မန္တလေးမြို့တည်နန်းတည် နှစ်(၁၆၀)ပြည့်ပွဲကို တော်ဝင်အနွယ်တော်များ ဦးဆောင်ကျင်းပ

မြို့တည်နန်းတည် နှစ် (၁၆၀) ပြည့် ပထမနေ့ကို မြနန်းစံကျော် ရွှေနန်းတော် အရှေ့မုခ်ဆောင်တွင် ကျင်းပနေစဉ် (ဓာတ်ပုံ − ထက်သာဦး)

မန္တလေးမြို့တည် နန်း တည် နှစ်(၁၆၀)ပြည့် အခမ်းအနားကို မေလ ၂၄ ရက်က စတင်၍ သုံးရက်ကြာ ကျင်းပနေသည်။


မန္တလေးမြို့ကို မြန်မာသက္က ရာဇ် ၁၂၂၁ တွင် မင်းတုန်းမင်းက တည်ခဲ့ပြီး ယခုနှစ်မြန်မာသက္က ရာဇ် ၁၃၈၁ (၂၀၁၉) တွင် နှစ် (၁၆၀) ပြည့်ပြီ ဖြစ်သည်။

အခမ်းအနားပထမရက်အ ဖြစ် မေလ ၂၄ ရက်နံနက်တွင် မြနန်းစံကျော်ရွှေနန်းတော်အရှေ့ စမုခ်ဆောင်၌ သံဃာတော် ၁၀၈ ပါးကို ဆွမ်းကပ်ခြင်း၊ ညနေတွင် ၆၆ လမ်းနှင့် ၁၂ လမ်းထောင့်၌ မြို့တည်နန်းတည် နှစ်(၁၆၀)ပြည့် အထိမ်းအမှတ်မုခ်ဦး ဖွင့်လှစ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

မေလ ၂၅ ရက်တွင် ကျုံး မြောက်ဘက် သုဓမ္မာဇရပ်တန်း၌ သံဃာတော်အပါး ၁၆၀ ကို ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ မေလ ၂၆ ရက်တွင် ပိတ်ပွဲအခမ်းအနားကျင်းပခြင်းများ ပြုလုပ်မည်ဖြစ် သည်။

နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ၆၆ လမ်းနှင့် ၁၂ လမ်း ထောင့်ရှိ သတ္တဌာနရှေ့တွင် ဈေး ရောင်းပွဲတော်များ၊ စာအုပ်အ ရောင်းဆိုင်များ၊ စာပေဟောပြော ပွဲများ၊ ရိုးရာအကအလှများ ထည့်သွင်း ကျင်းပနေသည်။

နှစ်(၁၆၀)ပြည့် အခမ်းအနား ကို မြန်မာတော်ဝင်အနွယ်တော် များအစည်းအရုံးက ဦးဆောင် ကျင်းပခြင်းဖြစ်သည်။

‘‘ကုန်းဘောင်အနွယ်တော် တွေအနေနဲ့ လုပ်တာ ပထမဆုံး ပဲ’’ဟု မက္ခရာမင်းသားကြီး၏အ နွယ်တော် မက္ခရာသီဟက ပြော သည်။

ယခင် မြို့တည်နန်းတည်အ ခမ်းအနားများအဖြစ် နှစ်(၁၀၀) ပြည့်နှင့် နှစ်(၁၅၀)ပြည့်အခမ်းအ နားများကို အစိုးရတာဝန်ရှိသူများ က ဦးဆောင်ကျင်းပခဲ့သည်။

မြို့တည်အထိမ်းအမှတ်ပွဲ များကို ၁၀ နှစ်တစ်ကြိမ် ကျင်းပမည်ဖြစ်ကြောင်း မြန်မာတော်ဝင် အနွယ်တော်များ အစည်းအရုံး တာဝန်ရှိသူများက ပြောသည်။

Top News