မိသားစုဝင်ချင်း သတ်ဖြတ်အလောင်းဖျောက်မှု မြို့သစ်မြို့နယ်တွင် ဖြစ်ပွား

 လူသေအလောင်း တွေ့ရာမှစုံစမ်းဖော်ထုတ်ရာ မိ သားစုဝင်ချင်း စကားများရန်ဖြစ် ကာ လူသတ်အလောင်းဖျောက် ဖျက်သည့်ဖြစ်စဉ်ပေါ်ပေါက်ခဲ့ ကြောင်း မြို့သစ်မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးတာဝန်ရှိသူတစ်ဦးက ပြော သည်။

မတ်လ ၁၈ ရက်တွင်မကွေး တိုင်းမြို့သစ်မြို့နယ် ရွှေပန်းကျေး ရွာ စမုံချောင်းအတွင်းတစ်ပိုင်း တစ်စပေါ်နေသည့် လူသေအ လောင်းတွေ့သဖြင့် အုပ်ချုပ်ရေး မှူး၏ သတင်းပေးတိုင်ကြားချက် အရ ဒန့်သလွန်ပင်နယ်မြေရဲစခန်း တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် လူ သေအလောင်းသည် ခြေထောက် နှင့် လက်တစ်ဖက်ပေါ်လျက် ခန္ဓာ ကိုယ်မှာ သဲအတွင်းနစ်မြုပ်နေ ကာ ၀ဲဘက်လည်ပင်းပြတ်ရှဒဏ် ရာတစ်ချက်ဖြင့် သေဆုံးနေသည် ကို စစ်ဆေးတွေ့ရှိကြောင်း ရဲ တပ်ဖွဲ့စစ်ဆေးချက်မှတ်တမ်း၌ ဖော်ပြသည်။

သေဆုံးသူသည် ရွှေပန်း ကျေး ရွာနေအသက်(၅၃)နှစ်အ ရွယ်ဦးသောင်းမွှေးဖြစ်ပြီး သေဆုံး သူ၏ နေအိမ်သို့သွားရောက်စစ် ဆေးရာ နေအိမ်အပေါ်ထပ်ကြမ်း ပြင်တွင် သွေးဟုယူဆရသည့်အ စက်အကွက်များ တွေ့ရှိခဲ့သည်။

ထို့ကြောင့် သေဆုံးသူ၏ (၅၂)နှစ်အရွယ် ဇနီး ကို စစ်ဆေးရာ မတ်လ ၁၆ ရက်ညက လင်မယားချင်း စကားများရန်ဖြစ်ပြီး သေဆုံးသူက အရိုးအသွားခုနစ် လက်မခန့်ရှိသည့် ဓားဖြင့်ထိုးရာ ၎င်းကဓားကိုလုယူပြီး သေဆုံးသူ ၏လည်ပင်းကို လှီးဖြတ်ခြင်းဖြစ် ကြောင်း  အဆိုပါအမျိုးသမီးက ရဲတပ်ဖွဲ့စခန်းတွင် ထွက်ဆိုခဲ့သည်ဟုဆိုသည်။

အခင်းဖြစ်ပွားချိန်တွင် အနီး ၌ ၎င်းတို့၏(၂၆)နှစ်အရွယ်သမီး နှင့် (၃၄)နှစ်အရွယ် သမက် ဟောင်းတို့ရှိကြောင်း၊ အခင်းဖြစ် ပွားပြီးနောက် သေဆုံးသူကို ၎င်းတို့သုံးဦးက နေအိမ်ရှိ နွားလှည်းဖြင့်တင်ဆောင်ကာ စမုံချောင်းဘက်သို့ သွားရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးချက်မှတ်တမ်း၌ ဖော်ပြသည်။

စမုံချောင်းသို့ ရောက်ချိန် တွင် သေဆုံးသူ၏ဇနီးနှင့် သမက် တို့က မသေမရှင်ဖြစ်နေသည့်ဦး သောင်းမွှေးကို လှည်းပေါ်မှချကာ အသင့်ပါလာသည့် ၀ါးဆစ်တုတ် ဖြင့် ထပ်မံရိုက်နှက်ပြီး လှည်းပေါ် သို့ထပ်မံတင်ဆောင်သယ်ယူ၍ စမုံချောင်း ကျောက်တစ်လုံးအိုင် အနီးအရောက်တွင် သဲအတွင်း မြှုပ်နှံခဲ့ကြောင်း ယင်းစစ်ဆေး ချက်မှတ်တမ်း၌ ဖော်ပြထား သည်။

ထို့ကြောင့် ဒန့်သလွင်ပင် နယ်မြေရဲစခန်းက ကျူးလွန်သူ သုံးဦးကို လူသတ်မှု၊သက်သေခံ ကိုပျောက်ပျက်စေခြင်း (သို့မ ဟုတ်)မမှန် သတင်းပေးခြင်းစ သည့်ပုဒ်မများဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်နေသည်။