မန်ယူတိုက်စစ်မှူး လင်းဂတ်နှင့် မာရှယ် ဒဏ်ရာကြောင့် သုံးပတ်ကြာ အနားယူရဖွယ်ရှိ

 မန်ယူတိုက်စစ်မှူးများ ဖြစ်သည့် လင်းဂတ်နှင့်မာရှယ် သည် သုံးပတ်ကြာ အနားယူ ရဖွယ်ရှိသည်။


ဖေဖော်ဝါရီ ၁၂ ရက်က ပီ အက်စ်ဂျီကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သော ချန်ပီယံလိဂ် (၁၆) သင်းရှုံး ထွက်အဆင့် ပထမအကျော့ပွဲ တွင် တံကောက်ကြောဒဏ်ရာရရှိ သဖြင့် လင်းဂတ်သည် ပထမ ပိုင်းအပြီးတွင် ဆန်းချက်ဇ်နှင့် လူစားလဲခဲ့ရသည်။

ယင်းပွဲတွင် ရရှိခဲ့သော မာရှယ်၏ ပေါင်ခြံဒဏ်ရာသည် လည်း မသက်သာသဖြင့် ၄၆မိနစ်၌ မာတာနှင့်လူစားလဲခဲ့သည်။

ယင်းကစားသမားများအနေ ဖြင့် သီတင်းနှစ်ပတ်မှ သုံးပတ်အ ထိ လွဲချော်မည်ဟု မန်ယူနည်းပြ ဆိုးလ်ရှားက ပြောသည်။

ထို့ကြောင့် ဖေဖော်ဝါရီ ၂၄ ရက်တွင် လီဗာပူးနှင့် ပရီးမီးယား လိဂ်ပွဲမကစားမီ ဖေဖော်ဝါရီ ၂၈ ရက်တွင် ချယ်လ်ဆီးနှင့် အက်ဖ် အေဖလား ပဉ္စမအဆင့်ပွဲကစား ရမည့် မန်ယူအတွက် ထိုးနှက် ချက်တစ်ရပ်ဖြစ်သည်။

ဆိုးလ်ရှားလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရနေသော တိုက် စစ်မှူးနှစ်ဦး ဒဏ်ရာရခြင်းကြောင့် ဆန်းချက်ဇ်နှင့် လူကာကူတို့ ကစားချိန်ပိုရဖွယ်ရှိပြီး ဆယ် ကျော်သက် တိုက်စစ်မှူးများဖြစ် သည့် တာဟစ်ချောင်နှင့် အန်ဂယ် ဂိုမက်စ်တို့လည်း လူစာရင်းတွင် ပါဝင်လာနိုင်သည်။—Ref:AP