မြောက်ဦးမြို့တွင် ဈေးဆိုင်များပိတ်ထားပြီး လူသွားလူလာမရှိဘဲ ခြောက်ကပ်

မြောက်ဦးမြို့တွင် ဈေးဆိုင်များ ပိတ်ထား ပြီး တစ်မြို့လုံး၌ လမ်းသွားလမ်းလာ လူများမတွေ့ ရဘဲ ခြောက်ကပ်နေသည်ကို တွေ့ရကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းသာစိန်နှင့် ဒေသခံများက ပြောသည်။

မြောက်ဦးမြို့တွင် ပစ်ခတ်မှု များကြောင့် ဒေသခံများ ကြောက် လန့်နေပြီး အိမ်တွင်းမှ အိမ်ပြင် သို့ မထွက်ရဲဖြစ်နေကြောင်း မြောက်ဦးမြို့ခံတစ်ဦးက ပြော သည်။

‘‘လမ်းမှာဆိုရင်လည်း လူ တစ်ယောက်မှ မတွေ့ရဘူး။ တော်တော်ကြီးကို တိတ်ဆိတ် ခြောက်ကပ်နေတယ်’’ ဟု ၎င်းက မတ်လ ၂၀ ရက် မြောက်ဦးမြို့ မြင်ကွင်းကို ပြောပြသည်။

အသီးအရွက်၊ ငါး၊ ဟင်း ရောင်းချသည့်ဈေးဆိုင်များမှာ လည်း နံနက်ပိုင်းခဏသာဖွင့်လှစ် ပြီး နေ့လယ်ပိုင်းတွင် ဆိုင်များ ပိတ်သိမ်းသွားကြောင်း၊ ကုန်စုံ ဆိုင်၊ မိတ္တူဆိုင်၊ အဝတ်အထည် စသည့် ဆိုင်ခန်းများကိုလည်း နံနက်ကတည်းက တစ်ရက်လုံး ပိတ်ထားသည်ကို တွေ့ရကြောင်း ၎င်းကပြောသည်။

‘‘မနက်ပိုင်း ငါးဝယ်၊ ဟင်း ဝယ် ခဏပဲ။ ပြီးရင် လမ်းမှာလူ တစ်ယောက်မှ မတွေ့ရတော့ဘူး’’ ဟု အဆိုပါဒေသခံက ပြောသည်။

သို့သော်လည်းယင်းကိစ္စနှင့် ပတ်သက်၍ ဌာနဆိုင်ရာရုံးတာ ဝန်ရှိသူများနှင့် အဆက်အသွယ်မ ရဘဲ အတည်မပြုနိုင်ပေ။ မြောက် ဦးမြို့နယ်အနီးတစ်ဝိုက်တွင် ယ မန်နေ့ မွန်းလွဲပိုင်းက လက်နက် ကြီးပစ်ခတ်သံများ ကြားနေရပြီး မင်းပြားမြို့နယ် ပန်းမြောင်းကျေး ရွာဘက်တွင်လည်း တိုက်ပွဲများ ဖြစ်နေသည်ဟု ဦးထွန်းသာစိန်က ပြောသည်။

မတ်လ ၁၈ ရက်ညတွင် မြောက်ဦးမြို့တွင်း၌ ပစ်ခတ်မှု များဖြစ်ပွားပြီး ကလေးငယ်နှစ်ဦး နှင့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားခုနစ်ဦး ဒဏ်ရာရရှိခဲ့ သည်။ မတ်လ ၁၅ ရက်ညက လည်း မြို့တွင်းပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ သည်။

မြောက်ဦးမြို့တွင်း ပစ်ခတ် မှုများနှင့်ပတ်သက်၍ တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့က မပြုလုပ်ကြောင်း ငြင်းဆိုထားသည်။

ထို့အပြင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အကြားဖြစ်ပွားနေသည့် တိုက်ပွဲ များကြောင့် အရပ်ဘက်ပြည်သူ များ ထိခိုက်နစ်နာမှုနှင့် အသက် ဆုံးရှုံးမှုများ  စနစ်တကျပြုစုရန် စုံစမ်းရေးအဖွဲ့ဖွဲ့စည်းပြီး တွေ့ရှိ ချက်များကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်မတော်ကာကွယ်ရေးဦး စီးချုပ်တို့ထံ တင်ပြမည်ဖြစ် ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) က ထုတ်ပြန်သည်။

ANP ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ယူပြီး ကိုးဦးပါ စုံစမ်းရေးကော်မ တီကို မတ်လ ၂၀ ရက်တွင်ဖွဲ့ စည်းပြီး အပြီးသတ်အစီရင်ခံစာ ကို ခုနစ်ရက်အတွင်းပြုစုကာ ပါ တီဗဟိုအလုပ်အမှုဆောင်ကော် မတီသို့ တင်ပြရန် တာဝန်ပေးအပ် ခဲ့သည်။ANP စုံစမ်းရေးအဖွဲ့အနေဖြင့် မြောက်ဦးမြို့ပေါ် ပစ်ခတ်မှု တွင် သမိုင်းဝင်ရှေးဟောင်းအမွေ အနှစ်များ ပျက်စီးမှုများကိုလည်း စာရင်းပြုစုမည်ဖြစ်သည်။ ယင်း ပြုစုချက်များကို အစိုးရတာဝန်ရှိ သူများသာမက လူ့အခွင့်အရေး ကော်မရှင်နှင့် အခြားသက်ဆိုင် သည့် အဖွဲ့အစည်းများထံ တင်ပြ မည်ဟုလည်း ANP က ဆိုသည်။

‘‘ရခိုင်ပြည်နယ်မှာ တိုက်ပွဲ တွေကြောင့် ဘယ်တုန်းကမှ မ ကြုံဖူးတဲ့ အခက်အခဲတွေ၊ အ သက်သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာ မှုတွေ၊ အိုးအိမ်မီးလောင်ပြီးတော့ ပျက်စီးဆုံးရှုံးရတာတွေ အဲဒါတွေ ကို ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဘယ်လိုဖြေ ရှင်းနိုင်မလဲဆိုတာကိုပဲ ရခိုင်အ မျိုးသားပါတီအနေနဲ့ အာရုံစိုက် နေပါတယ်။ ဖြစ်စဉ်မှာ ပါဝင်နေ တဲ့ မည်သည့်အဖွဲ့အစည်းမဆို မေတ္တာရပ်ခံဖို့အတွက် ကြိုးစား နေပါတယ်’’ ANP အထွေထွေအ  တွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောသည်။

Top News