အင်းဝမြို့ဟောင်းတွင် မြို့တည်ဘုရင်ကြေးရုပ်တု စိုက်ထူ

စိုက်ထူထားသော သတိုးမင်းဖျားဘုရင်ရုပ်တုကိုတွေ့ရစဉ် (ဓာတ်ပုံ − သီတဂူဆရာတော်နှင့် သီသတဂူသတင်းများ FB)

 အင်းဝမြို့ဟောင်း၌ မြို့တည်ဘုရင် သတိုးမင်းဖျား ကြေးရုပ်တုကို မေလ ၂၃ ရက်တွင်စိုက်ထူခဲ့သည်။


အဆိုပါ ကြေးရုပ်တုကို သီတဂူ ဆရာတော်ဒေါက်တာဉာဏိ ဿရက လှူဒါန်းခြင်းဖြစ်ပြီး ရုပ်တုကို အင်းဝမြို့ရိုးအရှေ့ဘက်အပေါက်၌ ယမန်နေ့တွင် စိုက်ထူ ခဲ့သည်။

‘‘ရုပ်တုထားတဲ့ အောက်ခြေ ခုံက မပြီးသေးဘူး။ အဲဒါပြီးသွား ရင်တော့ ဖွင့်ပွဲလုပ်မယ်။ သတင်း ကျွတ်မတိုင်ခင် ဖွင့်ပွဲလုပ်နိုင်ဖို့ တော့ မှန်းထားတယ်’’ ဟု တာဝန် ယူဆောင်ရွက်သည့် မြန်မာမှုဗိသု ကာပညာရှင် တမ္ပ၀တီဦးဝင်းမောင်က ပြောသည်။

မြို့တည်ဘုရင် သတိုးမင်း ဖျားကြေးရုပ်တုပုံစံသည် ပထမအင်းဝခေတ် ၀တ်စားဆင်ယင် မှုနှင့် မတ်တတ်ရပ်ပုံစံဖြစ်ပြီး လက်တစ်ဖက်စီတွင် ဓားနှင့် လှံ ကိုင်ဆောင်ထားသည်။

ကြေးရုပ်တုသည် အမြင့် ၁၃ ပေ ခြောက်လက်မခန့်ရှိပြီး ရုပ်တုဖြစ်တည်ရန် မြေပုံကြမ်းဖော်၊ ဖယောင်းကပ်၊ မြေနုမံ၊ ကြေးသွန်းလောင်း၊ အချောကိုင်စသည်ဖြင့် အဆင့်ဆင့်ပြုလုပ်ရကာ ပြီးစီးရန် တစ်နှစ်ခန့် ကြာမြင့်ကြောင်း တာဝန်ယူသွန်းလုပ်သည့် ကိုအောင်အောင်မိုးက ပြောကြားသည်။

၂၀၁၅ က စစ်ကိုင်းမြို့ အိုးဘို အ၀ိုင်းပတ်၌ စိုက်ထူသည့် မြို့တည်၊ နန်းတည်ဘုရင် အသင်္ခယာစောယွန်း ကြေးရုပ်တုကိုလည်း သီတဂူဆရာတော်က လှူဒါန်း ခဲ့သည်။

Top News