ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့များ အခြေချခွင့်မပြုခြင်းကို နားလည်ရန်လိုဟု အစိုးရပြော

  • ရခိုင်ပြည်နယ်အတွင်း တပ်တည်ရှိရေး အဓိကရည်မှန်းဟု AA ပြော
  • လက်နက်ကိုင်ပြီး အခွင့်အရေးတောင်းဆိုမည့်အစား နိုင်ငံရေးစားပွဲဝိုင်းလာရန် AA ကိုဖိတ်ခေါ်


အဖြူရောင်နယ် မြေဖြစ်သည့် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချရန် ကြိုးစားခြင်းသည် ငြိမ်းချမ်းမှုနှင့်လုံခြုံရေးကို ခြိမ်း ခြောက်စေသဖြင့် အစိုးရဘက်က ထိုက်သင့်သည့်လုံခြုံရေးဆောင် ရွက်ချက်များ လုပ်ဆောင်နေခြင်း ကိုနားလည်သဘောပေါက်ရန်  လို အပ်ကြောင်း NRPC ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ရခိုင် လက်နက်ကိုင်အဖွဲ့(AA)အပါအ ၀င် NCA မထိုးရသေးသည့် တိုင်း ရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အစိုးရ၊ တပ်မတော်ကိုယ် စားလှယ်များပါဝင်သည့် အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မတ်လ ၂၁ ရက်က နေပြည်တော်ရှိ ရုံး၌တွေ့ဆုံစဉ် ဒေါက်တာတင်မျိုးဝင်းက ပြော ကြားခြင်းဖြစ်သည်။

‘‘ရခိုင်ပြည်နယ်ဟာ အဖြူ ရောင်နယ်မြေဖြစ်ပါတယ်။ အဖြူ ရောင်နယ်မြေကို လက်နက်ကိုင် အဖွဲ့အစည်းတွေအခြေချဖို့ ကြိုး စားခြင်းဟာ ငြိမ်းချမ်းလုံခြုံရေး ကို ခြိမ်းခြောက်မှုဖြစ်တဲ့အတွက် အစိုးရဘက်က ထိုက်သင့်တဲ့လုံ ခြုံရေးဆောင်ရွက်ချက်တွေကို ဆောင်ရွက်နေခြင်းသာဖြစ်ပါ တယ်ဆိုတာ နားလည်သဘော ပေါက်ဖို့လိုအပ်ကြောင်း တင်ပြ လိုပါတယ်’’ ဟု ဒေါက်တာတင် မျိုးဝင်းက ပြောသည်။

နှစ် (၇၀) ကျော်ကြာမြင့်ပြီ ဖြစ်သော ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများ၏ သင်ခန်းစာနှင့် လက်ရှိရခိုင်ပြည်နယ်ရှိ ပြည်သူ များ၏အခြေအနေကြောင့် လက်  နက်ကိုင်ပြီး အခွင့်အရေးများ တောင်းဆိုမည့်အစား နိုင်ငံရေး ဆွေးနွေးရေးစားပွဲဝိုင်းသို့ လာ ရောက်ရန် အလေးအနက်ဖိတ် ခေါ်လိုကြောင်း ဒေါက်တာတင် မျိုးဝင်းက ဆက်ပြောသည်။

ဒေါက်တာ တင်မျိုးဝင်း ပြောကြားချက်နှင့်ပတ်သက်ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာ သည့် AA ကိုယ်စားလှယ်ဗိုလ်မှူး ကြီးကျော်ဟန်က ‘‘ကျွန်တော်တို့ ရခိုင့်တပ်မတော်ကို ရခိုင်ပြည်မှာ တည်ရှိနေမှုကို တပ်မတော်ဘက် က လက်မခံတဲ့သဘောလို့ ကျွန် တော်တို့ နားလည်တယ်လေ။ ဒါ ပေမဲ့ ကျွန်တော်တို့ရခိုင်တွေကို ရခိုင်ပြည်မှာ ရခိုင့်တပ်မတော် တည်ရှိရေးဟာ ကျွန်တော်တို့ ULA/AA ရဲ့ အဓိကရည်မှန်းချက် ဖြစ်တယ်’’ ဟု မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောသည်။

ရခိုင်ပြည်သူများ လုံခြုံအေး ချမ်းဖွံ့ဖြိုးရေးကို AA ကသာ တာ ၀န်ယူနိုင်မည်ဖြစ်သည်ဟု ခံယူ ထား၍ လုပ်သင့်လုပ်ထိုက်သည် များကို လုပ်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ရခိုင့်တပ်မတော်က ရခိုင် ပြည်နယ်မှာ နေလို့မရဘူးဆိုတဲ့ အနေအထားမျိုးကို ဆုပ်ကိုင်နေ ရင်တော့ ကျွန်တော်တို့ငြိမ်းချမ်း ရေးက ရှေ့ကို တိုးလို့မရတော့ ဘူး’’ ဟု ဗိုလ်မှူးကြီးကျော်ဟန်က ပြောသည်။

AA က ရခိုင်ပြည်နယ်အ တွင်း အခြေချမည်ဆိုသည့်ကိစ္စ အပေါ် အစိုးရကိုယ်စားလှယ်ဦး ဇော်ဌေးက ‘‘ကျွန်တော်တို့ပြော ထားပြီးပြီ။ ပြောထားပြီးသားဆို တာ ကြိမ်ဖန်များစွာလည်းပြော ထားပြီးပြီ။ ငြိမ်းချမ်းရေးဆွေးနွေး ပွဲလမ်းကြောင်းကတော့၊ ငြိမ်း ချမ်းရေးတံခါးကတော့ ဖွင့်ထား တယ်။ အဲဒါကြောင့်မို့လို့လည်း ဒီနေ့ဆွေးနွေးတာဖြစ်တယ်။ တစ် ဖက်မှာလည်း ဒေသတည်ငြိမ် ရေး၊ လုံခြုံရေးအတွက်တော့ အ စိုးရတစ်ရပ်အနေနဲ့ လုပ်သင့် လုပ်ထိုက်တာတော့ လုပ်ရမှာ ဖြစ်တယ်’’ ဟု မီဒီယာများအား ပြောကြားသည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ထိန်းချုပ်နယ်မြေ လိုင်ဇာဒေသ၌ အခြေပြုဖွဲ့စည်းခဲ့ သည့် AA သည် ရခိုင်ပြည်နယ် အတွင်း အခြေချရန်ကြိုးပမ်းခဲ့ရာ ၂၀၁၅ ကစ၍ တပ်မတော်နှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

တပ်မတော်နှင့် AA တို့ ၂၀၁၈ နိုဝင်ဘာကစ၍ လက်ရှိ အထိ တိုက်ပွဲများပြင်းထန်စွာ ဖြစ် ပွားနေသည်။