ပိတ်ပင်ခံရသည့်နေရာသုံးခုတွင် ၀တ်ပြုဆုတောင်းပွဲများ ပြန်လုပ်ခွင့်ရ

ဘာသာရေးနှင့် လူမျိုးရေး မတည်ငြိမ်စေရန် လုပ်ဆောင်သူများကို ကန့်ကွက်သည့် နှင်းဆီဖြူလှုပ်ရှားမှုပြုလုပ်
ပိတ်ပင်ခံရသည့် ယာယီဝတ်ပြုကျောင်းဆောင်များသို့ မေလ ၁၆ ရက်က အာရှအလင်းရောင်ဆရာတော် ကြွရောက်အားပေးစဉ် (ဓာတ်ပုံ − JPaing / MPA)

ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တွင် ပိတ်ပင်ခံထားရ သောအစ္စလာမ်ဘာသာဝင်များ ၏ ဥပုသ်လ၀တ်ပြုဆုတောင်းပွဲ  ကို အာဏာပိုင်များက ပြန်လည် ခွင့်ပြု၍ ယမန်နေ့တွင်ဝတ်ပြု ဆုတောင်းမှုများပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံအစ္စလာမ်ဘာသာရေး အဖွဲ့အတွင်းရေးမှူးချုပ် ဦးဝဏ္ဏ ရွှေကပြောသည်။

အရှေ့ပိုင်းခရိုင်အထွေထွေ  အုပ်ချုပ်ရေးမှူးကိုယ်တိုင်လာ ရောက်ကြည့်ရှုပြီးနောက်ပြန် လည်ဝတ်ပြုရန်ခွင့်ပြုပေးခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့လည်း လုံခြုံရေးပေး ထားကြောင်း ဦးဝဏ္ဏရွှေက ပြောသည်။

‘‘တိုင်းထွေအုပ်က ၀တ်ပြု လို့ရပါပြီလို့အကြောင်းကြားပါ တယ်။ အဲဒါကြောင့် ၀တ်ပြုဆု တောင်းမှုတွေသုံးနေရာစလုံးလုပ် နေပါပြီ။ ကျွန်တော်တို့စိတ် မကောင်းဖြစ်နေတာကနေ ပြန် လည်ဝတ်ပြုခွင့်ရလို့ ပြောမပြ တတ်အောင်ဝမ်းသာရပါတယ်’’ ဟု ဦးဝဏ္ဏရွှေက ပြောသည်။

မေလ ၁၅ ရက်ညက ဒဂုံ မြို့သစ်တောင်ပိုင်းရှိ (၆၄) ရပ် ကွက်နှင့် (၁၀၆) ရပ်ကွက်ရှိဟာ ဂျီဦးတင်စိုးနှင့် ဦးရန်အောင်တို့နေ အိမ်၌ အစ္စလာမ်ဘာသာဝင်တို့ ၏ ဥပုသ်လစုပေါင်းဝတ်ပြုဆု တောင်းပွဲပြုလုပ်ရာတွင် မိုက် ကယ်ကျော်မြင့်ဦးဆောင်၍ သံ ဃာအချို့အပါအ၀င် အမျိုးသား ရေးလှုပ်ရှားသူဟုဆိုသူ ၁၀၀ ကျော်က ၀င်ရောက်တားဆီးပိတ် ပင်ခဲ့သည်။ ထို့အပြင် မေလ ၁၄ ရက်က ၂၆ ရပ်ကွက်ရှိဦးမောင်  မောင်နေအိမ်တွင် ပြုလုပ်သည့် ၀တ်ပြုဆုတောင်းပွဲသို့ လည်း သွားရောက်ပိတ်ပင်ခဲ့သည်။

အမျိုးသားရေးဆိုသူများက  ပိတ်ခိုင်းသည့် ၀တ်ပြုဆုတောင်း မှုများပြုလုပ်သည့် နေအိမ်များ သည် ရန်ကုန်တိုင်းအစိုးရအဖွဲ့က  တရားဝင်ဝတ်ပြုဆုတောင်းခွင့် ပေးထားသည်။ ထို့ကြောင့်တရား ၀င်ခွင့်ပြုပေးထားသည့် ၀တ်ပြု ဆုတောင်းမှုများကို အမျိုးသား ရေးဆိုသူများက လိုက်လံတားဆီး  ပိတ်ပင်နေမှုအပေါ်ပြည်သူများ က ပြင်းပြင်းထန်ထန်ဝေဖန်ကန့် ကွက်နေသည်။

ဒဂုံမြို့သစ်တောင်ပိုင်းအ တွင်း အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုဆုတောင်းမှုပိတ်ပင်ခံရမှု အပေါ်စာနာထောက်ထားမှုကို   ပြသသည့်အနေဖြင့် ငြိမ်းချမ်း ရေးလိုလားသည့် လူငယ်များက အစ္စလာမ်ဘာသာဝင်များအား နှင်းဆီပန်းအဖြူများပေးကမ်း သည့် ‘နှင်းဆီဖြူလှုပ်ရှားမှု’ ကို ယမန်နေ့တွင် စတင်ပြုလုပ်ခဲ့ သည်။

မြန်မာနိုင်ငံအတွင်းဖြစ်ပွား နေသည့်ဘာသာရေးနှင့် လူမျိုး ရေးများမတည်ငြိမ်စေရန်၊ အမုန်း  ပွားစေရန်တမင်ကြံစည်လုပ် ဆောင်မှုများကို ပြည်သူလူထုက  ကန့်ကွက်သည့် လှုပ်ရှားမှုဖြစ် ကြောင်းနှင်းဆီဖြူ လှုပ်ရှားသူများ  ကပြောသည်။

မေလ ၁၆ ရက်ညကလည်း တောင်ဒဂုံမြို့နယ် (၁၀၆) ရပ် ကွက်တွင် ၀တ်ပြုဆုတောင်းမှု ပိတ်ပင် ခံရသောနေအိမ်သို့အာရှ အလင်းရောင်ဆရာတော်ဦးစိန္တိ  တကြွရောက်ပြီး အစ္စလာလမ် ဘာသာဝင်များအား နှင်းဆီဖြူ များပေးကမ်းခဲ့သည်။

ထို့အပြင် အမျိုးသားရေးဆို သူများ လာရောက်တားဆီးပိတ် ပင်မှုအပေါ် ပြဿနာမဖြစ်စေ ရေး သည်းခံခွင့်လွှတ်ပေးသော တောင်ဒဂုံမြို့နယ်ရှိ အစ္စလာလမ် ဘာသာဝင်များ၏ စိတ်ထားကို ချီးကျူးကြောင်း အာရှအလင်း ရောင်ဆရာတော်က မိန့်ကြား သည်။

ဒဂုံမြို့သစ်တောင်ပိုင်း၌ ဖြစ် ပွားခဲ့သည့် အစ္စလာမ်ဘာသာဝင် များ၏ ဥပုသ်လ၀တ်ပြုဆုတောင်း ပွဲတားဆီးပိတ်ပင်ရာတွင် ပါဝင် သူမိုက်ကယ်ကျော်မြင့်ပါနှစ်ဦးကို ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ထား သော်လည်း ယမန်နေ့ ညဥ့်ဦးပိုင်း ထိ ဖမ်းဆီးရမိခြင်းမရှိသေးပေ။