လီဗာပူးနှင့်ပွဲတွင် ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ကိုမန် ပါဝင်ကစားနိုင်

Getty Images

မြူးနစ် - ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့သဖြင့် စိုးရိမ်ခဲ့သော်လည်း တောင်ပံကစားသမား ကင်ခလီ ကိုမန်သည် လီဗာပူးနှင့်ပွဲတွင် ပါ ဝင်နိုင်မည်ဟု ဘိုင်ယန်မြူးနစ်က အတည်ပြုပြောကြားသည်။

ပြင်သစ်လက်ရွေးစင်သည် သောကြာနေ့က အော့စ်ဘတ်ကို ဘိုင်ယန်က နောက်မှလိုက်ကစား ပြီး ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲတွင် ကိုယ်တိုင်နှစ်ဂိုးသွင်းယူခဲ့ ပြီး တစ်ဂိုးဖန်တီးပေးခဲ့သည်။

သို့သော် ပွဲပြီးခါနီးတွင် ကို မန်ဒဏ်ရာရရှိခဲ့ပြီး ခြေချင်းဝတ် အရွတ်များ ထပ်မံထိခိုက်ခဲ့သည် ဟု နည်းပြနီကိုကိုဗက်စ်က ပြော သည်။

 ယင်းကစားသမားသည် အဆိုပါပြဿနာနှင့်ပင် ရာသီအ စမှ သုံးလလွဲချော်ခဲ့သည်။

သို့သော် အင်္ဂါနေ့ လီဗာပူး နှင့် ချန်ပီယံလိဂ်ပွဲတွင် ကိုမန်ကစားနိုင်သည်ဟု ဆေးအဖွဲ့ကပြောကြားခဲ့ကြောင်း ဘိုင်ယန်ကထုတ်ပြန်ပြောကြားသည်။

‘‘သတင်းကောင်းပါပဲ။ ကို မန်တစ်ယောက် လီဗာပူးကို ရင် ဆိုင်နိုင်တယ်လို့ ဆေးအဖွဲ့က မီး စိမ်းပြလိုက်ပါတယ်’’ ဟု ဘိုင် ယန်က တွစ်တာတွင် ပြောကြားသည်။

ထိုအတောအတွင်း အော့စ် ဘတ်နှင့်ပွဲတွင် ၁၃ စက္ကန့်အတွင်း ပထမဆုံးဂိုး ခွင့်ပြုခဲ့ရခြင်း  အ တွက် ဘိုင်ယန်ဂိုးသမား နျူအာ က ချန်ပီယံလိဂ်တွင် လီဗာပူးကို ကျော်ဖြတ်လိုပါက မိမိတို့အသင်း သည် နောက်တန်း တိုးတက် အောင် လုပ်ရမည်ဟု ပြောကြား သည်။

အန်ဖီးလ်ကွင်း ပွဲစဉ်တွင် လီဗာပူးက ဂိုးသွင်းခွင့်များ ပိုမိုရရှိ မည်ဟု ဒဏ်ရာကြောင့် သုံးပွဲနားခဲ့ရသော နျူအာက ပြောသည်။ အော့စ်ဘတ်နှင့်ပွဲတွင် ဘိုင်ယန်သည် တောင်ပံမှ နှစ်ကြိမ်ထိုးဖောက်ခံ ရပြီး မိမိတို့ နောက်တန်းအနေဖြင့် ဂိုးဧရိယာထိန်းချုပ်မှုနှင့် စုစည်းမှု ပိုကောင်းရမည်ဟု နျူအာက ဆက်လက်ပြောသည်။