သင်ရိုးသစ်သင်တန်း ကာလအတွင်း ဆရာ၊ ဆရာမ ၁၁ ဦး အကြောင်းအမျိုးမျိုးကြောင့် သေဆုံး

လာမည့် ကျောင်းဖွင့် ချိန်တွင် စတင်သင်ကြားမည့် Grade-3 နှင့် Grade-6 သင်ရိုးသစ်များအတွက် နွေရာသီကာလ၌  သင်ပြနည်းသင်တန်းဖွင့်ခဲ့ရာ သင်တန်းကာလအတွင်း    အ ကြောင်းအမျိုးမျိုးကြောင့် ဆရာ၊ဆရာမ ၁၁ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကိုလေးဝင်းက ပြောသည်။

Grade-3 သင်ရိုးသစ် သင် ပြနည်း မြို့နယ်အဆင့် သင်တန်း နှင့် Grade-6 သင်ရိုးသစ် သင်ပြ နည်း ခရိုင်အဆင့် သင်တန်းများ ကို မေလ ၁၀ ရက်မှ ၂၄ ရက်အ ထိ နှစ်ပတ်ကြာ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ပြီး မူလတန်းပြနှင့် အ လယ်တန်းပြ ဆရာ၊ ဆရာမအား လုံး သင်တန်းတက်ရောက်ရခြင်း ဖြစ်သည်။

အဆိုပါ သင်တန်းကာလအ တွင်း သေဆုံးသူ ဆရာ၊ ဆရာမ ၁၁ ဦးသည် ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ရခိုင်၊ မွန်ပြည်နယ်တို့မှ ဖြစ်ပြီး သင်တန်းသို့လာစဉ် ဆိုင် ကယ်၊ ကားမတော်တဆမှုကြောင့် သေဆုံးခြင်း၊ နေအိမ်မှ လယ်ထဲ သို့ သွားရောက်ရာမှ မိုးကြိုးထိမှန် သေဆုံးခြင်း၊     အပူလျှပ်ခြင်း ကြောင့် သေဆုံးခြင်း၊ နှလုံးရောဂါ ဖြင့် သေဆုံးခြင်း၊ နှလုံးသွေး ကြောကျဉ်းရောဂါ၊ သွေးတိုး ရောဂါကြောင့် သေဆုံးခြင်း၊ လေး ဖက်နာပိုး၊ နှလုံးသွေးကြောပိတ်ခြင်းနှင့် နှလုံးရောင်ရောဂါတို့ဖြင့် သေဆုံးခြင်း၊ သင်တန်းတည်းခို ဆောင်တွင် ရုတ်တရက်မူးလဲကျ ၍ သေဆုံးခြင်းတို့ဖြစ်သည်ဟု အခြေခံပညာဦးစီးဌာန ထူးခြား ဖြစ်စဉ်အချက်အလက်တွင် ဖော် ပြသည်။

‘‘နေမကောင်းဘူးဆိုရင် ဆေးခန်းပို့တယ်။ အဲဒါ ဆေးခန်း ပို့လိုက်လို့ရှိရင် ဆေးခန်းရောက်၊ ဆေးရုံရောက်ပြီးမှ တချို့ဆေးရုံ မှာ ကုပေးရင်းနဲ့ ဆုံးသွားတဲ့ ဆရာ ကြီး၊ ဆရာမကြီးတွေလည်း ရှိပါတယ်။ နောက်တစ်ခုက အပြင် ထွက်တယ်၊ မိုးရွာတယ်ဆိုရင် မိုးကြိုးပစ်ပြီးတော့ ဆုံးသွားတဲ့ ဆရာလည်း ရှိပါတယ်။ ဒါက တော့ သူက သင်တန်းချိန်မဟုတ် ဘူးပေါ့။ သင်တန်းချိန်ပြီးတယ်၊ အိမ်ကိုပြန်လာတယ်။ အဲဒီကျမှ ဖြစ်တာ။ ဒီသင်တန်းတက်ဖို့လာ တယ်။ အပြင်မှာ ဆိုင်ကယ်အက် ဆီးဒင့်ဖြစ်လို့၊ ကားအက်ဆီးဒင့် ဖြစ်လို့ ဒါကြောင့် ဒဏ်ရာရတယ်။ သေဆုံးတာတွေရှိပါတယ်’’ဟု ဦးကိုလေးဝင်းက ဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ သင်တန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပြု လုပ်သော်လည်း အချို့နေရာများ တွင် လစ်ဟင်းမှုများရှိကြောင်း ဦးကိုလေးဝင်းက ပြောသည်။

လက်ရှိတွင် သေဆုံးသူ ဆရာ၊ ဆရာမ ၁၁ ဦးအတွက် နာရေးကူညီခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူ ဆရာ၊ ဆရာမများအတွက် ဆေးကုသစရိတ် ထောက်ပံ့ခြင်း နှင့် အခြားလိုအပ်သည်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာ ရေးမှူးရုံးများမှတစ်ဆင့် ထောက် ပံ့နေသည်ဟု ဆိုသည်။

‘‘တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့ သင်တန်းအကြီးကြီးလုပ်ရ တဲ့အခါမှာ ဒီလောက်ထိခိုက်မှု ဟာ ကျွန်တော်တို့အနေနဲ့ဆိုရင် ဒါတော်တော်ကို များနေပြီလို့ ကျွန်တော်တို့ တွက်ပါတယ်။ ကျွန်တော်တို့က တစ်ယောက်မှကို မဖြစ်စေချင်ဘူး။ ဒီအတွက် လို အပ်တဲ့ ကာကွယ်မှုတွေကိုလည်း နောက်နှစ်ဆိုရင် ပိုပြီးတော့ ကြိုး စားပြီး ဆောင်ရွက်မှာပါ’’ဟု ဦးကိုလေးဝင်းက ဆိုသည်။