ဖေ့စ်ဘွတ်ခ်နှင့် ဂူးဂဲလ်တွင် မြန်မာစာ အရေး၊ အဖတ် အဆင်မပြေမှုများ မကြာမီ ပြေလည်မည်ဟုဆို

 ဖေ့စ်ဘွတ်ခ်နှင့် Google တွင် မြန်မာစာရေးသားရာနှင့်ဖတ် ရှုရာ၌ ကြုံတွေ့နေရသည့် အဆင်မပြေမှုများ မကြာမီ ပြေလည်မည် ဖြစ်ကြောင်း Technomation ကုမ္ပဏီစီအီးအို ဦးထူးမြင့်နောင်က ပြောသည်။

 လက်ရှိ၌ ဖေ့စ်ဘွတ်ခ်နှင့် Google သည် ကွန်ရက်ပေါ်တွင် ရေးသားထားသည့် မြန်မာစာစနစ်ကို Update ပြုလုပ်နေသဖြင့် မြန်မာစာစနစ်ကို ဖတ်ရှုရာနှင့် ရေးသားရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု MyanmarNet ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ထွဋ်ကပြောသည်။


ဖေ့စ်ဘွတ်ခ်နှင့် Google သည် ကွန်ရက်ပေါ်တွင် ယူနီကုတ် စနစ်ဖြင့် ရေးသားသည်ဖြစ်စေ၊ ဇော်ဂျီစနစ်ဖြင့် ရေးသားသည်ဖြစ် စေ အပြန်အလှန် ဖတ်ရှုနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဦးထူးမြင့်နောင်က ပြောသည်။

‘‘အဆင်ပြေသွားရင် ကျွန် တော်တို့ ယူနီကုတ်သုံးနေလား၊ ဇော်ဂျီသုံးနေလား သိစရာမလို တော့ဘူး။ ဘာသုံးသုံးအဆင်ပြေ သွားလိမ့်မယ်။ အခုက တစ်ပြိုင် တည်း နှစ်ခုရှိနေသေးလို့ နည်း နည်းလွဲနေတာ။ တဖြည်းဖြည်း ယူနီကုတ်များသွားရင် ပြီးသွားပြီ’’ ဟု ၎င်းကပြောသည်။

၂၀၁၉ ဇန်နဝါရီကစ၍ ဖေ့စ် ဘွတ်ခ်နှင့် Google ပေါ်ရှိ အချို့ သော မြန်မာစာများ ဖတ်ရှုရာ တွင် စာလုံးပေါင်းသတ်ပုံလွဲချော် မှုဖြစ်ပွားခဲ့သည့်အပြင် မြန်မာစာ စနစ်ကို ရေးသားရာ၌လည်း စာလုံးပေါင်းအမှန်ကို ရေးသားနိုင် ခြင်းမရှိဘဲ လွဲချော်မှုများဖြစ်ပေါ် နေသည်။

ဒစ်ဂျစ်တယ်သုံး မြန်မာစာ စနစ်ကို ပြုပြင်နေခြင်းနှင့် ပတ် သက်၍ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီသို့ ၎င်း၏ ပြန်ကြားရေးကုမ္ပဏီမှတစ် ဆင့် အသေးစိတ်အချက်အလက် များ ပေးပို့မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

‘‘အရင်တုန်းက ထင်ထား တာက ယူနီကုတ်ပြောင်းရင် ဖတ် လို့မရမှာနဲ့ အဆင်မပြေဖြစ်ကြ တာကို အပြင်းအထန်ကျော်လွှား ရမယ် ထင်ထားတာ။ အခု ထင် ထားတာထက် လွယ်လွယ်ကူကူ ပြောင်းလို့ရနေတယ်။ ကောင်း တယ်လို့ ပြောရမှာပါ’’ဟု ဦးထူး မြင့်နောင်က ပြောသည်။

 လက်ရှိ၌ ဇော်ဂျီမြန်မာစာ စနစ်ဖြင့် ရေးသားထားသည့် စာ များကို ယူနီကုတ်စနစ်ဖြင့် အလို အလျောက် ပြောင်းလဲပြသနေသ ဖြင့် ဖတ်ရှုရာတွင် အဆင်မပြေမှု များ ကြုံတွေ့နေရကြောင်း၊ သို့သော် ဇော်ဂျီစနစ်ဖြင့် ရေးသားထားသည့် မြန်မာစာကို ယူနီကုတ်စနစ်ဖြင့် ဖတ်ရှုရာတွင် အများအားဖြင့် အဆင်ပြေကြောင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက ပြော သည်။