တိုင်းရင်းသားအချင်းချင်းဖြစ်ပွားနေသည့် တိုက်ပွဲများကို လျစ်လျူရှုမထားရန် အစိုးရနှင့် တပ်မတော်အား SNLD တောင်းဆို

ရှမ်းနှစ်ဖွဲ့အကြား လတ်တလော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒေသခံ နှစ်ထောင်ကျော်ရှိ

အစိုးရနှင့် တပ်မတော်  အနေဖြင့် တိုင်းရင်းသားအချင်း ချင်းအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို လျစ်လျူရှုမထား ဘဲ ၀င်ရောက်ဖြေရှင်းပေးရန် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းလိတ်ကတောင်းဆို သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများ၌ဖေဖော်ဝါရီ ဒုတိယ ပတ်အတွင်း နေ့စဉ်နီးပါးဖြစ်ပွား နေ သောရှမ်းပြည်တိုးတက်ရေးပါ တီ  (SSPP) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)  အကြားတိုက်ပွဲများ၊ SSPP၊  တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ပူးပေါင်းအဖွဲ့နှင့် RCSS အကြားတိုက်ပွဲများကြောင့်ဒေသ ခံများဒုက္ခကြုံနေရခြင်းအပေါ် ဦး စိုင်းလိတ်ကယခုကဲ့သို့ တောင်း ဆိုခြင်းဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားနေခြင်း ကြောင့် ကျောင်းသား၊  ကျောင်း သူများနှင့် သက်ကြီးရွယ်အိုများ ပိုမိုအခက်အခဲကြုံနေရသည်ဟု ၎င်းက ဆိုသည်။

‘‘စာမေးပွဲဖြေချိန်ဖြစ်တယ်။  လေးတန်း၊ ရှစ်တန်း၊ ဆယ်တန်း ကျန်မယ်။ နောက်သက်ကြီးရွယ် အိုတွေက ပိုပြီးတော့ ဒုက္ခရောက် တယ်။  အဲဒီကိစ္စတွေအကုန်လုံး ချဉ်းကပ်ပြီးတော့ နှစ်ဖက်စလုံးက  ကိုယ့်ရဲ့အဖွဲ့အကျိုးစီးပွားထက် ကို အမျိုးသားအကျိုးစီးပွားကြည့် ပြီးတော့၊ ကိုယ့်ရဲ့ပြည်သူလူထုအ ကျိုးကို ငဲ့ညှာပြီးတော့ စစ်ပွဲတွေ  ရပ်တန့်ဖို့အတွက် နည်းလမ်းရှာ သင့်တယ်’’ ဟု ဦးစိုင်းလိတ်က ပြောသည်။

တိုက်ပွဲများပြေလည်မှုရရှိ ရေးနိုင်ငံရေးပါတီအနေဖြင့် ကြား ၀င်ကူညီဆောင်ရွက်ရန် အသင့်ရှိ သည်ဟု ၎င်းကဆိုသည်။

‘‘တစ်ဆက်တည်းမှာပဲ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ ချင်းချင်းတိုက်ပွဲမဖြစ်ရလို့ ပြော ထားတဲ့ တပ်မတော်အနေနဲ့ ၀င် ရောက်ပြီးတော့ ဘယ်လိုအပိုင်း ကနေတာဝန်ယူဆောင်ရွက်ပေးမ လဲ၊ ဘယ်လိုကူညီဖြေရှင်းပေးမ လဲ၊ အစိုးရကိုယ်၌ကကောဒီအ တိုင်းပဲဘာမှမပြောဘဲကြည့်နေ မှာလား။ အစိုးရကိုယ်၌က ဘယ် လောက်ထိတာဝန်ယူမှုရှိစွာနဲ့ဝင် ရောက်ပြီးမှ ဖြေရှင်းပေးဖို့ဒါတွေ လိုအပ်ပါတယ်။  တိုင်းရင်းသား  အချင်းချင်း ဖြစ်နေတဲ့ကိစ္စကို လည်း အစိုးရဘက်ကလျစ်လျူရှု မထားဖို့တောင်းဆိုလိုပါတယ်’’  ဟု ဦးစိုင်းလိတ်ကပြောသည်။

ရှမ်းမြောက် ပဋိပက္ခများ ကြောင့် စစ်ရှောင်လူဦးရေနှစ် ထောင်ကျော်သွားပြီဖြစ်ပြီး ရှမ်း ပြည်နယ်အစိုးရအဖွဲ့မှ  ၀န်ကြီး  များနှင့် ဌာနဆိုင်ရာများသည် သီ ပေါမြို့ရှိ ကယ်ဆယ်ရေးစခန်း များသို့ဖေဖော်ဝါရီ ၁၆ ရက်က သွားရောက်ထောက်ပံ့ခဲ့သည်။

တပ်မတော်က အပစ်ရပ် ထားစဉ်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချင်းချင်းတိုက်ပွဲပြင်း ထန်စွာဖြစ်ပွားနေရာလတ်တ လောအခြေအနေကို ဒေသခံ တိုင်းရင်းသားများက စိတ်ပျက် နေသည်။  

‘‘ကျွန်တော်တို့ချင်းတိုက်နေ ကြတယ်။ အရပ်သားတွေဒုက္ခ ရောက်တယ်။ ဘာတွေမှားနေတာ လဲ’’ ဟု ရှမ်းတိုင်းရင်းသားစိုင်း လောင်ဟိန်းက မေးခွန်းထုတ် သည်။

တိုက်ပွဲသည် ရှမ်းပြည်နယ်   မြောက်ပိုင်းကျောက်မဲ၊ သီပေါ၊ နမ့်လန်နှင့် နမ္မတူမြို့နယ်တို့တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။  ဖေ ဖော်ဝါရီ ၁၆ ရက်က နမ္မတူမြို့ နယ်မံစံရွာတွင် တိုက်ပွဲပြင်းထန် စွာ ဖြစ်ခဲ့ပြီးဒေသခံတစ်ဦးဒဏ်ရာ   ရခဲ့သည်ဟု သီပေါနှင့် နမ့်လန်အ ခြေစိုက်လူမှုရေးအဖွဲ့များကပြော သည်။

‘‘မံစံရွာကို တခြားရွာတွေ  ကနေလာရှောင်နေတုန်း မံစံမှာ ပါဖြစ်တော့ထပ်ပြေးကြရတာ’’ ဟု  နမ္မတူမြို့မှ ဌာနဆိုင်ရာဝန် ထမ်းတစ်ဦးက ဖေဖော်ဝါရီ ၁၆ ရက် အခြေအနေကိုပြောသည်။

အစိုးရအဖွဲ့က လာရောက်   ထောက်ပံ့သော်လည်း စစ်ရှောင်   များသည် ပြန့်ကျဲနေ၍ နေရာစုံ  သို့ ကယ်ဆယ်ရေးပစ္စည်းမ ရောက်ဘဲအခက်အခဲကြုံတွေ့နေ သည်ဟု နမ့်လန်မြို့အခြေစိုက်  Dear Rainger လူမှုကူညီရေးအဖွဲ့မှ ကိုညီကပြောသည်။

စစ်ရှောင်နှစ်ထောင်ကျော်  အတွက် ကယ်ဆယ်ရေးပစ္စည်း  များထောက်ပံ့ထားပြီး ဒေသတွင်း လူမှုရေးအဖွဲ့များနှင့် ချိတ်ဆက် ၍ ကူညီထောက်ပံ့ရေးဆက် လက်ဆောင်ရွက်မည်ဟု ရှမ်း ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးစိုး နိုင်ကပြောသည်။