တနင်္သာရီတိုင်းအစိုးရအဖွဲ့သည် ပြည်သူကျေနပ်မှုအနည်းဆုံး အစိုးရဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများ တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံနေစဉ် (ဓာတ်ပုံ − Myanmar State Counsellor Office)

 တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့သည် ပြည်သူ ကျေနပ်မှုအနည်းဆုံးအစိုးရအဖွဲ့ ဖြစ်သည်ကိုတွေ့ရသဖြင့် လေး လေးနက်နက်သတိပေးလိုပြီး အ မှန်တကယ်အလုပ်မလုပ်ပါက ပြင်းပြင်းထန်ထန်ကိုင်တွယ်မည် ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားသည်။


နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဖေဖော်ဝါရီ ၁၅ ရက် က ထားဝယ်မြို့လူထုတွေ့ဆုံပွဲအ ပြီး လေဆိပ်ခန်းမတွင် တိုင်းအစိုး ရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလဲ့ လဲ့မော်အပါအ၀င် ၀န်ကြီးများနှင့် သီးသန့်တွေ့ဆုံရာ အထက်ပါအ တိုင်းပြောကြားခဲ့သည်ဟု နိုင်ငံ တော်အတိုင်ပင်ခံရုံးက ယင်းနေ့ ညတွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံမြောက်ဖျား၊အ ရှေ့ဖျားဒေသများသို့ သွားရောက် ခဲ့သည့်ခရီးစဉ်များတွင် သုံးနှစ်အ တွင်း သိသာသည့်တိုးတက်မှုများ မြင်တွေ့ခဲ့ရသော်လည်း တနင်္သာ ရီတိုင်းဒေသကြီး၏ တိုးတက်မှု နှေးကွေးခြင်းသည် မဖြစ်သင့် ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က မှတ်ချက်ပြုသည်။

ထို့အပြင် တနင်္သာရီတိုင်း သည် ပထ၀ီအနေအထား၊ ရာသီ ဥတုနှင့် စီးပွားရေးအခွင့်အလမ်း ကောင်း များစွာရှိသောဒေသဖြစ် သဖြင့် တိုင်းအစိုးရအဖွဲ့ဝင်များ က ထိရောက်စွာကြိုးစားရန်လို ကြောင်း ၎င်းကညွှန်ကြားသည်။

ထို့ကြောင့် တိုင်းအစိုးရအဖွဲ့ ၀င်များသည် ပြည်သူများနှင့်နီး ကပ်စွာဆက်ဆံ၍ ဆွေးနွေးပွဲများ မကြာခဏပြုလုပ်ရန်၊ ဆွေးနွေးပွဲ ဆောင်ရွက်မှုအခြေအနေများကို လည်း ၎င်းထံအစီရင်ခံတင်ပြရန် အပါအ၀င် လူထု၏လိုအပ်ချက် များ မေးမြန်း၍တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ရန်၊ အ မှန်တကယ်လုပ်ဆောင်ပေးနိုင် သည်များကိုသာ ကတိပေးရန်နှင့် မလုပ်နိုင်သည်များ ကတိမပေး ရန် အတိုင်ပင်ခံပုဂ္ဂိုလ်က ထပ်မံ သတိပေးကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အဆိုပါတွေ့ဆုံမှုနှင့်ပတ် သက်၍ တိုင်းအစိုးရအဖွဲ့လူမှုရေး နှင့်စည်ပင်ဝန်ကြီးဦးဟိုပင်ထံ ဖေ ဖော်ဝါရီ ၁၆ ရက်မွန်းလွဲ ၂ နာရီခွဲ တွင် ဆက်သွယ်မေးမြန်းရာယင်း ကိစ္စနှင့်ပတ်သက်၍ ဖြေကြားလို ခြင်းမရှိကြောင်း ငြင်းဆိုသည်။

ထို့အပြင် ‘‘တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများတာဝန်ကျေ ပါ။ တိုင်းဒေသကြီး၊ ပြည်နယ်အ စိုးရများတာဝန်ကျေရင် ကျွန်မတို့ နိုင်ငံဟာ မုချမသွေအချိန်တိုတို အတွင်းမှာ တိုးတက်နိုင်မယ်ဆို တာ ကျွန်မရဲရဲကြီးပြောနိုင်ပါ တယ်။ ကျွန်မတို့ရဲ့ပြည်သူလူထု အနေနဲ့လည်း ကိုယ့်အစိုးရကို ကိုယ်ထိန်းပါ။ ကျွန်မထိန်းဖို့ပြော တဲ့အခါ ယဉ်ယဉ်ကျေးကျေးတော့ ထိန်းပါ။ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ထိန်း တယ်ဆိုတာ ကျွန်မတို့နိုင်ငံအ တွက် သိက္ခာလည်းမဲ့တယ်။ ကျွန် မတို့ရဲ့ နောင်လာနောက်သား တွေကိုလည်း မကောင်းတဲ့အမွေ အနှစ်တွေထားခဲ့ရာရောက်ပါ လိမ့်မယ်’’ ဟု အတိုင်ပင်ခံပုဂ္ဂိုလ် က ကော့သောင်းလူထုနှင့်တွေ့ ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သုံးရက်ကြာတနင်္သာရီတိုင်းခရီး စဉ်အတွင်း အဂတိလိုက်စားမှု ရှိသည်ဆိုကာ တိုင်ကြားခံရသည့် တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်၊ စီမံဘဏ္ဍာဝန်ကြီးနှင့် တိုင်းဒီချုပ် ပါတီဥက္ကဋ္ဌ ဦးအောင်စိုးတို့ကို စစ်ဆေးအရေးယူပေးရန်နှင့် စီမံ ခန့်ခွဲမှု ညံ့ဖျင်းသောတိုင်းအစိုးရ အဖွဲ့ကို ပြောင်းလဲပေးရန် ထား ၀ယ်၊ မြိတ်နှင့် ကော့သောင်းခရိုင် ရှိ ပြည်သူအချို့က ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

ထို့အပြင် ထားဝယ်၊မြိတ်နှင့် ကော့သောင်းလူထုတွေ့ဆုံပွဲများ တွင် အဆိုပါပုဂ္ဂိုလ်များအား ဖယ် ရှားပေးရန်နှင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ပြည်သူများ၏ တိုင်ကြားမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် တနင်္သာရီတိုင်းသို့ လာရောက်ခြင်းမှာ တိုင်းအစိုးရ အဖွဲ့ကိုဆုံးမရန်ဖြစ်ကြောင်းပြော သည်။ ထို့အပြင် အဂတိမှုရှိသည် ဆိုကာ တိုင်ကြားခံရသည့်တိုင်း ၀န်ကြီးချုပ်၊ တိုင်းစီမံဘဏ္ဍာဝန် ကြီးနှင့် တိုင်းဒီချုပ်ပါတီဥက္ကဋ္ဌနှင့် ဒီချုပ်ဗဟိုအလုပ်အမှုဆောင်ဦး အောင်စိုးတို့ကို သက်ဆိုင်ရာဌာန များက စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်များကိုလည်း ပြည်သူများ သိရှိအောင်ထုတ်ပြန် ပေးမည်ဟု ကတိပြုပြောကြားခဲ့ သည်။

ဆွေမျိုးနီးစပ်သူများကို လုပ် ပိုင်ခွင့်များချပေးခြင်း၊ ကိုယ်ရေး အရာရှိခန့်ထားခြင်းနှင့်အဂတိ ကျော်စောခြင်းတို့နှင့်ပတ်သက်၍၀န်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်၊စီမံဘဏ္ဍာဝန်ကြီးဦးဖြိုးဝင်းထွန်း နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၀င်ဦးအောင်စိုးတို့ကို စုံစမ်းစစ် ဆေးရန် ဒီချုပ်ပါတီဗဟို၊ နိုင်ငံ တော်သမ္မတနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ထံ ထားဝယ်နှင့်မြိတ် ခရိုင်ရှိ ဒီချုပ်ထောက်ခံသူ ၁ဝ၀ ကျော်က လက်မှတ်ထိုး၍ တိုင် ကြားခဲ့သည်။

ထို့အပြင် ၀န်ကြီးချုပ်ဒေါက် တာလဲ့လဲ့မော်အဂတိလိုက်စား သည်ဟု ပြည်သူများတိုင်ကြားမှု နှင့်ပတ်သက်၍ အချက်ခြောက် ချက်ပါအစီရင်ခံစာကို တိုင်းလွှတ် တော်ဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌအပါအ၀င် တိုင်းလွှတ်တော်အမတ် ၁၄ ဦးက လက်မှတ်ထိုး၍ သက်သေအ ထောက်အထားများနှင့်တကွ ဒီ ချုပ်ပါတီဗဟို၊ နိုင်ငံတော်သမ္မတ ​နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်ပြထားသည်။

Top News