တနင်္သာရီတိုင်း စီမံဘဏ္ဍာဝန်ကြီးအား ထောက်ခံကြောင်းလက်မှတ်များ လိုက်ကောက်နေဟုဆို

စွပ်စွဲမှုသာဖြစ်ဟု တာဝန်ရှိသူ တုံ့ပြန်
ထောက်ခံကြောင်းလက်မှတ်ကောက်ခံထားသည့် စာရွက်တစ်ရွက်

 တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးအား ပြည်သူများက ထောက်ခံကြောင်း လက်မှတ်များကို မြိတ်မြို့တွင် ရပ်ကျေးရာအိမ်မှူးများက တစ်အိမ်တက်၊ တစ်အိမ်ဆင်း  ကောက်ခံနေကြောင်း မြိတ်မြို့ ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်ကစ၍ ဒေါ်အောင်ဆန်းစုကြည်၏ သုံး ရက်ကြာ တနင်္သာရီတိုင်းခရီးစဉ် အတွင်း ဆွေမျိုးနီးစပ်သူများအား လုပ်ပိုင်ခွင့်များချပေးခြင်း၊ ကိုယ် ရေးအရာရှိခန့်ထားခြင်းနှင့် အဂ တိ ကျော်စောခြင်းတို့ကြောင့် တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းစီမံ ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် တိုင်းဒီချုပ်ပါတီဥက္ကဋ္ဌ ဦးအောင် စိုးတို့ကို စစ်ဆေးအရေးယူပေး ရန် ဒေသခံပြည်သူများက ဆိုင်း ဘုတ်ထောင် ဆန္ဒထုတ်ဖော်ခြင်း၊ လူတွေ့တိုင်ကြားခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၁၄ ရက်ကစ၍ မြိတ်မြို့ပေါ်ရှိ ရပ် ကွက်အသီးသီးတွင် ဆယ်အိမ်မှူး များက ဦးဆောင်၍ ‘တနင်္သာရီ  တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းအား အပြည့်အ၀ ယုံကြည်ထောက်ခံ ကြောင်း’ စာရွက်များပေါ်တွင် နာမည်နှင့် မှတ်ပုံတင်အမှတ်များ ရေး၍ လက်မှတ်ထိုးရန် တစ်အိမ် တက်၊ တစ်အိမ်ဆင်း ကောက်ခံ နေကြောင်း ဒေသခံများက အ တည်ပြုပြောသည်။

မြိတ်မြို့ ဇေယျာသီရိ (၂) ရပ်နေ မဆောင်းရိပ်ခိုက ‘‘၁၄ ရက်ညက အိမ်မှာရှိနေတဲ့အချိန် မှာ ရပ်ကွက်က ဆယ်အိမ်မှူးက  သမီးရယ် ဒီစာရွက်ပေါ်မှာ မှတ်ပုံ တင်နံပါတ်လေးရယ်၊ နာမည် ရယ်၊ လက်မှတ်ရယ်ထိုးပေးပါ တဲ့။ ဘာလဲဦးလေး၊ ဘာအတွက် လဲဆိုတော့ ဘဏ္ဍာရေးဝန်ကြီး  ဦးဖြိုးဝင်းထွန်းကို   ထောက်ခံ ကြောင်း  လူဦးရေစာရင်းတဲ့။ ညီမတို့က မထောက်ခံဘူး ပြောလိုက် တယ်’’ ဟု လက်မှတ်လာရောက် ကောက်ခံမှုအပေါ် ရှင်းပြသည်။

ထို့အပြင် ရပ်ကွက်ပြည်သူ အများစုက မည်သည့်အကြောင်း အရာမှန်းမသိဘဲ ရပ်ကွက်လူကြီး များက ထိုးခိုင်း၍ ထိုးပေးလိုက်ရ သည်များရှိကြောင်း မဆောင်းရိပ် ခိုက ဆိုသည်။

ထိုသို့ပြုလုပ်ရန် စီမံဘဏ္ဍာ ၀န်ကြီး ဦးဖြိုးဝင်းထွန်းက ညွှန် ကြားပြီး မြိတ်မြို့နယ် စည်ပင်သာ ယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ် ကိုကိုက ဦးဆောင် စီစဉ်ဆောင် ရွက်ခြင်းဖြစ်သည်ဟု သိထား ကြောင်း မြိတ်မြို့ဒေသခံများက ပြောသည်။

‘‘ဒီဟာက လုံးဝမဖြစ်သင့်တဲ့ ကိစ္စလေ။ ဒီလိုလုပ်လို့မရဘူး လေ။ ပြည်သူလူထုက လက်မခံ ဘူးဆိုတာကို မဆလခေတ်ကလို  အတင်းအကျပ် လက်မှတ်လိုက် ထိုးခိုင်းနေတာသဘာဝမကျဘူး။ ရပါပြီ၊ နားပါတော့။ အမေ့ (ဒေါ် အောင်ဆန်းစုကြည်) နောက် လိုက်သူတွေ အမေ့ကိုသနားပါ တော့’’ဟု မြိတ်မြို့ခံ ဦးခင်မောင် သန်းက မှတ်ချက်ပြုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ‘‘စွပ်စွဲတာဖြစ်လိမ့်မယ်။ စွပ်စွဲ  တာဖြစ်မယ်။ ကျွန်တော်ဘာမှ မပြောချင်တော့ဘူး။ ဒီမိုကရေစီ နည်းအရဆိုရင် ကန့်ကွက်တဲ့သူ ရှိရင် ထောက်ခံတဲ့သူလည်း ရှိ မယ်ဟုတ်တယ်မလား။ ဆုံးဖြတ် ရမှာက အစိုးရဆုံးဖြတ်ရမှာ’’ဟု တုံ့ပြန်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စီ မံဘဏ္ဍာရေးဝန်ကြီး၏ ညွှန်ကြား ချက်အရ ဆောင်ရွက်ခြင်း ဟုတ်၊ မဟုတ် 7Day Daily သတင်းစာ က မေးမြန်းရာ၎င်းအနေဖြင့် မသိ ကြောင်း ဦးမြတ်ကိုကိုက ဆို သည်။စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုး ဝင်းထွန်းထံ ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီခန့်တွင် ဖုန်းဆက်သွယ် မေးမြန်းရာ စက်ပိတ်ထားသဖြင့် အဆက်အသွယ်မရရှိပေ။

ဦးဖြိုးဝင်းထွန်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မြိတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)မှ ဒီချုပ်ပါတီ ကိုယ်စားပြု  လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် တနင်္သာရီ တိုင်း အစိုးရအဖွဲ့တွင် စီမံဘဏ္ဍာ ၀န်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရ သည်။