အိုင်စီစီအဖွဲ့ဝင်များ အချက်အလက် ရယူရန် မတ်လဆန်းတွင် ဘင်္ဂလားဒေ့ရှ်သို့သွားရောက်မည်

ဘင်္ဂါလီများကို နှိပ်စက်ညှဉ်းပန်းခဲ့သည့် သက်သေအခိုင်အမာမရှိဟု တပ်ချုပ်ပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး(အိုင် စီစီ)တွင် ပိုမိုပါဝင်လာကြောင်း နိုင်ငံခြားရေးအတွင်းဝန် မက်ရှာ ဟီဒူလ်ဟက်က ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာသည် အိုင်စီစီရှေ့နေ ဖာတူဘန်ဆူဒါနှင့် ဂျာမနီနိုင်ငံ၌ သီးခြားစီတွေ့ဆုံပြီးနောက် အထက်ပါအတွင်းဝန်က သတင်းထောက်များအား ယင်းသို့ပြော ကြားသည်။

‘‘ကျွန်တော်တို့ သံအမတ် ကြီးက အိုင်စီစီကော်မတီမှာ အ ဖွဲ့ဝင်တစ်ဦးပါ။ ဒါကကျွန်တော် တို့ ထဲထဲဝင်ဝင် ပါဝင်နေတယ် ဆိုတဲ့ နယ်ပယ်အသစ်တစ်ခု ဖြစ် ပါတယ်။ အတိတ်ကာလတုန်းက ဒီလောက်ကျယ်ကျယ်ပြန့်ပြန့် ပါ ၀င်ခဲ့ခြင်း မရှိပါဘူး’’ဟု မစ္စတာ မက်ရှာဟီဒူလ်ဟက်က ဆိုသည်။

ထို့အပြင် အိုင်စီစီကိုယ်စား လှယ်များသည် လာမည့် မတ်လ ဆန်းတွင် ဘင်္ဂါလီ(မူရင်းတွင် ရို ဟင်ဂျာဟု သုံးနှုန်း) နှင့်ပတ်သက် သည့် အချက်အလက်များကို စု ဆောင်းရန် ဘင်္ဂလားဒေ့ရှ်သို့ လာ ရောက်မည်ဟု အထက်ပါအတွင်း ၀န်က အတည်ပြုသည်။

‘‘သူတို့(အိုင်စီစီရှေ့နေများ) က ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာ) အပေါ် ရက်စက်ကြမ်းကြုတ်မှု တွေနဲ့ ပတ်သက်ပြီး တရားစွဲဆို နိုင်ဖို့ စတင်ဆောင်ရွက်နေပါပြီ။ ပထမဆုံးခြေလှမ်းအနေနဲ့ အ ထောက်အထားတွေ ရယူနိုင်ဖို့ မတ်လဆန်းမှာပဲ သူတို့ဘင်္ဂလား ဒေ့ရှ်ကို လာရောက်ပါလိမ့်မယ်’’ ဟု ၎င်းကဆက်လက်ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသည့်လုံခြုံ ရေးဆိုင်ရာ မျက်နှာစုံညီအစည်း အဝေး တက်ရောက်ရန် ကြာသ ပတေးနေ့တွင် ဒါကာမှ ထွက်ခွာ ခဲ့သည်။

မြန်မာနိုင်ငံသည် အိုင်စီစီအ ဖွဲ့ဝင် နိုင်ငံမဟုတ်၍ အိုင်စီစီ တရားရုံးတင်၍ ဆောင်ရွက်ခွင့် မရှိကြောင်းနှင့် ဆောင်ရွက်ချက် များကိုလည်း အသိအမှတ်မပြု ကြောင်း အစိုးရကအကြိမ်ကြိမ် ပြောကြားထားသည်။

အခြားသတင်းတစ်ရပ်တွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဘင်္ဂါလီများအပေါ် တပ်မတော်က နှိပ်စက်ညှဉ်းပန်းသည့် သက်သေအခိုင်အမာမရှိကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဂျပန်သတင်းဌာနနှင့် ပြုလုပ်သောတွေ့ဆုံမေးမြန်းမှု၌ ထည့်သွင်းပြော ကြားသည်။

တပ်မတော်က ယင်းသို့ရက် စက်ကြမ်းကြုတ်မှုများ ကျူးလွန် သည်ဆိုသော စွပ်စွဲမှုများသည် နိုင်ငံ၏ ဂုဏ်သိက္ခာကိုထိခိုက်စေ ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က အဆာဟိရှင်ဘွန်း သတင်းဌာနအား ပြောသည်။

မြန်မာအစိုးရသည် ၂၀၁၇ သြဂုတ် ၂၅ ရက်နောက်ပိုင်း ရခိုင် ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်များ နှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အထောက်အထား၊ အချက်အ လက်များနှင့်အတူ တိုင်ကြားနိုင် ကြောင်း ကြေညာထားသည်။

ကိုးကား-bdnews24.com, AFP

Top News