တပ်မတော်၏ ဖိအားပေးမှုကြောင့် အကြမ်းဖက်ခံရဟု ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များဆို

ဖိအားပေးခြင်းမရှိဟု တပ်မတော်ပြော
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို ယမန်နေ့က ရုံးထုတ်စဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

တပ်မတော်၏ တရားစွဲဆိုခြင်း ခံနေရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို တပ်မတော်က ဖိအားပေးသဖြင့်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များက အင်းစိန်ထောင်အတွင်း အကြမ်းဖက်ပြီး လက်ထိတ်ခတ်ခဲ့ကြောင်း ကာယကံရှင်များကပြောသည်။


 နိုင်ငံတော်အကြည်ညိုပျက် စေမှုပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြင့် တရားစွဲခံနေရသည့် ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် ခုနစ်ဦးကို မေလ  ၂၀ ရက်တွင် ဗိုလ်တထောင်မြို့  နယ်တရားရုံး၌ ရုံးထုတ်စဉ် ထိုသို့ပြုကျင့်ခံရသည်ဟု ၎င်းတို့က ပြောသည်။

‘‘ကျွန်တော်တို့တွေ ထောင် မှာ ပဋိပက္ခဖြစ်တယ်။ အကြမ်း ဖက်ခံရတယ်။  လက်ထိတ်နောက် ပြန်ချုပ်ပြီးတော့ အချုပ်ခံရတယ်။   လူဆိုးလူမိုက်တွေတောင် လက် ထိတ်နောက်ပြန်မခတ်တာ ကျွန် တော် လက်ထိတ်နောက်ပြန်ခတ် ခံရတယ်။ ကျွန်တော့်လက်တွေ မှာ ထိခိုက်ဒဏ်ရာရတာတွေအ များကြီးပဲ’’ဟု သံချပ်အဖွဲ့ဝင် ကိုပိုင်ရဲသူကပြောသည်။

ထိုသို့ လက်ထိတ်ခတ်ခံရ ခြင်းသည် တပ်မတော်က ရဲတပ်ဖွဲ့ဝင်များကို ဖိအားပေးသဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့ဝင်များက ပြောသည်ဟု   ထောင်ထဲ၌ လက်ထိတ်ခတ်ခံခဲ့ရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဖိုးသားက ပြောသော် လည်း   သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

‘‘တပ်မတော်အရာရှိတွေက  ဖိအားပေးတယ်ဆိုပြီးတော့ ရဲဝန် ထမ်းတွေ ကျွန်တော့်ကို ပြောပါ တယ်။  တပ်မတော်အရာရှိတွေက ဖိအားပေးနေတယ်ဆိုပြီး ကျွန် တော်တို့ကို လက်ထိတ်ခတ်ဖို့ ကြိုးစားပါတယ်။ ထောင်ထဲအထိ ၀င်ပြီးတော့ လက်ထိတ်ခတ်ဖို့ကြိုးစားပါတယ်’’ဟု ၎င်းကပြော သည်။

ရဲတပ်ဖွဲ့ဝင်များအား တပ်မ တော်က ဖိအားပေးသည့်အပေါ် ကိုဖိုးသားက မေးခွန်းထုတ်သည်။   ‘‘တပ်မတော်အရာရှိတွေက ဖိ အားပေးလို့ ရဲတပ်ဖွဲ့ဝင်တွေက လက်ထိတ် ခတ်ရပါတယ်ဆိုတဲ့ အကြောင်းကို ရဲတပ်ဖွဲ့ဝင်တွေက ပြောပြပါတယ်။ အဲဒီတော့ တရား စွဲရုံနဲ့ မလုံလောက်သေးဘူးလား လို့ ပြောချင်ပါတယ်’’ဟု ၎င်းက ပြောသည်။

သံချပ်အဖွဲ့ဝင်များကို ယ မန်နေ့က ရုံးထုတ်ရာတွင်လည်း    တရားသူကြီးချိန်းဆိုထားသည့်အ ချိန် နေ့လယ် ၁ နာရီတွင် တရား​  ရုံးသို့ ရောက်မလာဘဲ မွန်းလွဲ ၃ နာရီကျော်မှသာ ရောက်လာကြ သည်ကို တွေ့ရသည်။

 တရားရုံးသို့ ရောက်လာ သည့်အခါတွင်လည်း ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ဝင်များ လက် ထိတ်ခတ်ခံထားရသဖြင့် ၎င်းတို့၏ မိသားစုဝင်များ၊ ၀န်းရံသူများ နှင့် ရဲတပ်ဖွဲ့ဝင်တို့အကြား  ရုန်း ရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

ထို့အပြင် တရားရုံးတွင်းသို့ ရောက်သည့်အခါ ထမင်းစားရန်  အတွက်ပင် လက်ထိတ်ဖြုတ်ပေး ခြင်းမရှိခဲ့ဟု ၎င်းတို့၏ရှေ့နေက ပြောသည်။ မိသားစုဝင်နှင့် ၀န်းရံ  သူများက လက်ထိတ်ဖြုတ်ပေးရန် တောင်းဆိုသော်လည်း ရဲအရာရှိတစ်ဦးက ‘‘ကျွန်တော်တို့က ကြားညပ်နေတယ်လေ’’ဟု တုံ့ ပြန်ကာ လက်ထိတ်ဖြုတ်မပေး ကြပေ။

ဖမ်းဆီးခံရသူများ ရုံးချိန်အတွင်း မိသားစုဝင်များနှင့် လွတ်လွတ်လပ်လပ် တွေ့ခွင့်မရခြင်း၊ ထမင်းစားရန် လက်ထိတ်ဖြုတ်ခွင့်မရခြင်းတို့သည် အခွင့်အရေးချိုးဖောက်ခံရခြင်းဖြစ်ကြောင်း တရားစွဲဆိုခံထားရသူများ၏ ရှေ့နေ ဦးအောင်စည်ထွန်းက ပြော ကြားသည်။

‘‘ပုံမှန်ဆိုရင် ရုံးချိန်ကလေး တွေ ထမင်းစားဖို့ မိဘတွေနဲ့တွေ့ ဆုံဖို့ ဒါတွေရှိတယ်လေ။ ဒါတွေ ကလည်း အခွင့်အရေးတွေရှိပြီး  သား။ တရားရုံးကို ကျွန်တော်တို့ ပြောတယ်။ ကလေးတွေ ထမင်း စားဖို့၊ မိဘတွေနဲ့တွေ့ဆုံဖို့ ရုံးကလည်းခွင့်ပြုတယ်။ ဒါပေမဲ့ ဒီဘက်က၊ သက်ဆိုင်ရာက ရဲတွေက ခွင့်မပြုဘူး’’ဟု ၎င်းကဆို သည်။

ထိုသို့အခွင့်အရေးဆုံးရှုံးခဲ့ရ သည့်အခြေအနေများကို လာမည့် တစ်ပတ်ရုံးချိန်းတွင် တရားသူကြီးထံ တင်ပြမည်ဟု ဦးအောင်စည်ထွန်းက ပြောသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အ ဖွဲ့ဝင်များ အမှုရင်ဆိုင်နေရသည့် အခြေအနေနှင့် ပတ်သက်၍ ရုံးထုတ်သို့ လာရောက်ဝန်းရံသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနီလာ သိန်းကလည်း ဝေဖန်ပြောကြား သည်။

 ‘‘ကျွန်မတို့နိုင်ငံက  တရား ဥပဒေစိုးမိုးမှုရဲ့ အထက်မှာရှိနေတဲ့လူတစ်စုရဲ့ ဖြစ်စေချင်တဲ့အရာတွေကို လုပ်ဆောင်ပေးနေတာ ဟာ တရားဥပဒေစိုးမိုးမှုကို ပျက်ပြားအောင် လုပ်ဆောင်နေပါ တယ်။ တရားရေးမဏ္ဍိုင်ဟာ တစ်ဖက်စောင်းနင်း ဖြစ်နေပါတယ်’’ ဟု ၎င်းကဆိုသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အ ဖွဲ့၏ သင်္ကြန်အတွင်း သံချပ်ဖျော် ဖြေမှုများနှင့် လူမှုကွန်ရက်ပေါ်  တွင် တိုက်ရိုက်ထုတ်လွှင့်တင် ဆက်ခဲ့မှုများသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ဆိုကာ တပ်မတော်က တရားစွဲဆိုထားခြင်းဖြစ်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အ ဖွဲ့ဝင်များသည် တိုင်းပြည်ပျက်စေ ရန် လုပ်ဆောင်နေသူများမဟုတ် ဘဲ ၎င်းတို့သံချပ်တွင် ပါဝင်သည့် အချက်များမှာလည်း တိုင်းပြည် အပေါ် တပ်မတော်က ကျူးလွန်  သည့်ကိစ္စများသာ ဖြစ်ကြောင်း   တပ်မတော်၏ တရားစွဲဆိုခြင်းခံ ရသူ ကိုဇေယျာလွင်က ပြော သည်။

‘‘ကျွန်တော်တို့ သံချပ်မှာပါ တဲ့ အကြောင်းအရာတွေအားလုံး ဟာ တိုင်းပြည်မှာ စစ်တပ်ကကျူး  လွန်ခဲ့တဲ့ကိစ္စတွေချည်းပဲ။ အဲဒီ အတွက်ကြောင့် ကျွန်တော်တို့ ဘယ်တော့မှ စစ်တပ်ကို နောက် ဆုတ်မှာမဟုတ်ဘူး။ တည့်တည့်ပဲရင်ဆိုင်မှာပါ’’ဟု ၎င်းကဆိုသည်။

တပ်မတော်ပြောရေးဆိုခွင့် ရှိသူ  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံမေးမြန်းရာ ‘‘လက်ထိတ်ခတ်ခြင်း၊ မခတ်ခြင်းဆိုတာက ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းပါ။ တပ်မတော်ကနေသွားပြီးတော့မှ ဒီဟာနဲ့ပတ် သက်လို့ ဖိအားပေးလို့မရပါဘူး’’ ဟုပြောသည်။

နောက်တစ်ကြိမ် ရုံးချိန်းကို ဇွန်လ ၃ ရက်သို့ ထပ်မံချိန်းဆို ထားသည်။

Top News