မြန်မာအမျိုးသမီးနှင့် လက်မထပ်ဘဲ အတူနေသော တရုတ်နိုင်ငံသားကို လဝကဥပဒေဖြင့် ထပ်မံအမှုဖွင့်

 မြန်မာအမျိုးသမီးနှင့် လက်မထပ်ဘဲ ပေါင်းသင်းနေထိုင် သည့် တရုတ်နိုင်ငံသားကို လူကုန် ကူးမှုအပြင် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် မတ်လ ၂၀ ရက်က ထပ်မံအမှုဖွင့်ထားကြောင်း လှိုင် သာယာမြို့မရဲစခန်းမှူးက ပြော သည်။

အဆိုပါ အသက်(၃၃)နှစ် အရွယ် တရုတ်နိုင်ငံသားကို ပြီးခဲ့ သည့် မတ်လ ၁၃ ရက်က ရန်ကုန်လေဆိပ်၌ ဖမ်းမိပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ် မဖြင့် အမှုဖွင့်ကာ အင်းစိန်အ ကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။


‘‘ဟုတ်ပါတယ် သူ့ကို အမှု ထပ်ဖွင့်ထားတယ်။ လူဝင်မှုကြီး ကြပ်ရေးက တိုင်တန်းပြီး ထပ်ဖွင့် ထားတာပါ။ သူ့ကို အင်းစိန် ထောင်မှာ ချုပ်ရမန်တစ်လယူ ထားတယ်။ ပြီးတာနဲ့ တရားရုံးမှာ ရုံးထုတ်စစ်ဆေးသွားမယ်’’ ဟု အဆိုပါစခန်းမှူးက ပြောသည်။

၂၀၁၈ မတ်လက ဟင်္သာတ မြို့နယ်နေ (၂၁)နှစ်အရွယ်အမျိုး သမီးသည် လှိုင်သာယာမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်ရာမှ ယင်းဆိုင်သို့ လာရောက်စားသောက်သည့် တရုတ်နိုင်ငံသားနှင့် ခင်မင်ရင်းနှီးခဲ့ကြောင်း၊ တရုတ်နိုင်ငံသားက လက်ထပ်လိုကြောင်း ပြောပြီး ကျပ် ၂၈ သိန်း ဖိုးရှိရွှေထည်ပစ္စည်းများပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။

ထို့နောက် တရားဝင် လက် ထပ်ခြင်းမရှိဘဲ လှိုင်သာယာမြို့ နယ်ရှိ တည်းခိုခန်းများတွင် ပေါင်းသင်းနေထိုင်ပြီး တရုတ်နိုင်ငံသားသည် ၂၀၁၈ ဇွန်လက တရုတ်နိုင်ငံသို့ တစ်ကြိမ်ပြန်သွားကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

ထို့နောက် We Chat မှတစ် ဆင့် ဆက်သွယ်ပြီး စုစုပေါင်းကျပ်သိန်း ၂၀ ကို ငါးကြိမ်ခွဲပေး ကြောင်း၊ ၂၀၁၉ ဇန်နဝါရီတွင် ၎င်းတရုတ်နိုင်ငံသားသည် မြန်မာ နိုင်ငံသို့ ပြန်ရောက်လာပြီး အမျိုး သမီးနေထိုင်သည့် ဟင်္သာတမြို့ နယ်နေအိမ်သို့ သွားရောက်၍ ပေါင်းသင်းနေထိုင်ခဲ့ကြောင်း ရဲ မှတ်တမ်း၌ ပါဝင်သည်။

နောက်ပိုင်းတွင် အမျိုးသမီး ကို တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန် နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ လေယာဉ်လက်မှတ်များ ပြုလုပ်ကာ အမျိုးသမီး၏မိဘများအား ကျပ် ၁၀ သိန်း၊ အမျိုးသမီးအား ကျပ်သိန်း ၅၈ ပေးခဲ့ကြောင်း ရဲမှတ် တမ်း၌ ဖော်ပြသည်။

မတ်လ ၁၁ ရက်တွင် ၎င်းတို့ နှစ်ဦးသည် ဟင်္သာတမြို့နယ်မှ လှိုင်သာယာမြို့နယ်သို့ ရောက်ရှိ လာပြီး ပေါင်းသင်းနေထိုင်ကာ မတ်လ ၁၃ ရက်၌ တရုတ်နိုင်ငံသို့ ပြန်ရန် ရန်ကုန်လေဆိပ်သို့  လာရောက်စဉ် ဖမ်းမိခြင်းဖြစ်သည်။

၎င်းတရုတ်နိုင်ငံသားသည် ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက် လာသော်လည်း သတ်မှတ်ထား သော ခရီးသွားခွင့်ပြုမိန့်ပါ ဟို တယ်၊ မိုတယ်များတွင် တည်းခို ခြင်းမရှိဘဲ ယင်းအမျိုးသမီး၏နေ အိမ်၌ တည်းခိုနေထိုင်ခြင်း၊ ပြည်တွင်းဧည့်သည်များသာ တည်းခိုခွင့်ရှိသော လှိုင်သာယာရှိ တည်းခိုခန်းတွင် နေထိုင်ခြင်း၊ တရားဝင်လက်ထပ်ထားခြင်းမရှိဘဲ ယင်းအမျိုးသမီးကို တရုတ်နိုင်ငံသို့ ခေါ်ထုတ်ရန် ကြံစည်ခြင်းကြောင့် လဝကက ထပ်မံတရားစွဲဆိုခြင်းဖြစ်သည်။

 လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းက လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်း ချက်များ)အက်ဥပဒေပုဒ်မ ၁၃(၁)/၄(၂) ဖြင့် အမှုဖွင့်ထားသည်။

Top News