အရက်ကြောင်နေသူတစ်ဦး ကောက်ရိုးပုံမီးရှို့ကာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်

အရက်ကြောင်နေသူ တစ်ဦးက နေအိမ်ရှိကောက်ရိုးပုံ ကို မီးရှို့ကာကိုယ့်ကိုယ်ကိုယ်သေ ကြောင်းကြံစည်မှု အောင်လံမြို့  ၌ မတ်လ ၂၀ ရက်ဖြစ်ပွားခဲ့သည်။


အောင်လံမြို့စမ်းချောင်းရပ် ကွက်နေ အသက် (၄၄) နှစ်အ ရွယ်အမျိုးသားသည် ၎င်းအိမ်ခြံ ၀င်းအတွင်း ၀ါးကွပ်ပျစ်ပေါ်တွင် စုပုံထားသည့် ကောက်ရိုးပုံကို မီး ရှို့သည့်အပြင် အင်္ဂတေဖြင့်ပြု လုပ်ထားသောရုပ်တုကို  ဦးခေါင်း ဖြင့်တိုက်ကာ သေကြောင်းကြံ စည်ကြောင်း အောင်လံမြို့မ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦး ကပြောသည်။

‘‘ဖြစ်တဲ့သူက ဟိန္ဒူလူမျိုးဆို တော့ ဓလေ့အရကိုးကွယ်တဲ့မြွေ ရုပ်တုကို ခြံဝင်းထဲမှာလုပ်ထား တယ်။ အဲဒါကို ခေါင်းနဲ့တိုက်ပြီး သေကြောင်းကြံပေမယ့် အချိန်မီ တားဆီးနိုင်လို့ ဦးခေါင်းထိခိုက် ဒဏ်ရာပဲရရှိခဲ့တယ်။ ကောက်ရိုး ပုံကို မီးရှိုခဲ့တာကတော့အချိန်မီ ထိန်းနိုင်ခဲ့လို့ တခြားကိုကူးစက် ခြင်းမရှိသလို ဘာမှထိခိုက်ပျက် စီးမှုမရှိဘူး’’ ဟု ၎င်းကပြော သည်။

အဆိုပါအမျိုးသားသည်  အ ရက်အလွန်အကျွံ သောက်သဖြင့် အရက်ကြောင်နေသူ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။ အောင်လံ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကာ လိုအပ် သလို အမှုဖွင့်လှစ်ဆောင်ရွက် မည်ဟု အောင်လံမြို့မရဲတပ် ဖွဲ့စခန်းတာဝန်ရှိသူက ပြောကြား သည်။