အရေးကြီးကာလ ရင်ဆိုင်ရန် အသင့်ရှိဟု ဂျူဗင်တပ်နည်းပြပြောကြား

နည်းပြအယ်လီဂရီ၏ ဂျူဗင်တပ်သည် ဖရိုဆင်နွန်း သုံး ဂိုးပြတ်အနိုင်ရပြီးနောက် စီးရီး အေအမှတ်ပေးဇယား၌ ၁၄ မှတ် ဖြတ်ကာ ဦးဆောင်ခဲ့ပြီးအက် သလက်တီကိုမက်ဒရစ်နှင့်ကစား မည့် ချန်ပီယံလိဂ် (၁၆) သင်းအ ဆင့် ရှုံးထွက်ပထမအကျော့အ တွက် ယုံကြည်မှု တိုးလာသည်။


စီးရီးအေဆုဖလားကို ရှစ် နှစ်ဆက်တိုက် သိမ်းပိုက်ရန်ကြိုး ပမ်းနေသည့် ဂျူဗင်တပ်တွင် ဒိုင်ဘာလာ၊ ဘိုနူချီနှင့် စီရော်နယ် ဒိုတို့က ဂိုးများသွင်းယူခဲ့သည်။ ယခုနှစ်ရာသီပြိုင်ပွဲစုံသွင်းဂိုး ၂၁ ဂိုးရှိလာသော စီရော်နယ်ဒိုက စီးရီးအေဂိုးသွင်းစာရင်းကို အတ္တ လန်တာမှ ဇာပါတာနှင့် ဆမ်ဒိုးရီး ယားမှ ကွာဂလီရယ်လာတို့ထက် သုံးဂိုးပိုများပြီး ၁၉ ဂိုးဖြင့် ဦး ဆောင်နေသည်။

‘‘ရုပ်ပိုင်းဆိုင်ရာ ရှုထောင့်က နေကြည့်ရင် အသင်းဟာတိုးတက် လာပါတယ်။ ဆောင်းရာသီနား ချိန် ပြီးတဲ့နောက် ကျွန်တော်တို့ နည်းနည်း လေးရုန်းကန်ခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ စီးရီးအေနဲ့ ချန်ပီယံလိဂ် နှစ်ခုစလုံးမှာ ရာသီ ရဲ့အရေးကြီးတဲ့ကာလကို ရင် ဆိုင်ဖို့ ကျွန်တော်တို့ အသင့်ဖြစ် နေပါပြီ’’ ဟု အယ်လီဂရီက ပြော သည်။

ဒုတိယနေရာရှိ နာပိုလီက ယနေ့ညတွင် တိုရီနိုကို အိမ်ကွင်း ၌ လက်ခံကစားမည်ဖြစ်သည်။

ဂျူဗင်တပ်အနေဖြင့် ချန်ပီ ယံလိဂ် ပထမအကျော့ကို အက် သလက်တီကိုမက်ဒရစ်ကွင်းသို့ သွားရောက်ကစားမည်ဖြစ်ပြီး ဖရိုဆီနွန်းနှင့်ပွဲတွင် ဒုတိယပိုင်း၌ အဓိက ကစားသမားများအမြောက် အမြားအား အနားပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်ပွဲက ခုနစ် မိနစ်သာ ကစားခဲ့ရသော်လည်း ယခုပွဲတွင် ပွဲထွက်ခဲ့သည့် ဒိုင်ဘာ လာသည် နိုဝင်ဘာ ၃ ရက်နောက် ပိုင်း ပထမဆုံးလိဂ်ဂိုးအဖြစ် ၆ မိနစ်တွင် ကိုက် ၂၀ အကွာအဝေး မှ အပြင်းကန်ချက်ဖြင့် လှပစွာ ဂိုးသွင်းယူခဲ့သည်။

‘‘ဒိုင်ဘာလာအတွက် ကျွန် တော်ပျော်ပါတယ်။ သူ့စွမ်း ဆောင်ရည် ကြီးကျယ်ခဲ့ပြီး သိပ် ကောင်းတဲ့ ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါ တယ်။ တိုက်စစ်မှူးတွေဟာ ဒီလို ဂိုးသွင်းဖို့ ရှင်သန်နေတာပါ’’ ဟု အယ်လီဂရီက ချီးကျူးပြောကြား သည်။—Ref:AP

Top News