ထိုင်းရွေးကောက်ပွဲနီးသဖြင့် မြန်မာအပါအဝင် တရားမဝင်ပြည်ပလုပ်သားများဖမ်းဆီးမှု အရှိန်မြှင့်

ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံကူးလက်မှတ် အတုပြုလုပ်မှုကြောင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားတစ်ဦး (ဓာတ်ပုံ − Royal Thai Police)

ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် နီးကပ်လာ၍ ထိုင်းအစိုးရက တရားမဝင် မြန်မာလုပ်သားများအပါ အဝင် နိုင်ငံခြားလုပ်သားများ စစ်ဆေးဖမ်းဆီးမှု အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အရေး ကူညီပေးနေသော မြန်မာအဖွဲ့အစည်းများကပြောသည်။ 


ထိုင်းနိုင်ငံ အထွေထွေရွေး ကောက်ပွဲကို မတ်လ ၂၄ ရက်တွင် ကျင်းပရန် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာထား သည်။ ထို့ကြောင့် ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့က တရားမဝင် နိုင်ငံခြား လုပ်သားများကို ဖေဖော်ဝါရီ လဆန်းကစ၍ စစ်ဆေးဖမ်းဆီးရာ တရားမဝင် နေထိုင်လုပ်ကိုင်နေ သော မြန်မာလုပ်သားများ အများဆုံးဖမ်းဆီးခံနေရကြောင်း မြန်မာ အဖွဲ့အစည်းများကပြောသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သား ၁,၀၀၀ ခန့် ဖမ်းဆီးခံရ ကြောင်း မြန်မာအဖွဲ့အစည်းများ က ပြောသည်။ 

ဘန်ကောက်မြို့တွင် နေ ထိုင် အလုပ်လုပ်ကိုင်နေသော တရားမဝင် နိုင်ငံခြားသားများကို  အဓိကထားစစ်ဆေးဖမ်းဆီးနေ ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားအခွင့်အရေး မြှင့် တင်ရေးကွန်ရက် ဖောင်ဒေးရှင်း (LPN)အဖွဲ့မှ ကိုနိုင်နိုင်က ပြော ကြားသည်။

‘‘ရွေးကောက်ပွဲနီးလာလို့ စစ်ဆေးမှုတွေ၊ ဖမ်းဆီးတာတွေ လုပ်လာတာ’’ဟု ကိုနိုင်နိုင်က ပြောသည်။ 

ဖေဖော်ဝါရီ ၁၅ ရက်တွင် ထိုင်းရဲတပ်ဖွဲ့အပါအဝင် အဖွဲ့ ပေါင်းစုံက ဘန်ကောက်မြို့ရှိ နေရာအနှံ့အပြားသို့ ဝင်ရောက်စစ်ဆေးရာ တရားမဝင်နေထိုင် သော နိုင်ငံခြားသားလုပ်သား ၅၀၀ ကျော်စစ်ဆေးဖမ်းဆီးမိရာ ယင်းတွင် မြန်မာလုပ်သား ၂၀၀ ကျော် ပါဝင်ခဲ့သည်။ 

ဖေဖော်ဝါရီ ၁၄ ရက်က ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံ ကူးလက်မှတ်အတုနှင့် ဗီဇာအတု များပြုလုပ်နေသော နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံ သားနှစ်ဦး ဖမ်းဆီးခံရသည်။ ထို နေ့တွင်ပင် ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင်သို့ တရားမဝင် လာ ရောက်သော မြန်မာလုပ်သား ၁၃ ဦး ဖမ်းဆီးခံရသည်။ ထို့အပြင် ဖေ ဖော်ဝါရီ ၁၃ ရက်က ဘန်ကောက်မြို့၌ ဒိုဘီလုပ်ငန်းတွင် တရားမဝင်လုပ်ကိုင်နေသော မြန်မာလုပ် သား ၂၇ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ 

‘‘ရွေးကောက်ပွဲနီးလာရင် မြန်မာလုပ်သားတွေ သတိထား နေထိုင်ကြပါလို့ သတိပေးပြော ချင်တယ်။ သူတို့ပါတီတွေက အ ပြိုင်အဆိုင် ကြိုးပမ်းနေကြတယ်။ အာဏာပိုင်တွေကလည်း ပြဿ နာတွေဖြစ်မလာအောင် ကြပ်မတ်ပြီး စစ်ဆေးနေတာတွေ ပြုလုပ်နေတယ်’’ဟု ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း FED အဖွဲ့မှ ကိုမင်းဦးက ပြောသည်။ 

ထို့အပြင် ထိုင်းရဲတပ်ဖွဲ့ သည် လူကုန်ကူးမှုတိုက်ဖျက်ရေး ရက် ၉၀ စီမံချက်ကို ၂၀၁၈ ဒီဇင် ဘာ ၁ ရက်က စတင်ခဲ့ကြောင်း မြန်မာအဖွဲ့အစည်းများက ပြော သည်။ 

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း မြန်မာလုပ်သားလေးသန်းကျော် သွားရောက်အလုပ်လုပ်ကိုင်နေ သည်။ လက်ရှိတွင် ထိုင်းအစိုးရက တရားမဝင် နေထိုင်အလုပ်လုပ် ကိုင်နေသော မြန်မာလုပ်သားများ ကို ဖမ်းဆီးပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်နေသည်။ ၂၀၁၈ အတွင်း ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုး ကြောင့် ဖမ်းဆီးခံရပြီး နေရပ်ပြန်လည်ပို့ဆောင်ပေးခံရသည့် မြန်မာလုပ်သား ခုနစ်သောင်းကျော် ရှိခဲ့သည်။