ကျ၍ အရပ်သားခြောက်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ

ဘုန်းကြီးကျောင်း၌ ခိုလှုံနေစဉ် လက်နက်ကြီးကျည်ကျရောက်၍ ဒဏ်ရာရရှိခဲ့သော စပါးထားကျေးရွာမှ ဒေသခံတစ်ဦးကို မင်းပြားဆေးရုံသို့ ပို့ဆောင်နေစဉ် (ဓာတ်ပုံ − LAY MRO - Minbya CJ News)

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မင်းပြား  မြို့နယ် စပါးထားကျေးရွာရှိ ဒေ သခံများ ရွာဘုန်းကြီးကျောင်း၌ ခိုလှုံနေစဉ် ကျောင်းပေါ်သို့ လက် နက်ကြီးကျည်ဆန် ကျရောက် ပေါက်ကွဲသဖြင့် ခြောက်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဇွန်လ ၃ ရက် နံနက်တွင် ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွား၍ ဒေသခံများဘုန်းကြီးကျောင်းသို့ သွားရောက် ခိုလှုံနေခြင်းဖြစ်သည်။ ယင်းသို့ ခိုလှုံနေစဉ် မွန်းလွဲ ၂ နာရီခန့်တွင် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ၍ လေးဦး  ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးအနက် တစ်ဦးသည် ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေ ဆုံးကာ ကျန်တစ်ဦးမှာ မင်းပြားဆေးရုံတွင် သေဆုံးခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ပြောသည်။

‘‘ဒဏ်ရာရတဲ့ ကိုးဦးထဲက သုံးဦးကို ဒဏ်ရာပြင်းထန်လို့ စစ်တွေပို့ဖို့ လုပ်နေပါတယ်။ လူ နာတင်ယာဉ်လည်း မရလို့ ရိုးရိုး ကားနဲ့ပို့ဖို့ လုပ်နေပါတယ်။ လမ်း မှာလည်း လုံခြုံမှုရှိအောင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေပါတယ်။ လူတွေ က စိုးရိမ်ကြောက်လန့်လို့ ဘုန်း ကြီးကျောင်းမှာ စုနေကြတယ်။ အဲဒီအချိန်မှာ ကျောင်းဆောင်ကို ဖောက်ပြီးတော့ လက်နက်ကြီး ကျတာ၊ ဒဏ်ရာရတာ အမျိုးသမီးတွေ များတယ်’’ဟု ဦးသန်းနိုင်က ပြောသည်။

ယမန်နေ့ည ၉ နာရီ ကျော်တွင် ထပ်မံရရှိသော သတင်းများအရ ဒဏ်ရာရရှိသူများအနက် အသက်(၇၀)ကျော်အရွယ်အမျိုးသားတစ်ဦး မင်းပြားဆေးရုံ၌ သေဆုံးခဲ့ သည်။ ထို့ကြောင့် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် သေဆုံးသူဦးရေ ခြောက်ဦးရှိသွားပြီး ဒဏ်ရာရသူ ရှစ်ဦးရှိသည်။

‘‘ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံကို ယူသွားတဲ့သုံးယောက်ထဲကတစ်ယောက်ကို အခြေအနေမကောင်းလို့ ကားပေါ်မှာ တက်မလိုက် နိုင်လို့ မင်းပြားဆေးရုံမှာထားခဲ့ရပါတယ်။ အဲဒီတစ်ယောက်ဆုံးသွားတာပါ။ နောက်ကျောကနေ လက်နက်ကြီးအစ၀င်သွားတဲ့ ဒဏ်ရာ ကြောင့်ပါ’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်က အတည်ပြုပြောကြားသည်။

တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာ ‘‘မနေ့က ညနေက မြောက်ဦးတောင်ဘက်ပိုင်းမှာ ဖြစ်ခဲ့တာရှိတယ်။ ဒီနေ့အထိ တော့ ဆက်ဖြစ်နေတုန်းပဲ။ မင်း ပြားမြို့နဲ့ သိပ်မနီးဘူး ဖြစ်တဲ့နေ ရာက။ အဲဒီမြို့နယ်ထဲ ပါချင် လည်း ပါမှာပေါ့။ ရွာကတော့ အဲဒီနားမှာရှိတဲ့ မြောင်းဘွေ့ကျေး ရွာရဲ့ အရှေ့ဘက်ကမ်းမှာဖြစ် တာ။ ထိခိုက်ဒဏ်ရာရမှုတွေရှိ တယ်ဆိုပေမယ့် ကျွန်တော်တို့ လည်း အရေအတွက်တော့ မသိရ ဘူး’’ဟု ဇွန်လ ၃ ရက်ညနေက ပြောသည်။

ဆက်လက်၍ ဗိုလ်မှူးချုပ်က ရခိုင်ဒေသတိုက်ပွဲများသည် ပိုမိုပြင်းထန်လာခြင်းမရှိဘဲ ပုံမှန်အ နေအထားသာ ဖြစ်ကြောင်းနှင့် ယခင်က ယခုထက်ပင် တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း ပြောကြား သည်။ တိုက်ပွဲဖြစ်ပွားမှုအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိခဲ့သည် ဟုလည်း ၎င်းက အတည်ပြုသည်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ ဇွန်လ ၂ ရက်တွင် မင်းပြားမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိခဲ့ကြောင်းနှင့် ဇွန် လ ၃ ရက်တွင်လည်း ဆက်လက် တိုက်ပွဲဖြစ်ပွားနေကြောင်း ပြော သည်။ တပ်မတော်ဘက်က ထိ ခိုက်ကျဆုံးမှုပိုများသည်ဟု ၎င်း က ဆိုသည်။

‘‘တိုက်ပွဲကတော့ ပိုပြီးတော့ ပြင်းထန်လာတဲ့ အနေအထားရှိ တယ်။ မေလတစ်လလုံးက နား ရက်ကို မရှိတော့ဘူး။ မေလ ၁၁ ရက်နေ့ တစ်ရက်ပဲ တိုက်ပွဲနား တယ်။ ကျန်တဲ့ရက်တွေအားလုံး က နေ့တိုင်း တိုက်ပွဲဖြစ်ခဲ့တာရှိ တယ်’’ဟု ခိုင်သုခက ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားမှု များ၊ စစ်ရေးလှုပ်ရှားမှုများ ကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာရှစ်ရွာမှ လူဦးရေ ၉၀၀ ခန့်သည် ပေါက်တောပြင်ကျေး ရွာသို့ ဇွန်လ ၂ ရက်နှင့် ၃ ရက်တွင် ရောက်ရှိလာကြောင်း အဆိုပါကျေးရွာဘုန်းကြီးကျောင်းမှ ဆရာတော် ဦးအာရက္ခက မိန့်ကြား သည်။

‘‘ထွက်ပြေးလာတဲ့ ရွာတွေ က ကားလမ်းမပေါက်ဘူး။ ရေ ကြောင်းနဲ့ လာကြတာရှိတယ်။ နောက်ပြီးတော့ ဒီအတိုင်း ခြေ ထောက်နဲ့ လာတာရှိတယ်’’ ဟု ဆရာတော်က မိန့်ကြားသည်။

ယခုဖြစ်စဉ်သည် တပ်မ တော်နှင့် AA တိုက်ပွဲနှင့် ဆက်စပ် ၍ အရပ်သား သေဆုံးဒဏ်ရာရရှိမှု အများဆုံးဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်း  ဘူးသီးတောင်မြို့နယ် စည် တောင်ရွာတွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုး သားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း အရပ်သားငါးဦးပွဲချင်း ပြီးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ သည်။

ငါးလခန့်အတွင်း တပ်မ တော်နှင့် AA တိုက်ပွဲများနှင့် ဆက်စပ်၍ အရပ်သား ၂၀ ဦး သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာ ရရှိခဲ့သည်ဟု အတိုင်ပင်ခံရုံးဝန် ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦး   ဇော်ဌေးကပြောကြားထားသည်။   အကူအညီပေးရေးလူမှုအဖွဲ့အ စည်းများကမူ စစ်ရေးပဋိပက္ခ များအတွင်းအရပ်သား ၄၀ ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရရှိသူ ၁၀၀ ကျော်အထိရှိပြီဟုဆိုသည်။

ထို့အပြင် တိုက်ပွဲများ ကြောင့် အရပ်သားများ လက်နက် ထိမှန်သေဆုံးခြင်းများရှိနေခြင်း အပေါ် နှစ်ဖက်စလုံးက ငဲ့ညှာသင့် သည်ဟု ရခိုင်တိုင်းရင်းသားမျိုး နွယ်များအစည်းအရုံး (REC)ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က တိုက် တွန်းသည်။

‘‘အခုချိန်ထိတော့ အရပ် သားအပေါ်မှာ တကယ်ကို ရှောင်ပြီးတော့ စစ်ရေးအရပဲ ဖြစ်ဖြစ် ပြည်သူလူထုအပေါ်မှာ ငဲ့ညာ တယ်ဆိုတဲ့အပိုင်းက အပြောသာ ပဲရှိတယ်’’ဟု ၎င်းက ဆိုသည်။

တပ်မတော်နှင့် AA တို့ ငြိမ်း ချမ်းရေး အမြန်ဆုံးရယူရန်လည်း ဆရာတော်က မိန့်ကြားအကြံ ပြုသည်။

၂၀၁၈ နှစ်ကုန်ပိုင်းကတည်း က ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ရခိုင်ပြည် နယ်တွင် စစ်ဘေးဒုက္ခသည်လေး သောင်းခန့်ရှိပြီး စားဝတ်နေထိုင် ရေး အခက်အခဲများ ကြုံတွေ့နေ ရသည်။