ငြိမ်းချမ်းရေးဆွေးနွေးရန် NCA လက်မှတ်မထိုးရသေးသောအဖွဲ့များ နေပြည်တော်သို့ ရောက်ရှိ

‘ဝ’အဖွဲ့၊ TNLA နှင့် AA အဖွဲ့ ကိုယ်စားလှယ်အချို့ကို နေပြည်တော်လာရာလမ်းခရီးတစ်နေရာတွင် ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန)

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်း ရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့အ ကြား ရှေ့ဆက်ဆောင်ရွက်မည့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ညှိ နှိုင်းမည့် ဆွေးနွေးပွဲသို့ တက် ရောက်မည့်  တိုင်းရင်းသားလက် နက်ကိုင် ရှစ်ဖွဲ့မှ ကိုယ်စား လှယ်များ ယမန်နေ့က နေပြည် တော်သို့ရောက်ရှိသည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေး နွေးပွဲကို ယနေ့ (မတ်လ ၂၁ရက်)တွင် ပြုလုပ်မည်ဖြစ်သည်။ ဆွေး နွေးပွဲသို့ ရှမ်းအဖွဲ့ (SSPP)၊ က ချင်အဖွဲ့(KIA) နှင့် မိုင်းလားအဖွဲ့ (NDAA)တို့မှ ထိပ်ပိုင်းခေါင်းဆောင် များ တက်ရောက်မည်ဖြစ်သည်။ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA)၊ ‘၀’အဖွဲ့ (UWSA)နှင့် ကရင်နီအဖွဲ့ (KNPP)တို့မှ ထိပ်ပိုင်းခေါင်းဆောင် မတက်ရောက်ဘဲ ကိုယ်စားလှယ် များ တက်ရောက်မည်ဖြစ်သည်။

ရရှိထားသော သတင်းများ အရ SSPP မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ခွန်ဆိုင်၊ KIA မှ အထွေထွေအ တွင်းရေးမှူး ဦးလနန်၊ NDAA မှ အထွေထွေအတွင်းရေးမှူး ဦး ကြည်မြင့်တို့ တက်ရောက်မည် ဖြစ်သည်။ KNPP အနေဖြင့် မတ် ၁၈ရက်၊ ၁၉ရက် ၌ NRPC၊ တပ် မတော်ညှိနှိုင်းရေးအဖွဲ့နှင့် တွေ့ ဆုံစဉ် ဒုဥက္ကဋ္ဌခူဦးရယ် ဦးဆောင် တက်ရောက်သော်လည်း ယခု မတ်လ ၂၁ ရက်ပွဲသို့ ဗဟိုကော် မတီဝင် ခူတော်ရယ်သာ  တက် ရောက်မည်ဖြစ်သည်။

TNLA အဖွဲ့မှ ဗိုလ်မှူးကြီး တားအမောဝ်၊ ဗိုလ်မှူးတားပန်လ  တို့ တက်ရောက်မည်ဖြစ်ပြီး AA  မှ ဗိုလ်မှူးကြီးကျော်ဟန်တက် ရောက်မည်ဖြစ်သည်။ ယင်းအဖွဲ့ သည် မူဆယ်-လားရှိုး-မန္တလေး -နေပြည်တော် လမ်းကြောင်းအ တိုင်း ဆွေးနွေးပွဲသို့ သွားရောက် ခြင်းဖြစ်ကြောင်း TNLA မှ ဗိုလ် မှူးမိုင်းအိုက်ကျော်က ပြောသည်။

UWSA လားရှိုး ဆက်ဆံရေး ရုံးတာဝန်ခံ ဦးညီရန်းကလည်း မြောက်ပိုင်းလက်နက်ကိုင် ခုနစ် ဖွဲ့လုံးနေပြည်တော်သို့ ရောက်ရှိ ကြောင်း မတ်လ ၂၀ရက် ညပိုင်း၌ အတည်ပြုသည်။

SSPP ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်း ဆေကမူ ဆွေးနွေးပွဲ မျှော်လင့် ချက်ကို ဆွေးနွေးပွဲမပြီးမီ မှတ် ချက်မပေးလိုသေးဟု ဆိုသည်။

တိုင်းရင်းသားအရေးလေ့ လာသူ ဦးမောင်မောင်စိုးကမူ ‘‘အဆုံးအဖြတ်ပေးနိုင်တဲ့ ဆုံး ဖြတ်ချက်မျိုး ထွက်ဖို့က ခဲယဉ်း မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ဆင့်တက် ဆွေးနွေးဖို့ အတွက် လမ်းပွင့်လိမ့်မယ်လို့ ယူ ဆပါတယ်။ ကျွန်တော်ဒီဆွေးနွေး ပွဲနဲ့ ပတ်သက်လို့ အမြင့်ဆုံးမျှော် လင့်ချက်ကတော့ နောက်တစ် ဆင့် မြန်မြန်ဆန်ဆန်တွေ့ပြီးဆွေး နွေးဖို့အတွက် လမ်းကြောင်းပွင့် အောင် နားလည်မှု တည်ဆောက် နိုင်ဖို့ပဲ မျှော်လင့်ပါတယ်’’ ဟု ပြောသည်။

အဆိုပါ NCA လက်မှတ်မ ထိုးရသေးသည့် ရှစ်ဖွဲ့အနေဖြင့် မတ်လ ၂၂ရက်တွင် တပ်မတော် ညှိနှိုင်းရေးအဖွဲ့နှင့် ဆွေးနွေးနိုင် ကြောင်း ဖိတ်ခေါ်ထားသော် လည်း မတ်လ ၂၀ရက် ညပိုင်းထိ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေး ရန် ဖြစ်၊ မဖြစ် နှစ်ဖက်လုံးထံမှ အတည်ပြုချက်မရပေ။

Top News