ဟုမ္မလင်းတွင် ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်၍ ကိုးဦးဒဏ်ရာရ

ဟုမ္မလင်းမြို့နယ်တွင် ခရီး သည်တင်ယာဉ်တစ်စီး အရှိန်မ ထိန်းနိုင်ဘဲ တိမ်းမှောက်၍ ခရီး သည်ကိုးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း ဟုမ္မလင်း မြို့မရဲစခန်း မှူး ဒုရဲမှူးကြည်စိုးက ပြောသည်။

ဟုမ္မလင်းမြို့နယ် နော်ဖာမူ ကျေးရွာအုပ်စု ရွာမကျေးရွာအနီး တွင် နမ့်တောကျေးရွာမှ မန္တလေး မြို့သို့ အသက် (၂၀) နှစ်အရွယ် ယာဉ်မောင်းအမျိုးသား မောင်း နှင်လာသော ခရီးသည်တင် အန် စာတုံးအမျိုးအစား ယာဉ်တစ်စီး ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၄ နာရီခန့်တွင် လမ်းဘေးသို့တိမ်း မှောက်ခဲ့ခြင်းဖြစ်သည်။

‘‘ခရီးသည်ကိုးဦး ဒဏ်ရာရ တာက ပွန်းတာပဲ့တာလောက်ပါ ပဲ။ စိုးရိမ်ရပြီး ဆေးရုံတက်ရတဲ့လူနာမရှိပါဘူး။ ယာဉ်မောင်းကိုတော့ အမှုဖွင့်စစ်ဆေးနေပါ တယ်’’ ဟု ဒုရဲမှူးကြည်စိုးကပြော သည်။

 အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ ယာဉ်မောင်းအမျိုးသား ကို ဟုမ္မလင်းမြို့နယ် မြို့မရဲစခန်း က သာမန်နာကျင်စေမှု၊ အပြင်း အထန်နာကျင်စေမှုတို့ဖြင့် အမှု ဖွင့်စစ်ဆေးနေသည်။