မကွေးတိုင်းရှိ တဲတိုက်စုကျေးရွာများ ရေအလှူရှင်လိုအပ်နေ

တဲတိုက်​စု​ကျေးရွာများအား သောက်သုံးရေလှူဒါန်းနေစဉ် (ဓာတ်ပုံ − မိုးကျော်)

 နွေရာသီရောက်တိုင်း သောက်သုံးရေ အခက်အခဲကြုံ တွေ့နေရသည့် မကွေးတိုင်းဒေသ ကြီးအတွင်းရှိ တဲတိုက်စုကျေးရွာ များသို့ နေ့စဉ်ရေလှူဒါန်းရန် လို အပ်ကြောင်း ရေလှူဒါန်းမှုတွင် ကူညီဆောင်ရွက်နေသည့် ဦးဇော်မင်းထိုက်က ပြောသည်။

မကွေးမြို့နယ်၊ နတ်မောက် မြို့နယ်နှင့် မြို့သစ်မြို့နယ်တို့ရှိ တဲတိုက်စုကျေးရွာများတွင် နွေ ရာသီရောက်တိုင်း စက်ရေတွင်း မရှိခြင်း၊ စိမ့်စမ်းများ ခန်းခြောက် ခြင်း၊ မြေသားရေကန်များ ရေခန်းခြောက်ခြင်းတို့ကြောင့် နှစ်စဉ်  သောက်သုံးရေ ပြတ်လပ်သည့် အခက်အခဲနှင့် ရင်ဆိုင်နေရ သဖြင့် ရေအလှူရှင်များနှင့် ချိတ်ဆက်လှူဒါန်း ပေးနေသော်လည်း လိုအပ်ချက်များ ရှိနေသေးကြောင်း ၂၀၁၄ ကတည်းက ရေလှူဒါန်းခဲ့သည့် ၎င်းကဆိုသည်။

‘‘တဲတိုက်ကျေးရွာတွေက လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းသေးဘူး။ စက်ရေတွင်း လည်း မရှိတော့ သောက်သုံးရေ အခက်အခဲရှိတယ်။ အဲဒါကြောင့် ရေအလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး တော့ ချိုးရေ၊ ရေချိုးဖို့တော့ မဟုတ်ဘူးပေါ့။ သောက်သုံးရေ အတွက် နေ့စဉ်ရေဂါလန် ၅,၀၀၀ ကျော်လှူဒါန်းပေးနေပါတယ်’’ ဟု ဦးဇော်မင်းထိုက်က ပြော သည်။

နေ့စဉ် ရေဂါလန်  ၅,၀၀၀ ကျော် လှူဒါန်းမှုအတွက် ကျပ် တစ်သိန်းနှစ်သောင်း ကုန်ကျ ကြောင်း၊ ယခုနှစ်တွင် အခြားမြို့ နယ်များမှ သောက်သုံးရေရရှိ ရေး ဆက်သွယ်အကူအညီတောင်း ခြင်းလည်းရှိကြောင်း ၎င်းကပြော သည်။

‘‘ရေလှူတဲ့နေရာမှာ တစ်အိမ်ကို ရေဘယ်နှပုံးပဲ ရမယ်လို့ ကန့်သတ်မထားပါဘူး။ သူတို့အိမ်တွေမှာရှိတဲ့ ကျောက်စည်၊ ပီပါ တွေကို အကုန်ဖြည့်ပေးပါတယ်။ သူတို့မှာ ရေလှောင်နိုင်တဲ့ ကန် တွေလည်း မရှိပါဘူး။ ကျေးရွာ တွေမှာ ရေစက်တွင်း မရှိရင် တောင်မှ ဂါလန်  ၅,၀၀၀ ဆံ့ လောက်ရေလှောင်ကန်တွေရှိနေ ရင်၊ ရေဖြည့်ပေးထားနိုင်ရင် ပိုအ ဆင်ပြေတာပေါ့’’ဟု ရေလှူဒါန်း မှုတွင်ပါဝင်လုပ်ဆောင်နေသည့် ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မမူစဲက ပြောသည်။

အဆိုပါ ရေလှူဒါန်းမှုတွင် မကွေးတိုင်း သဘာဝဘေး အန္တ ရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနနှင့် တိုင်းကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနတို့ကလည်း ကူညီဆောင်ရွက်နေကြောင်း ၎င်းကပြောကြား သည်။

မကွေးတိုင်းတွင် နွေရာသီ ရောက်တိုင်း သောက်သုံးရေရှား ပါးပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ သဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၌ ရေရှားပါးသည့် ကျေးရွာများသို့ ဦးစားပေးကာ သောက်သုံးရေ ရရှိရေးလုပ်ငန်း ၁၂၃ ခုကို ကျပ်သန်းနှစ်ထောင်ကျော် အကုန်အကျခံ ဆောင်ရွက်နေကြောင်း တိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနစာရင်းများအရ သိရ သည်။

Top News