တိုက်ပွဲများကြောင့် စာမေးပွဲဖြေရန် ပျက်ကွက်ခဲ့သူများကို ပြန်လည်ဖြေဆိုခွင့်ပေးမည်

တိုက်ပွဲဖြစ်ပွားမှု များကြောင့် စာမေးပွဲဖြေဆိုရန် ပျက်ကွက်ခဲ့ရသည့် ကျောက် တော်မြို့နယ် ချောင်းတူကျေးရွာ မှ ကျောင်းသား ၂၅ ဦးကို စတုတ္ထ တန်းနှင့် အဋ္ဌမတန်းစာမေးပွဲစစ် ဆေးသည့်အခါ ပြန်လည်ဖြေဆို ခွင့်ပေးမည်ဖြစ်ကြောင်း ယင်း ကျေးရွာမှ ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်အောင်ခင်က ပြောကြားသည်။

ချောင်းတူကျေးရွာနေ ဒေ သခံ ၃၀၀ ကျော်သည် တိုက်ပွဲ ကြောင့် ဖေဖော်ဝါရီ ၁၀ ရက် တွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတ ရုတ်ကျေးရွာသို့ ထွက်ပြေးတိမ်း ရှောင်ရာ ၎င်းတို့ထဲမှ ပဉ္စမတန်း၊ ဆဋ္ဌမတန်းနှင့် သတ္တမတန်း ကျောင်းသား ၂၅ ဦးသည် သိပ္ပံ ဘာသာရပ်ဖြေဆိုရန် ပျက်ကွက် ခဲ့ရသည်။

‘‘စာမေးပွဲဖြေဆိုဖို့ ပျက် ကွက်ခဲ့တဲ့ ကျောင်းသား ၂၅ ဦး ကို လာမယ့်ဖေဖော်ဝါရီ ၁၈ ရက် မှာ စစ်ဆေးမယ့် စတုတ္ထတန်းနဲ့ အဋ္ဌမတန်းစာမေးပွဲအတွင်းမှာပဲ ပူးတွဲစစ်ဆေးပေးသွားမှာ ဖြစ်ပါ တယ်’’ ဟု ကျောင်းအုပ်ဆရာကြီး က ပြောသည်။

ရခိုင်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် တိုက်ပွဲ ဖြစ်ပွားရာနေရာအနီးရှိ အခြေခံ ပညာကျောင်း ၃၀ ကျော်ကို ယာ ယီပိတ်ထားရပြီး စစ်ဘေးရှောင် များနှင့်အတူ ပါလာသည့်ကျောင်း သားများကို နီးစပ်ရာကျောင်းများ တွင် တက်ရောက်ပညာသင်ကြား ခွင့်ပြုခဲ့သည်။