ပြည်မြို့တွင် စစ်ဆေးခဲ့သည့် သံဃာများမှာ စစ်မှန်သဖြင့် ပြန်ကြွစေခဲ့ဟုတာဝန်ရှိသူပြောကြား

 စစ်တွေမြို့တွင် စာမေးပွဲ ဖြေဆိုပြီး ရန်ကုန်မြို့သို့ ခရီးသည်  တင်အမြန်ယာဉ်ရှစ်စီးဖြင့်ပြန် ကြွလာသည့် သံဃာအပါး ၃၀၀ ကို ပြည်မြို့၌ ဒေသအာဏာပိုင် များက စစ်ဆေးပြီးနောက်စစ်မှန် သဖြင့်  ပြန်ကြွစေခဲ့ကြောင်း ယင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးဇော်ဇော်ဦးကပြောသည်။

ဖေဖော်ဝါရီ ၁၆ ရက်နံနက် က ပြည်မြို့ဇောတိကာရုံကျောင်း တိုက်သို့ ပင်ဆောင်ကာစစ်ဆေး ခဲ့သည်ဟု ၎င်းကဆိုသည်။

‘‘ဥသျှစ်ပင်စစ်ဆေးရေးဂိတ်  ကို ရဟန်း၊သာမဏေများစွာနဲ့ ကားတွေရှစ်စီးလောက် ဖြတ် မောင်းလာတော့သူတို့အနေနဲ့၊ ထူးခြားမှုအနေနဲ့ ပြည်ခရိုင်ရဲတပ် ဖွဲ့ ကို သတင်းပို့တယ်။ န၀ဒေးတံ တားဂိတ်မှာ ရပ်တန့်စစ်ဆေးနေ ရင်လမ်းသွားလမ်းလာတွေနဲ့မလို  လားအပ်တဲ့ကောလာဟလတွေ ဖြစ်မှာစိုးရိမ်တဲ့အတွက် မြို့တွင်း ကျောင်းတိုက်ကို ပင့်ဆောင်စစ် ဆေးကြတာပါ။ ရဟန်း၊ သာမ ဏေစုစုပေါင်း ၃၀၀ ရှိတယ်။ တိုက်အုပ်ဆရာတော်တွေလည်း ပါတယ်။ အားလုံး Clear ဖြစ်ပါ တယ်’’ ဟု ဦးဇော်ဇော်ဦးကပြော သည်။

အဆိုပါ သံဃာများကို ယ မန်နေ့နံနက် ၄ နာရီမှ နေ့လယ် ၁ နာရီခန့်အထိ ရှစ်နာရီကြာစစ် ဆေးခဲ့ပြီး ရဟန်းသာမဏေအား လုံးအစစ်အမှန်ဖြစ်သဖြင့် အ ရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ကပ်လှူကာ ရန်ကုန်မြို့သို့ပြန် လည်ကြွစေခဲ့သည်။

စတုတ္ထအကြိမ် ရက္ခပူရ သာသနာလင်္ကာရ (သာမဏေ ကျော်) စာမေးပွဲကို ရခိုင်ပြည်နယ်  စစ်တွေမြို့လောကနန္ဒာစေတီ တော်ဝင်းရှိ သာသနာ့ဗိမာန် တော်၌ ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်အထိကျင်းပပြီး မြန်မာနိုင်ငံ တစ်ဝန်းမှ ရဟန်း၊သာမဏေများ   အတန်းအသီးသီးသို့ ၀င်ရောက် ဖြေဆိုကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက်တွင် မောင်တောမြို့နယ်ရှိ နယ်စပ်ခြံစည်းရိုး နယ်စပ်မှတ် တိုင် ၃၆ အနီးလျှိုအတွင်းနှင့် ထို နေရာအနီးမှ တံဆိပ်မျိုးစုံပါ သင်္ကန်းအစုံ ၄၆၀ ဖမ်းဆီးရမိခဲ့ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။ အဆိုပါ သင်္ကန်းများကို အကြမ်းဖက်သောင်းကျန်းသူအ ဖွဲ့က အခြားရည်ရွယ်ချက်တစ်ခု ခုဖြင့် အသုံးချနိုင်ရန် တစ်ဖက် နိုင်ငံသို့ တရားမ၀င်သယ်ယူပို့ ဆောင်ခြင်းဖြစ်သည်ဟု ယူဆရ ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။