တောင်ကြီးမြို့တွင် ဟိန္ဒူရိုးရာ ဟိုလီသင်္ကြန်ပွဲကျင်းပ

 တောင်ကြီးမြို့ မြို့ မရပ်ကွက် တူးမြောင်းလမ်းရှိ ဟိန္ဒူဘုရားကျောင်းတွင် ဟိန္ဒူရိုး ရာ ဟိုလီ သင်္ကြန်ပွဲကို မတ်လ ၂၁ ရက် နေ့လယ်က ကျင်းပခဲ့ သည်။


နွေရာသီကို ကြိုဆိုသောအားဖြင့် ဟိုလီပွဲ ပြုလုပ်ခြင်းဖြစ်ပြီး အရောင်စုံဖြင့် ကစားရသည့် ရိုးရာပွဲတော်ဖြစ်ကြောင်း  တောင်ကြီးမြို့နယ် ဟိန္ဒူကောင်စီ ဒုဥက္ကဋ္ဌဦးဇော်ဦးက ပြောကြားခဲ့သည်။

‘‘ညီအစ်ကိုမောင်နှမ၊ မိ သားစု၊ မိတ်ဆွေတွေ မေတ္တာတ ရားထားဖို့၊ မှားတာတွေ ခွင့်လွှတ် ပြီးတော့မှ မေတ္တာတရားတွေ လွှမ်းခြုံအောင် အချင်းချင်း စည်း လုံးမှုကို ပြသတဲ့အနေနဲ့ ဒီပွဲကို ကျင်းပတာပါ’’ဟု ဦးဇော်ဦးက ပြောသည်။

နှစ်စဉ် ဟိုလီ ရက်သို့ရောက် တိုင်း တောင်ကြီးမြို့ ဟိန္ဒူဘုရား ကျောင်းတွင် အဆိုပါ ပွဲကျင်းပ သည်။

တောင်ကြီးမြို့၌ ကျင်းပ သည့် ဟိုလီသင်္ကြန်ပွဲတော်သို့ ဟိန္ဒူဘာသာဝင် မိသားစုများ၊ဂေါ်ရခါးလူမျိုး မိသားစုဝင်များလူ ၂၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့သည်။

ယင်းနေ့ ညနေတွင် ဟိုလီသင်္ကြန်ပွဲ အထိမ်းအမှတ်အနေ ဖြင့် တောင်ကြီးမြို့ စူဠာမုနိလော ကချမ်းသာစေတီတော်၌ ဟိန္ဒူ ကောင်စီ မိသားစုဝင်များက အလှူပြုလုပ်ခဲ့သည်။

Top News