■ အားကစား သတင်းတိုများ

.ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ်ပိုင်ရှင် ၁၀ ဦးစာရင်းကို နယူးယောက်ရဒ်ဘူးလ်အသင်းပိုင်ရှင် ဒိုင်ယက်ရစ်ခ်ျ မာတီရှခ်က ဦးဆောင်ထားပြီး ၎င်း၏နောက်တွင် မန်စီးတီးပိုင်ရှင် ရှိတ်ခ်မန်ဆာ၊ ဂျူဗင်တပ်ပိုင်ရှင် အန်ဒရီယာအဂနီလီ၊ အယ်လ်အေဂလက်စီပိုင်ရှင်  ဖီးလစ်အန်ရှုဇ်၊ ချယ်လ်ဆီးပိုင်ရှင် ရိုမန်အီဘရာမိုဗစ်ခ်ျနှင့် အာဆင် နယ်ပိုင်ရှင်စတန်ကိုရီယန်တီတို့ ရှိနေသည်။

 


.ချယ်လ်ဆီးက မယ်လ်မိုကို ၂-၁ ဂိုးဖြင့် ယူရိုပါလိဂ်နောက်ဆုံး (၃၂) သင်းအဆင့် ပထမအကျော့ပွဲတွင် နှစ်ဖက်ပရိသတ်များ၏ မငြိမ်သက်မှုကြောင့် ယူအီးအက်ဖ်အေက နှစ်သင်းစလုံးကို စွဲချက် တင်ပြီး ဖေဖော်ဝါရီ ၂၁ ရက်၌ ဆုံးဖြတ်မည်ဖြစ်သည်။

.ဂျူဗင်တပ်နှင့် မန်စီးတီးက ခေါ်ယူရန် ပစ်မှတ်ထားနေသော ပြင်သစ်ကွင်းလယ်လူ ဘန်ဇိုင်းအမ်ဒွမ်ဘီလီ (၂၂) နှစ်သည် ပေါ့ဂ်ဘာ လက်သစ်ဖြစ်လာနိုင်ကြောင်း ၎င်း၏လိုင်ယွန်နည်းပြ ဘရူနိုဂီနီစီယိုက ချီးကျူးသည်။

.အက်သလက်တီကိုတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် ဒဏ်ရာ ကြောင့် လေးလအထိ အနားယူခဲ့ရပြီးနောက် သောကြာနေ့က လေ့ ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့၍ ဂျူဗင်တပ်နှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ် ပွဲတွင် ပါဝင်နိုင်ခြေရှိနေသည်။

.ဝုဖ်လ်ဗာဟမ်တန်အသင်းက အသင်းခေါင်းဆောင် ကိုနာကိုအာဒီ (၂၅) နှစ်နှင့် အိုင်ယာလန်တိုက်စစ်မှူး မတ်ဒိုဟာတီ (၂၇) နှစ်တို့ကို ၂၀၂၃ အထိသက်တမ်းရှိသော စာချုပ်သစ်များ ချုပ်ဆိုပြီးအသင်းက ကစားသမားများနှင့် နည်းပြတို့၏ စွမ်းဆောင်ရည်ကို ချီးကျူးသည်။

Top News