ကျပ်သိန်း ၁၅,၀၀၀ ထီလက်မှတ်၏ ပြင်ပပေါက်ဈေး ကျပ်သိန်း ၁၆,၅၀၀ ခန့်အထိ ရှိဟုဆို

ကျပ်သိန်း ၁၅,၀၀၀  ထီလက်မှတ်သည် ကျပ်သိန်း ၁၆,၅၀၀ ခန့်အထိပေါက်ဈေးရှိနေကြောင်း ထီလက်မှတ်ရောင်း ၀ယ်ရေးလုပ်ကိုင်နေသူအချို့က ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်အချို့ ကပေါက်မဲ ထီလက်မှတ်များကို ပြန်လည်ဝယ်ယူမှုများရှိနေခြင်း ကြောင့် မကြာမီဖွင့်လှစ်မည့်ကျပ် ၁,၀၀၀ တန်ထီ၏ အမြင့်ဆုံး ဆုလက်မှတ်မှာ ထီလက်မှတ် ရောင်းဝယ်ရေး ဈေးကွက်တွင် ဈေးနှုန်းမြင့်မားစွာ သတ်မှတ်မှုများရှိနေခြင်းဖြစ်သည်။

ကျပ်သိန်း ၁၅,၀၀၀ တန်ထီလက်မှတ်ကို လက်ရှိတွင် ကျပ် သိန်း ၁,၅၀၀ အလိုက်ပေး သည့်ဈေးသတ်မှတ်မှုများရှိနေပြီး အရောင်းအ၀ယ်ဖြစ်နိုင်ခြင်းရှိ၊ မ ရှိ မသိနိုင်သေးကြောင်း ပန်းဘဲ  တန်းမြို့နယ်မှ ထီလုပ်ငန်းရှင်တစ် ဦးကပြောသည်။

ယင်းကျပ်သိန်း ၁၅,၀၀၀ ဆုမထွက်မီ ကျပ် ၅၀၀ တန်ထီ၏ အမြင့်ဆုံး ကျပ်သိန်း ၁၀,၀၀၀ ထီလက်မှတ်ကိုလည်း ကျပ်သိန်း ၁,၂၀၀ အပိုပေး၍ သိန်း ၁၁,၂၀၀ ဖြင့်အ၀ယ် ရှိနေသည်ဟုလည်း၎င်းကဆိုသည်။

‘‘များသောအားဖြင့်တော့အ မြင့်ဆုံးဆုကြီးတွေကအရောင်းအ ၀ယ်သိပ်ဖြစ်လေ့တော့ မရှိဘူး။ ထီကံထူးရှင်တွေက ကိုယ်တိုင် ထုတ်ကြတယ်’’ ဟု အထက်ပါထီ လုပ်ငန်းရှင်ကပြောသည်။

ထီဈေးကွက်တွင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၃,၀၀၀ အထိ ပေါက်မဲ ထီလက်မှတ်များသည် ထီဆုငွေထက်ပိုပေးသည့် စနစ် ဖြင့်  အရောင်းအ၀ယ်ပိုဖြစ်လေ့ရှိ ကြောင်း ယင်းဈေးကွက်ကျွမ်း ကျင်သူများကဆိုသည်။

အဆိုပါ ထီဆုကြီးများကို ထီဆုငွေတန်ဖိုး၏  ၃ ရာခိုင်နှုန်း မှ  ၅ ရာခိုင်နှုန်းအထိအပိုကြေး ပေး ၀ယ်ယူမှုများ ရှိနေကြောင်း၎င်းတို့ကပြောသည်။

‘‘ကျပ် ၅၀,၀၀၀၊ ၁၀၀,၀၀၀ ဆုတွေကတော့ ပုံမှန်ဈေးပဲရှိ တယ်။ ဒါပေမဲ့ ထီရုံးမှာသွားမ ထုတ်ချင်ကြတဲ့အတွက် ထီဆိုင်တွေမှာပဲ ပြန်ရောင်းကြတယ်’’ ဟု ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းမှထီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထီဆုကြီးလက်မှတ်များကို စီးပွားရေး လုပ်ငန်းရှင်အချို့က ငွေဖြူပြုလုပ်ရန်နှင့် ၀င်ငွေရလမ်း  ဖော်ပြနိုင်ရန် ပြန်လည်ဝယ်ယူ များရှိနေကြောင်း  ၎င်းတို့ကပြော သည်။

ထိုသို့ပေါက်မဲထီလက်မှတ်  များအရောင်းအ၀ယ်ဖြစ်နေခြင်း ကိုကြားသိရသော်လည်း လက်ရှိ ကျင့်သုံးသည့်စနစ်တွင် ထီလက် မှတ်လက်ဝယ်ရှိသူကသာ ထီကံ ထူးရှင်ဟု သတ်မှတ်ထားခြင်း ကြောင့် အရေးယူရန်အခက်အခဲ များရှိသည်ဟု ပြည်တွင်းအခွန် များ ဦးစီးဌာနညွှန်ကြားရေးမှူး  ချုပ်ဦးမင်းထွဋ်ကပြောကြားထား  သည်။

Top News