ကိုကိုးကျွန်းကို ခရီးစဉ်ဒေသအဖြစ် လည်ပတ်ခွင့်ပြုရန် စီစဉ်နေဟု တပ်ချုပ်ပြောကြား

ကိုကိုးကျွန်း ကမ်းခြေတစ်နေရာ (ဓာတ်ပုံ- 7Day)

ကိုကိုးကျွန်းကို ခရီးသွား ဒေသတစ်ခုအဖြစ် လည်ပတ်သွား လာခွင့်ပြုရန် စီစဉ်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။

ကိုကိုးကျွန်းဒေသတွင် မတ် လ ၁၈ ရက်က ပြုလုပ်သည့် တပ် မတော်(ရေ)ပင်လယ်ပြင် စစ်ဆင် ရေးလေ့ကျင့်ခန်း မပြုလုပ်မီ သတင်းထောက်များနှင့်တွေ့ဆုံ စဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

‘‘(ခရီးသွားခွင့်ပြုပေးဖို့) စီစဉ်ထားပါတယ်။ အဆင်သင့် မဖြစ်သေးဘူး။ ဖြည်းဖြည်းချင်း လုပ်နေတယ်။ လေယာဉ်ကွင်းကို လည်း အလျားလိုလို့ ထပ်ပြီးတော့ ပြန်ပြင်နေတယ်။ ကိုယ်တို့ လုပ် မှာပါ။ Package Tour တော့ အရင်စလုပ်ပေးမယ်။ နေရာတွေ လည်း လုပ်ထားတယ်’’ဟု ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှင်းပြသည်။

သို့သော် မည်သည့်ကာလ တွင် စတင်ခွင့်ပြုပေးနိုင်မည်ကို ထည့်သွင်းပြောကြားခြင်းမရှိပေ။

ကိုကိုးကျွန်းဒေသသည် စစ် ရေးအရ အချက်အချာကျသည့် ဒေသအဖြစ် သတ်မှတ်ခံထားရပြီး လက်ရှိတွင် ပြည်ပခရီးသွားများ သွားလာရန် လွယ်ကူခြင်းမရှိပေ။ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးရေးကာလအတွင်း ကိုကိုးကျွန်း မဲဆန္ဒနယ်မှ ယှဉ်ပြိုင်မည့် ဒီချုပ် ကိုယ်စားလှယ်များ သွားရောက် မဲဆွယ်ရေးအတွက်ပင် အခက်အ ခဲများရှိခဲ့သည်။

 ကိုကိုးကျွန်း ဒေသသည် လက်ရှိအချိန်ထိ Virgin Land (အပျိုစင်ကုန်းမြေ)ဟု သတ်မှတ် ခံထားရဆဲဖြစ်ပြီး နိုင်ငံအတွက် အရေးပါသည့် ဒေသဖြစ်၍ ခရီး သွားဒေသအဖြစ် သတ်မှတ်ခွင့်ပြု ပေးနိုင်ရန် အဘက်ဘက်က စဉ်း စားသုံးသပ်နေကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

‘‘အမျိုးမျိုးပေါ့လေ။ ချိန်ရ တာပေါ့။ ဒီနေရာကျတော့လည်း တော်တော်လေးကို အရေးကြီးတဲ့ နေရာတစ်ခုဖြစ်နေတာကိုး။ လာ လည်း ကြည့်ဖူးကြပါတယ်။ တောင်းဆိုထားတာတွေလည်း ရှိတယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောသည်။

ခရီးစဉ်ဒေသအသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်မည်ဆိုပါက သွား လာရေး လွယ်ကူအဆင်ပြေရန် နှင့် အခြေခံလိုအပ်ချက်များ ပြည့် စုံနေရန် လိုအပ်ပြီး လက်ရှိ ဈေး ကွက်ရရှိပြီးသော ကမ်းခြေများ သည် ဆယ်နှစ်နှင့်အထက် အချိန် ယူ အကောင်အထည်ဖော်ခဲ့ရ သည့် ကမ်းခြေများဖြစ်ကြောင်း

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်မောင် ထွန်းက သုံးသပ်သည်။

‘‘မြေပြင်မရောက်ဖူးတော့ သုံးသပ်ရတာခက်တယ်။ အကြမ်း ဖျင်းအားဖြင့်တော့ ခရီးစဉ်ဒေသ အတွက်တွေ ဖွင့်ပေးတာက ကောင်းတာပေါ့နော်။ ဒါပေမဲ့ ဘယ်နေရာပဲ ဖွင့်ဖွင့် ခရီးသွား တွေဆိုတာ ပြည်တွင်း၊ ပြည်ပ သွားလာတာ အဆင်ပြေဖို့ လို တယ်။ အခြေခံအဆောက်အအုံ လည်း အရေးကြီးတယ်။ ဆက်စပ် သွားလာနိုင်မှုတွေ၊ ရေ၊ မီး ဒါတွေ ကအစ လိုတယ်’’ဟု ၎င်းက ပြော သည်။

ကိုကိုးကျွန်းသည် ဧရိယာ အရ ကျဉ်းမြောင်းသည့်သဘော ရှိပြီး ယင်းဒေသသို့ မရောက်ဖူး သေးသော ခရီးသွားများ လာ ရောက်နိုင်သော်လည်း နောက် တစ်ကြိမ် ထပ်မံလာရောက်ရန် ဆန္ဒရှိမည်မဟုတ်ကြောင်း ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ဆိုသည်။

‘‘ခရီးသွားတွေကို ဆွဲဆောင် နိုင်မယ့် အကြောင်းအရာတစ်ခုခု ရှိမှဖြစ်မယ်။ အထိုက်အလျောက် တော့ ရှိတယ်။ ကျွန်းကို ပတ်လိုက်ရင် အကျဉ်းထောင်တွေ၊ ဂျပန် သစ်ကတုတ်တွေ ရှိတာပေါ့။ လုံ ခြုံရေးအရ ဘယ်လောက်ခွင့်ပြု နိုင်မလဲ။ ကတုတ်တွေလည်း များ များစားစားမဟုတ်ဘူး။ အကျဉ်း ထောင်ကလည်း မွမ်းမံရမှာ’’ဟု ၎င်းက ပြောသည်။

ရန်ကုန် တောင်ပိုင်းခရိုင် တွင် ပါဝင်သည့် ကိုကိုးကျွန်းမြို့ နယ်သည် ကျွန်းပေါင်း ၁၂ ကျွန်း (ဧက ၆,၅၀၀ ကျော်) ဖြင့် ဖွဲ့စည်း ထားပြီး ရန်ကုန်မြို့ အနောက် တောင်ဘက် မိုင် ၂၆၀ အကွာတွင်တည်ရှိသည်။

၁၉၆၀ ပြည့်နှစ်ဝန်းကျင်တွင် ကိုကိုးကျွန်း၌ နိုင်ငံရေးအကျဉ်း သားများသာရှိသည်။ လက်ရှိ၌ အမှတ်(၂၈) ရေတပ်အခြေစိုက်စခန်းရှိသည်။ ကျွန်းပေါ်တွင် ဆက်သွယ်ရေးကွန်ရက်အဖြစ် စီဒီအမ်အေဖုန်းလိုင်းသာ အသုံးပြုနိုင်သည်။ ဆိပ်ကမ်းအနေဖြင့် တပ်မတော်က တည်ဆောက်ထား သည့် ဆိပ်ကမ်းတစ်ခုရှိပြီး ATR လေယာဉ်ဆင်းသက်နိုင်သည်။