မန္တလေးတိုင်းအတွင်း ကမ်းပြိုကာကွယ်ရေးနှင့် ရေလမ်းကြောင်းကောင်းမွန်ရေး လုပ်ငန်းများ စတင်

မန္တလေးတိုင်းဒေသ ကြီးအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁၅ ခုနှင့် နေရာလေးခု ရှိ ရေလမ်းကြောင်း ကောင်းမွန်ရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ပထ မပတ်က စတင်ဆောင်ရွက်နေ ကြောင်း ရေအရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦး စီးဌာန ညွှန်ကြားရေးမှူး ဦးတိုး အောင်လင်းက ပြောသည်။

တိုင်းဒေသကြီးအစိုးရရန်ပုံ ငွေ ကျပ်သန်း ၄,၆၀၀ ဖြင့် ကျေး ရွာ ၁၅ ရွာတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းနှင့် ပြည်ထောင်စုအစိုးရ ရန်ပုံငွေ ကျပ်သန်း ၆၂၀ ဖြင့် နေရာလေးခု၌ ရေလမ်းကြောင်း ကောင်းမွန်ရေး လုပ်ငန်းများ  ဆောင်ရွက်မည် ဖြစ်သည်။

‘‘ကမ်းပြိုမှု အများဆုံးဖြစ်တဲ့ မြို့နယ်တွေမှာ ကာကွယ်ရေးလုပ် ငန်းတွေကို စလုပ်နေပြီ။ နောက် ပြီး ဧရာဝတီမြစ်အတွင်းမှာဆိုရင် နွေရာသီမှာ ရေကြောင်း ကျပ် တည်းတာတွေ၊ သင်္ဘောတွေသွား တဲ့အခါမှာ ရေအနက် မရတဲ့ကိစ္စ တွေ၊ ရေကြောင်းက ပြောင်းပြီး ဦးထိုးချင်တဲ့နေရာ ထိုးတာတွေ ရှိတယ်။ အဲဒီလို မဖြစ်ဘဲ ရေ ကြောင်း တည်ငြိမ်အောင် ရေလွှဲ ရေကာတွေနဲ့ ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေ၊ သောင်တူးရတဲ့ လုပ်ငန်းတွေလည်း လုပ်နေတယ်’’ ဟု ဦးတိုးအောင်လင်းက ပြောကြားသည်။

ကမ်းပြိုကာကွယ်ရေးလုပ် ငန်းအဖြစ် စဥ့်ကူး၊ မတ္တရာ၊ အမ ရပူရ၊ ပုသိမ်ကြီး၊ တံတားဦး၊ ငါန်းဇွန်၊ မြင်းခြံမြို့နယ်တို့ရှိ ကျေးရွာ ၁၅ ရွာနှင့် ရေလမ်းကြောင်း ကောင်းမွန်ရေးအဖြစ် စဥ့်ကူးမြို့ နယ် ဆည်သည်ကျေးရွာအနီးရှိ ရေလမ်း၊ မတ္တရာမြို့နယ် သူဌေး ကုန်းကျေးရွာအနီး ရေလမ်း၊ ကသာမြို့ ဆိပ်ကမ်းအ၀င်ရေလမ်းနှင့် မြင်းခြံမြို့နယ် ဆီမီးခုံ ကျေးရွာအနီး ရေလမ်းကြောင်းတို့ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

အဆိုပါ လုပ်ငန်းများကို ဧရာဝတီမြစ်ရေမတက်ချိန် မေလ ကုန်ပိုင်း၌ အပြီးသတ်ဆောင်ရွက် မည်ဖြစ်ကြောင်း ဦးတိုးအောင် လင်းက ပြောသည်။

 မန္တလေးတိုင်းဒေသကြီးရှိ ဧရာဝတီမြစ်ဘေးတစ်လျှောက် ကျေးရွာအချို့၌ နှစ်စဉ် မြစ်ရေ တက်ချိန်နှင့် ရေကျချိန်တွင် ကမ်းပြိုမှု ဖြစ်ပွား၍ လူနေအိမ်များ ပြောင်းရွှေ့ရခြင်း၊ သီးနှံစိုက်ခင်း များ ပျက်စီးခြင်းတို့ ဖြစ်လေ့ရှိပြီး ရေကျချိန်၌ မြစ်ကြောင်းပြောင်း

လဲခြင်း၊ သောင်များပေါ်ထွန်း၍ ရေကြောင်းကျပ်တည်းခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။

Top News