စာရေးဆရာမကြီး ပတ္တမြားခင် ကွယ်လွန်

စာရေးဆရာမကြီး ပတ္တမြားခင် ( ဓာတ်ပုံ− Rita Aung NY ဖေ့စ်ဘွတ်ခ်)

စာရေးဆရာမကြီး ပတ္တ မြားခင် (ဒေါ်ခင်မကြီး) သည် ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲ တွင် ၎င်းနေထိုင်သည့် အမေရိကန်နိုင်ငံ၌ ကွယ်လွန်ခဲ့သည်။

ကွယ်လွန်ချိန်တွင် အသက် (၉၅) နှစ် ရှိပြီဖြစ်ပြီး ရုပ်အလောင်းကို အမေရိကန် ဥပဒေအရ နှစ်ပတ်ထားရှိမည်ဖြစ်ကာ မီးသင်္ဂြိုဟ်ကာ ပြာကိုဂူသွင်းမည်ဖြစ်ကြောင်း ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၆ ရက်က ရေးသားထားသည်။

‘‘လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီး ကျန်းမာရေးချို့တဲ့လာတဲ့အ တွက် သားသမီးများက ၂၄ နာရီ သူနာပြုထားပေးကြပါတယ်။ သမီးကေသီခန့်၊ သားအိန္ဒာမြလှိုင် တို့ရှိရာ အမေရိကန်ပြည်ထောင် စု ဖလော်ရီဒါပြည်နယ်က ဖို့တ် လော်ဒါဒေးလ်မြို့မှာ လွတ်လပ် စွာ တစ်ယောက်တည်းနေထိုင်ခဲ့ တာပါ’’ ဟု ဦးဝင်းငြိမ်းက ရေး သားထားသည်။

ဆရာမကြီး ပတ္တမြားခင် သည် ခန့်ခန့်ကြီး ဓာတ်ပုံတိုက် တည်ထောင်သူဖြစ်ပြီး အမျိုးသမီး ဓာတ်ပုံဆရာမအဖြစ် လုပ်ကိုင်ခဲ့ သူဖြစ်သည်။

၎င်းသည် စန္ဒာမဂ္ဂဇင်းတွင် ‘သန္တာစမ်းမှ အလွမ်းစာ’ ဆောင်းပါးကို လစဉ် ရေးသားခဲ့သလို မဟေသီမဂ္ဂဇင်းတွင် ‘ကင်မရာ ကိုင်ခဲ့ရ ကျွန်မဘဝ’ အခန်းဆက် ဆောင်းပါးရေးသားပြီး ရွှေအမြု တေ မဂ္ဂဇင်းတွင် ‘အတိတ်လမ်းကို ပြန်လျှောက်ခြင်း’ အမည်ဖြင့် ၎င်း ၏ ဘဝအကြောင်း ရေးသားခဲ့ သည်။

 ‘‘မြန်မာပြည်ကို ပြန်လာ တိုင်း သူပါဝင်တည်ထောင်ခဲ့တဲ့ မန္တလေး အသင်း ( ရန်ကုန်) အ တွက် အလှူငွေထည့်ဝင်လေ့ရှိပါ တယ်။ နွမ်းပါးချို့တဲ့တဲ့စာရေး ဆရာ၊ ကျန်းမာရေးမကောင်းတဲ့ စာရေးဆရာများကို ထောက်ပံ့နိုင် တဲ့ပတ္တမြားခင် ရန်ပုံငွေအဖွဲ့တည် ထောင်ပေးထားပြီး နှစ်စဉ်မေလ ၁၄ ရက်နေ့ရောက်တိုင်း ထောက် ပံ့ငွေပေးပါတယ်’’ ဟု ဦးဝင်းငြိမ်း က ဆရာမကြီးအကြောင်း ရေးသားထားသည်။