အဝါကတ်ထိအောင် တမင်ပြုလုပ်ခဲ့သည်ဆိုသော ရာမို့စ်၏ ဖြစ်ရပ်ကို ယူအီးအက်ဖ်အေ စုံစမ်းနေ

 အေဂျက်ဇ်ကို ၂-၁ ဂိုးဖြင့် နိုင်သောပွဲတွင် အဝါကတ် ပြသခံရစေရန် တမင်တကာ လုပ်ခဲ့သည်ဆိုသော ရီးရဲလ်အ သင်းခေါင်းဆောင် ရာမို့စ်၏ပြော ဆိုမှုနှင့်ပတ်သက်ပြီး ဥရောပ ဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ် အေက ယင်းဖြစ်ရပ်ကို စုံစမ်းစစ် ဆေးနေသည်။


ဗဟိုနောက်ခံလူ ရာမို့စ် သည် ရီးရဲလ်အတွက်ပွဲ ၆၀၀ မြောက်ပါဝင်ကစားခဲ့ပြီး ကက်စ် ပါဒိုက်ဘာ့ဂ်ကို မလိုအပ်ဘဲကြမ်း တမ်းစွာ ကစားခဲ့၍ အဝါကတ်ပြ သခံခဲ့ရသည်။ ယင်းအဝါကတ် ကြောင့် ၎င်းသည် ဘာနေဗျူးကွင်း ၌ ကစားရမည့် ဒုတိယအကျော့ပွဲ နှင့် လွဲချော်မည်ဖြစ်သည်။

ပထမအကျော့ပွဲပြီးနောက် ရာမို့စ်က ဖြစ်နိုင်ခြေရှိသော ကွာ တားဖိုင်နယ်ပွဲ မတိုင်မီ ၎င်း၏အ ဝါကတ်ပြသခံရမှုအတွက် အပြစ် ပေးခံရမှု ရှင်းလင်းသွားစေရေး အေဂျက်ဇ်နှင့်ပွဲတွင် အဝါကတ် ပြသခံရအောင် လုပ်ဆောင်ခဲ့ သည်ဟု ပြောဆိုခဲ့သည်။

တမင်အဝါကတ်ပြသခံရ အောင် လုပ်ဆောင်သော ကစား သမားတစ်ဦးအနေဖြင့် နှစ်ပွဲပယ် ခံရနိုင်သည်။

ရာမို့စ်က ကနဦးတွင် တမင် တကာအဝါကတ်ပြသခံရအောင် လုပ်ခဲ့သည်ဟု ပြောဆိုခဲ့ပုံရသော် လည်း နောက်ပိုင်းတွင် မရှောင် လွှဲနိုင်သော ပြစ်ဒဏ်ဘောကို ကျူးလွန်ခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားသည်။

ပြိုင်ဘက်အသင်း၏ အလွန် အန္တရာယ်များသော တန်ပြန် တိုက်စစ်ကြောင့် ယင်းပြစ်ဒဏ် ဘောကို ကျူးလွန်ခြင်းဖြစ်သည် ဟု ရာမို့စ်က ပြောသည်။

—Ref:Goal/BBC

Top News