မုံရွာမြို့ရှိ တရားမ၀င် စက်သုံးဆီဆိုင်များကို စစ်ဆေး

 မုံရွာမြို့တွင် မီးဘေးအန္တ ရာယ် စိုးရိမ်ရသော တရားမ၀င် စက်သုံးဆီ အရောင်းဆိုင်များ  ပိတ်သိမ်းရန် အဖွဲ့ပေါင်းစုံဖြင့် စစ်ဆေးနေကြောင်း မုံရွာခရိုင် မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောသည်။


မုံရွာမြို့ရှိ ချမ်းမြ၀တီ၊  မြ၀ တီ၊ နန္ဒ၀န်၊ ထန်းတောစသည့် ရပ်ကွက်များအတွင်း တရားမ၀င် စက်သုံးဆီ ရောင်းချနေသည့် ဘက်ထရီပန့်ဆိုင် ၃၀ ခန့်ကို ပိတ်သိမ်းရန် ယခုနှစ်မတ်လဆန်းကစတင်၍ သက်ဆိုင်ရာဌာနအဖွဲ့အ စည်းများက စစ်ဆေးခဲ့သည်။

‘‘ဘက်ထရီပန့်ဆိုင်တွေက တရားမ၀င်ဘူးဆိုတဲ့အကြောင်း နဲ့ ရောင်းချခွင့်မရှိဘူးဆိုတဲ့အ ကြောင်း၊ တရားမ၀င်ရောင်းချမယ် ဆိုရင် ဥပဒေနဲ့အညီ ဖမ်းဆီးအ ရေးယူမယ်ဆိုတဲ့အကြောင်း ကျွန် တော်တို့က လိုက်လံအသိပေးတဲ့ သဘောမျိုးပါ။ တိုင်းရေနံနှင့် ရေ နံထွက်ကုန်ပစ္စည်းလုပ်ငန်းထိန်း သိမ်းကြီးကြပ်ရေး ကော်မတီက လည်း ဒါတွေရောင်းချခွင့်မရှိတဲ့ အကြောင်း အသိပေးတဲ့စာရွက် စာတမ်းတွေ ဝေတယ်။ စာမှာပါ တဲ့အကြောင်းအရာတွေ သိရှိ ကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ဒီတစ်ကြိမ်အသိပေးပြီး နောက် တစ်ကြိမ်ပြန်လှည့်စစ်လို့ အသိ ပေးပြီးသားသူက ထပ်မံရောင်းချ မယ်ဆိုရင် စာထဲမှာပါတဲ့အတိုင်း ပဲ တရားစွဲဆို အမှုဖွင့်အရေးယူ သွားမှာပါ’’ဟု ဦးညီညီဇော်က ပြောသည်။

ထို့ပြင် ရပ်ကွက်နေအိမ်များ အတွင်း ပုလင်းထောင်၊ ဘူးထောင်စနစ်ဖြင့် စက်သုံးဆီရောင်းချခြင်း၊ စက်သုံးဆီပီပါများ သိုလှောင်ခြင်း  မပြုရန် ဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

စက်သုံးဆီအရောင်းဆိုင် များ စနစ်တကျ လျှောက်ထားပါ က ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ခွင့်ပြုသော်လည်း စစ် ကိုင်းတိုင်းအတွင်း နေရာအနှံ့အ ပြားတွင် တရားမ၀င်လိုင်စင်မဲ့ စက်သုံးဆီအရောင်းဆိုင် ပိုမို များပြားလာသဖြင့် မီးဘေးအန္တ ရာယ်စိုးရိမ်ရသောကြောင့် ရေနံ နှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပ ဒေနှင့်အညီ အရေးယူဆောင်ရွက် မည်ဟု ဆိုသည်။

၂၀၁၇ သြဂုတ် ၁ ရက်တွင် ပြဋ္ဌာန်းသော ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ၌ သက်ဆိုင်ရာ လိုင်စင်မရှိဘဲ စက်သုံးဆီရောင်းချကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သုံးသိန်းမှ အများဆုံးကျပ် သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခံရမည့်အပြင် ပြစ်မှုကျူးလွန်ခြင်း နှင့် သက်ဆိုင်သော ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း တရားမ၀င်စက်သုံးဆီရောင်းချသူများအား အသိပေးအကြောင်းကြားစာများ ဖြန့်ဝေခဲ့သည်။

မုံရွာမြို့တွင် ၂၀၁၉ ဇန်န ၀ါရီ ၁ ရက်မှ မတ်လ ၂၁ ရက်အ ထိ မီးလောင်မှု (၁၃) ကြိမ်ဖြစ်ပွား သည့်အနက် စက်သုံးဆီအရောင်း ဆိုင်နှင့် ရေနံချက်ဖိုများ၌ မီးလောင်မှု ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် မီးသတ်ဦးစီးဌာန မှတ်တမ်းများ၌ ဖော်ပြထားသည်။

Top News