ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနှင့်အညီသာ ပြင်ဆင်ရန် ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်

ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ − ငြိမ်းချမ်း)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီသာ ပြင်ဆင်ရန် တပ် မတော်ထောက်ခံသူများနှင့် အမျိုး သားရေးလှုပ်ရှားသူဟုဆိုသူ အင် အား ၅၀၀ ကျော်က ယမန်နေ့ တွင် မြို့တော်ခန်းမရှေ့၌ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

‘‘ဖွဲ့စည်းပုံပြင်တာကို ကျွန် တော်တို့က လိုလားပါတယ်။ ဖွဲ့စည်းပုံပြင်တဲ့အခါမှာ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြင်ဖို့ အ တွက် ဒီလိုတောင်းဆိုတာပါ’’ဟု ယမန်နေ့က ဆန္ဒပြရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးငြိမ်း မောင်က ပြောသည်။

တပ်မတော်သား ကိုယ်စား လှယ်များ ပြင်ဆင်စေချင်သည့် ပုံစံအတိုင်း ပြင်စေချင်တာလားဟု မေးမြန်းရာ ‘‘အဲဒီလိုသွားယူလို့ တော့ မရဘူး’’ဟု ပြောသည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေဆို တာ ပြည်သူတစ်ရပ်လုံးကို ကိုယ် စားပြုတာပဲ။ တပ်မတော်လည်း ကိုယ်စားပြုတာပဲ။ ပြည်သူတွေ လည်း ကိုယ်စားပြုတာပဲ။ ဒါ ကြောင့် ဒါကို ပြင်တဲ့အခါမှာ လုပ် ထုံးလုပ်နည်းနဲ့အညီ ပြင်ဖို့ပဲ’’ဟု ဦးငြိမ်းမောင်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုပြင် ခြင်းမရှိပါက ဆက်လက်ဆန္ဒပြ မည်ဟု ၎င်းက ပြောသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခန်း (၁၂) ဥပဒေပုဒ်မများနှင့်အညီ ပြင်ဆင် ရမည်ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ မိုက်ကယ်သန်းက ဟော ပြောသည်။

သို့သော် ၎င်းအနေဖြင့် ပါတီဝင်မဟုတ်သလို တပ်မတော် ထောက်ခံသူတစ်ဦးလည်းမဟုတ် ကြောင်း ပြောသည်။

ဆန္ဒပြရာတွင် လာရောက် သူအချို့က ‘ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အား ပြင်ဆင်ရေး၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ရေး’ စသည့်ဗီနိုင်းများ ကိုင်ဆောင်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီသာ ပြင်ဆင်ရန် ဆန္ဒပြ တောင်းဆိုမှုမှာ တစ်နိုင်ငံလုံးတွင် ယခု ဆန္ဒပြတောင်းဆိုမှုက ပထမ ဆုံးအကြိမ်ဖြစ်ပြီး လူဦးရေ ၅၀၀ ကျော် ပါဝင်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ထောက်ခံအားပေးသည့် ဆန္ဒပြပွဲများနှင့် ယင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးဖျက်သိမ်းရေး ဆန္ဒပြတောင်းဆိုမှုမှာ နေရာအနှံ့အပြားတွင် ပြည်သူအများအပြားက ဆန္ဒပြတောင်းဆိုနေသည်။ ဖေဖော်ဝါရီ ၁၁ ရက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ဆန္ဒ ထုတ်ဖော်ထောက်ခံပွဲကို မန္တလေး မြို့ မဟာအောင်မြေမြို့နယ် မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင် ကျင်းပရာ ထောက်ခံပွဲသို့ သံဃာ တော်များ၊ တိုင်းရင်းသားအဖွဲ့ အစည်း၊ လူမှုရေးအဖွဲ့အစည်း များနှင့် မြို့ခံလူထု ၃,၀၀၀ ကျော် တက်ရောက်ခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ဦးဆောင်ကာ ပြည်သူအများ အပြား တက်ရောက်၍ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ဖို့ ပြည်ထောင်စုလွှတ်တော် ပူး ပေါင်းကော်မတီကို ဝန်းရံထောက် ခံကြပါစို့’ စာတန်းပါ ဆိုင်းဘုတ်ကို ပဲခူးမြို့လယ်၌ စိုက်ထူခဲ့သည်။ ယင်းနေ့တွင်ပင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှု ထောက် ခံကြောင်းကို ကလေးမြို့ရှိ အ သက် (၇၂)နှစ်အရွယ် ဦးတင်ငွေ က တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် အခြေခံဥပဒေပြင် ဆင်နိုင်ရေး ဒီချုပ်အစိုးရက လွှတ် တော်တွင် ကြိုးစားနေသကဲ့သို့ အချို့မြို့များတွင် အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံသည့် စတစ်ကာကမ်ပိန်းများ ပြုလုပ်နေ သည်။

ဇန်နဝါရီ ၂၉ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့ရန် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆိုအဖြစ် တင်သွင်း ခဲ့သည်။ အဆိုပါ အရေးကြီးအဆို ကို တပ်မတော်သားကိုယ်စား လှယ်များက အချိန်ကြာမြင့်စွာ မတ်တတ်ရပ် ကန့်ကွက်ခဲ့သည့်အပြင် မဲခွဲရာ၌ မဲမပေးခဲ့သော် လည်း ရွေးကောက်ခံ ကိုယ်စား လှယ်အများစုက ထောက်ခံ၍ အ ဆိုကို ဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။ သို့ရာတွင် ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အစည်းအဝေး နှစ် ကြိမ်ခေါ်ယူပြီးသည်အထိ ဖွဲ့စည်းနိုင်ခြင်းမရှိသေးပေ။